အပျော်အပါး နှစ်သက်တာကတော့ လူတိုင်းရဲ့ သဘာဝပါပဲ။ သို့သော် အပျော် ကနေ အပျက် မဖြစ်သွားဖို့ ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းဖို့ လိုအပ်ပါတယ်။​ Nightlife မှာ ပျော်ပျော်ပါးပါး ပျော်တာရွှင်တာက လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းဖို့ လိုအပ်ပါတယ်။ ကိုယ်က လူပျိုလူလွတ်တစ်ယောက်ဖြစ်တယ်၊ ဘာအနှောင်အဖွဲ့မှ မရှိဘူးဆိုရင်တောင်မှ ကိုယ့်ကျန်းမာရေးကို ထည့်တွက်ပြီး စိတ်လိုက်မာန်ပါ မလုပ်ဆောင်မိဖို့ လိုအပ်ပါတယ်။

တကယ်လို့ ကိုယ်က Sex ကိစ္စကို ပါတနာ တစ်ယောက်ထက်ပိုပြီး လုပ်ဆောင်ချင်တယ် (သို့) ဘာ Commitment မှ မရှိဘဲ တစ်ညတာ ခင်မင်မှုမျိုး (One Night Stand) ကိုသာ နှစ်သက်တယ်ဆိုရင်လည်း ကိုယ့်ကျန်းမာရေးအတွက် သိထားသင့်တာ၊ ဆောင်ရန် ရှောင်ရန်တွေကို သိထားဖို့ လိုအပ်ပါတယ်။

အကာအကွယ် မဖြစ်မနေ အသုံးပြုပါ

အပျော် အပျက်

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများသည် ကုရာနတ္ထိ ဆေးမရှိပါဘူး။ ကိုယ့်ရဲ့ ပေါ့ဆမှုကြောင့် မတော်တဆ ကိုယ့်မှာ ထိုရောဂါ ရှိလာတဲ့အခါ ကိုယ့်ရဲ့ နောင်ရေးအတွက်လည်း စိတ်အေးရမှာမဟုတ်သလို၊ တစ်ချိန်မှာ အိမ်ထောင်ရက်သားကျပြီး သားသမီးတွေ ရလာတဲ့အခါမှာလည်း သားသမီးတွေရဲ့ နောင်ရေးအတွက် ရတက်မအေးရဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ တဒင်္ဂသတိလက်လွတ်နေတတ်မှုကြောင့် တစ်ဘဝစာလုံး မဆုံးရှုံးရလေအောင် အကာအကွယ် အသုံးပြုပြီးမှ လိင်ဆက်ဆံသင့်ပါတယ်။​

ပြင်ဆင်ထားပါ

အပျော် အပျက်

တကယ်လို့ ကိုယ်က လိင်ဆက်ဆံဖို့ အစီအစဥ်ရှိတယ်ဆိုရင် ဦးထုပ်ကို မဖြစ်မနေ ဆောင်ထားဖို့ လိုအပ်ပါတယ်။ သို့သော် စိတ်ကြွလာတဲ့အချိန်ဆိုတာလည်း ပြောရအခက်သားပါပဲလား။ ဘယ်သူကမှတော့ သွားလေရာရာ ဦးထုပ်ကြီး ကိုင်ပြီးတော့ မသွားကြပါဘူး။ ဒါပေမဲ့ ယနေ့ခေတ်လို ပွင့်လင်းမြင်သာတဲ့အချိန်မှာ Convenience Store တွေမှာ ကွန်ဒုံးတွေကို ရောင်းချပေးနေတာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အလွယ်တကူ ဝယ်ယူနိုင်ပြီမို့ ဝယ်ရမှာ မရှက်မကြောက်ဖို့ပဲ လိုအပ်ပါတယ်။

ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပါ

အပျော် အပျက်

ကျန်းမာရေး စစ်ဆေးမှုများကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။ အချို့ရောဂါများသည် ရောဂါလက္ခဏာ ချက်ချင်းမပြတတ်ဘဲ အကြာကြီးနေမှသာ ရောဂါလက္ခဏာ ပြကြတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ရောဂါကျွမ်းသွားမှ ကုသမှု ခံယူမယ်ဆိုရင် အချိန်နှောင်းသွားပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေး စစ်ဆေးမှုကို ချက်ချင်း ခံယူသင့်ပါတယ်။

မိမိစိတ်ကို ပြင်ဆင်ထားပါ

မိမိစိတ်ကို ပြင်ဆင်ထားပါ

ကိုယ်က စိတ်ရှိလက်ရှိကဲထားပြီးမှ ရလာတဲ့ အကျိုးဆက်ကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး စစ်ဆေးချက်မှာ ဘာမှမရှိဘူး ကင်းရှင်းတယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ဒါပေမဲ့ တကယ်လို့ စစ်ဆေးချက်အဖြေအရ Positive ဖြစ်လာခဲ့ရင်တောင်မှ ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း သေချာလိုက်နာမယ်ဆိုရင် လူ့သက်တမ်းစေ့ နေနိုင်ပါတယ်။ လိင်မှတဆင့် ကူးဆက်တတ်တဲ့ ရောဂါ (၈) မျိုး ရှိတဲ့အနက် ကာလသားရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ Chlamydia နှင့် Trichomoniasis ရောဂါ (၄) မျိုးကတော့ ကုသပျောက်ကင်းနိုင်ပြီး ကျန်ရောဂါ (၄) မျိုးဖြစ်တဲ့ HIV ၊ အသည်းရောင် အသားဝါ ဘီပိုး၊ HSV နှင့် HPV တို့ကတော့ မပျောက်ကင်းနိုင်တဲ့ ရောဂါတွေပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကွီးတို့အနေနဲ့ အပျော် ကနေ အပျက် မဖြစ်အောင် မိမိစိတ်ကို နိုင်အောင် ထိန်းဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေ သိသွားအောင်လို့ ညိုကီတို့ရဲ့ ဘော်ဒါတွေထဲက ပျော်တတ်ပါးတတ်တဲ့ ဘော်ဒါအချို့ကို မန်းရှင်းခေါ်ရင်း လက်တို့လိုက်ပါဦး။

Source: Helloclue

Featured Image: Freepik