လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်တဲ့ ညစ်ညမ်းရုပ်ရှင် အပြာကားတွေ ကြည့်တာဟာ အရွယ်ရောက်ပြီးသား သူတွေအတွက်တော့ ပုံမှန်ပဲလို့ ပြောရမှာပါ။ သို့သော် အပြာကား တွေက ကွီးတို့ရဲ့ ပြင်ပ လိင်မှုဘဝ Sex Life အပေါ် ဆိုးကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေတယ်ဆိုတာကိုလည်း သတိပြုမိဖို့ လိုပါမယ်။ ညစ်ညမ်းရုပ်ရှင် အပြာကားတွေကို အလွန်အကျွံ ကြည့်ဖြစ်တယ် ၊ စွဲစွဲလမ်းလမ်းကြီး ကြည့်နေမိတယ်ဆိုရင်တော့ ကွီးတို့အခုပြောပြမယ့် ပြဿနာလေးတွေ ကြုံတွေ့ရနိုင်ပါတယ်။

(၁) လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ ထားမိခြင်း

Couple Bedroom Problems

Photo : Men’s Health

The Canadian Journal of Human Sexuality ကနေ ထုတ်ဝေတဲ့ လေ့လာမှု စစ်တမ်းတစ်ခုအရ အမျိုးသားတွေဟာ အပြာကား တွေကို စွဲစွဲလမ်းလမ်း ကြည့်လာတာနဲ့အမျှ ညစ်ညမ်းရုပ်ရှင်တွေထဲက သရုပ်ဆောင် အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ပြီး သူတို့ရဲ့ ပါတနာအပေါ်မှာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ ထားမိလာတယ်လို့ ဆိုထားပါတယ်။ ညစ်ညမ်းရုပ်ရှင် အများစုဟာ ဖျော်ဖြေရေး သပ်သပ် ဖန်တီးထားတဲ့ ပြကွက်တွေကို တင်ဆက်ထားတာ ဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့တော့ အသာကြီး ကွာခြားပါတယ်။ ရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေအတိုင်း ပြင်ပလက်တွေ့ဘဝမှာပါ လိုချင်နေရင်တော့ ဒါဟာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်သာ ဖြစ်ပြီး ပါတနာနဲ့ ဆက်ဆံရေး ထိခိုက်ပျက်ပြားကာ အရည်အသွေးညံ့ဖျင်းတဲ့ လိင်မှုဘဝဆီသို့ ဦးတည်သွားတာတွေ ဖြစ်လာနိုင်ပါတယ်။

(၂) အိပ်ရာထဲမှာ အထွတ်အထိပ် ခံစားမှုရနိုင်ခြေကို ကျဆင်းစေခြင်း

Couple Bedroom Problems

Photo : Freepik

Canada’s Universite Laval မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုမှာတော့ အပြာကား တွေထဲက ညစ်ညမ်းပြကွက်တွေကို ကြည့်တာဟာ ခန္ဓာကိုယ်အတွင်းက ဒိုပါမင်း (Dopamine) ဟော်မုန်း အတက်အကျကို ပြောင်းလဲစေနိုင်တယ်လို့ ဆိုထားပါတယ်။ နားလည်လွယ်အောင် ပြောရမယ် ဆိုရင်တော့ ကွီးတို့ ပါတနာနဲ့ ချစ်တင်းနှော နေချိန်မှာ လက်တလော ကြည့်ထားတဲ့ ညစ်ညမ်းရုပ်ရှင်တွေထဲက ပြကွက်တွေကို ပြန်လည်မြင်ယောင် မိနေမယ်ဆိုရင် အော်ဂဇင် ရရှိဖို့ ဦးနှောက်ကို အချက်ပြမှုစနစ်တွေ ပေးပို့ပေးနေတဲ့ ဒိုပါမင်း (Dopamine) ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေနိုင်တာကြောင့် လက်ရှိ ချစ်တင်းနှောခြင်းကနေ ရရှိနေတဲ့ ပျော်ရွှင်တဲ့ စိတ်ခံစားချက် အရင်းအမြစ်တွေကို ဦးနှောက်ကနေ တုံ့ပြန်မှုကောင်းကောင်း မပြုလုပ်နိုင်တော့ပဲ အထွတ်အထိပ် ရောက်ရှိဖို့ ခက်ခဲသွားတာ ၊ အော်ဂဇင် မရတာတွေ ကြုံတွေ့ရနိုင်တာ ဖြစ်ပါတယ်။

(၃) ပါတနာအပေါ်စိတ်ဝင်စားမှု လျော့နည်းလာခြင်း

Couple Bedroom Problems

Photo : Pond5

လိင်မှုကိစ္စ ဆိုတာဟာ အမှန်မှာ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ကတစ်ဝက် ၊ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်ဆွဲငင် အားကတစ်ဝက် ဖြစ်ပါတယ်။ သင်နဲ့ သင့်ပါတနာကြားမှာ ရုပ်ရောစိတ်ပါ ဟန်ချက်ညီမျှမှု ရှိမှသာ ကောင်းမွန်တဲ့ လိင်မှုဆိုင်ရာ ခံစားချက်ကို ရရှိစေမှာ ဖြစ်ပြီး ဒါဟာ လိင်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ Journal of Social and Clinical Psychology ရဲ့ လေ့လာမှုတစ်ခုကတော့ အပြာကား အကြည့်များသူတွေဟာ ပါတနာအပေါ် စိတ်ပါဝင်စားမှု လျော့နည်းလာတက်ကြပြီး ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ရော ၊ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုပါ ပျက်ပြားကာ လိင်မှုဘဝကို အကြီးအကျယ် ထိခိုက်လာစေနိုင်တယ်လို့ ပြောဆိုသတိပေး ထားပါတယ်။

Source : Healthshots

Featured Photo : The Good Men Project