အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ပါးရေတွန်းခြင်း၊ အရေးအကြောင်းထခြင်း၊ ဆံပင်ဖြူခြင်းတွေက တစ်စ တစ်စ လက္ခဏာပြလာမှာပဲဖြစ်ပါတယ်။ ဒါသည် ပုံမှန် သဘာဝ တရားတစ်ခုပါပဲ။ ဇရာကို ဘယ်သူကမှ မလွန်ဆန်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်က အဘိုးအို တစ်ယောက်လည်း မဖြစ်သေးပါဘဲနဲ့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆံပင်ဖြူ နေရင်တော့ ပုံမှန်မဟုတ်ပါဘူး။

အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေခြင်းက အလှအပကိုလည်း ထိခိုက်စေနိုင်သလို အချို့လူတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ ပျောက်ဆုံး သွားတတ်ကြပါတယ်။ ဒါပေမဲ့လည်း ယနေ့ခေတ်မှာ ဖြူနေတဲ့ ဆံပင်တွေကို ဆေးပြန်ဆိုးဖို့ဆိုတာက အလွယ်လေးပါပဲ။ သို့သော် မကြာခဏဆိုသလို ဆံပင် ဆေးဆိုးခြင်းက ကျန်းမာရေးအတွက် မကောင်းတာတော့ အမှန်ပါပဲ။

ဘာ့ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အဘိုးအို တစ်ယောက်လို ဆံပင်ဖြူ နေရသလဲ။

အဘိုးအို ဆံပင်ဖြူ

ဒီလိုဖြစ်ရခြင်းက အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို အဝလွန်ခြင်း၊ ဆေးလိပ် အလွန်အကျွံ သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဗီတာမင်ဓာတ် ချို့တဲ့ခြင်း၊ အရေပြား ရောဂါများ ခံစားနေရခြင်း အစရှိတဲ့ အကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါတယ်။

ဆံပင်ကို မကြာခဏ ဆေးဆိုးခြင်းက ဆံသားကို ထိခိုက်ပျက်စီးစေတဲ့အပြင် ဦးရေပြားအတွက်လည်း အန္တရာယ် များပါတယ်။ ဒါဆိုရင် သဘာဝအလျောက် ဆံပင် ပြန်လည်မဲနက်သွားအောင် လုပ်လို့ရော မရဘူးလား။

ရတာပေါ့။

အခုဖော်ပြပေးမယ့် နည်းလမ်းများကတော့ ဓာတုပစ္စည်းများ ပါဝင်တဲ့ ဆိုးဆေးတွေ အသုံးမပြုဘဲ သဘာဝအလျောက် ဆံကေသာ ပြန်လည်မဲနက်သွားအောင် ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။

လက်ဖက်ခြောက် အသုံးပြုပါ

အဘိုးအို ဆံပင်ဖြူ

ရေ တစ်ဖန်ခွက်ခန့်ကို ပွက်ပွက်ဆူအောင် တည်ထားပါ။ ထို့နောက် လက်ဖက်ခြောက် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် အအေးခံထားလိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ပြီးတဲ့နောက်မှာ စောစောက အအေးခံထားတဲ့ လက်ဖက်ရည်နှင့် ဆေးချလိုက်ပါ။ ထို့နောက် သဘာဝအတိုင်း အခြောက်ခံလိုက်ပါ။ လက်ဖက်ရည်သည် ဆံကေသာကို အရင်းကနေ ပြန်လည် နက်မှောင် သန်စွမ်းလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ လက်ဖက်ခြောက်ထဲတွင် ပါဝင်တဲ့ ကာဖိန်းဓာတ်ထဲတွင် Anti-Oxidants များလည်း ကြွယ်ဝစွာ ပါဝင်လို့ပါ။ ဒီနည်းလမ်း အသုံးပြုမယ်ဆိုရင်တော့ ဆံကေသာက နက်မှောင်သန်စွမ်းလာပြီး ဆံပင်ဖြူတွေလည်း တဖြည်းဖြည်း ပျောက်သွားမှာပဲဖြစ်ပါတယ်။

ပျဥ်းတော်သင်အရွက် အသုံးပြုပါ

အဘိုးအို ဆံပင်ဖြူ

ဆီ ပန်းကန်လုံး တစ်လုံးစာခန့်ကို ပွက်ပွက်ဆူအောင် ထားပြီးနောက် ပျဥ်းတော်သင်အရွက် ပန်းကန်လုံး တစ်လုံးစာခန့် ထည့်ပါ။ ပျဥ်းတော်သင်အရွက်များ အမဲရောင် ပြောင်းသွားသည်အထိ တည်ထားရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါ အရွက်များကို စစ်ထုတ်ပြီး ရရှိလာတဲ့အရည်ကို သေသေချာချာ သိမ်းထားပါ။ ပြီးရင်တော့ တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ခန့်အထိ လိမ်းကျံနိုင်ပါတယ်။ တစ်ခါလိမ်းရင် တစ်ညလောက် နှပ်ထားပေးဖို့ လိုပါတယ်။

ပျဥ်းတော်သင်အရွက်ထဲတွင် ဗီတာမင်အီး ပါဝင်ပြီး ထိုဗီတာမင်အီးသည် ဆံပင် မွှေးညှင်းပေါက်များကို ပြန်လည်သန်မာစေပြီး ဆံပင် ရောင်ခြယ်များကို ပြန်လည် အားကောင်းလာဖို့ ကူညီပေးပါတယ်။

ကြက်သွန်နီ အသုံးပြုပါ

onion and lemon

Photo: Lifeberrys

ကြက်သွန်နီကို အရည်များ ရလာအောင် ပြုလုပ်ပါ။ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်ဆို ရပါပြီ။ ထို့နောက် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အရည်ကို ဦးရေပြားပေါ် လိမ်းကျံပြီးနောက် သေသေချာချာ နှိပ်နယ်ပေးလိုက်ပါ။ နာရီဝက်ခန့်ကြာမှ ခေါင်းလျှော်ချလိုက်ပါ။

ဒီနည်းလမ်းများကတော့ ဆံပင်ဖြူတွေကို သဘာဝအတိုင်း ပြန်လည်နက်မှောင် သန်စွမ်းလာအောင် ပြုလုပ်ပေးမယ့် နည်းလမ်းကောင်းများပဲဖြစ်ပါတယ်။

ဒီနည်းလမ်းတွေက အသုံးတည့်တယ်ဆိုရင် ဆံပင်ဖြူလို့ စိတ်ညစ်နေရတဲ့ ဘော်ဒါတွေကိုလည်း ဝေမျှပေးခဲ့လိုက်ပါဦး။

Source: Bebeautiful

Featured Image: Traya