နည်းပညာတွေ တိုးတတ်ဖွံ့ဖြိုးလာတာနဲ့ အမျှ စျေးကွက်ထဲမှာ စွမ်းဆောင်ရည်မြင့် Mouse တွေကလည်း မော်ဒယ်မျိုးစုံ၊ Brands မျိုးစုံ ရှိနေပါတယ်။ Mouse အသစ်လဲဖို့ စဉ်းစားနေတဲ့ ကွီးတို့လည်း အမျိုးအစားများစွာထဲက ဘာကို ရွေးချယ်ရမလဲ စဉ်းစားရခက်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် ရွေးချယ်ရလွယ်ကူစေရန်ဖို့ အမိုက်စား Mouse များ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Logitech MX Master 3

အမိုက်စား Mouse

Photo : Joom

အခုဖော်ပြပေးချင်တဲ့ အကောင်းဆုံးသော အမိုက်စား Mouse တစ်ခုကတော့ Logitech MX Master 3 ပဲဖြစ်ပါတယ်။ ဒီ Mouse ရဲ့ ဒီဇိုင်းက သက်တောင့်သက်သာရှိပြီး တီထွင်ဆန်းသစ်ထားတဲ့ Scroll Wheel ပါရှိပါတယ်။ တကယ်ကို အသုံးဝင်တဲ့ ခလုတ် ၆ ခုပါရှိပါတယ်။ အလေး ချိန်ကလည်း ၅ အောင်စ သာရှိတာကြောင့် ပေါ့ပါးသွက်လက်မှာ အသေအချာပါပဲ။

(၂) Logitech M325

အမိုက်စား Mouse

Photo : Office Supply Hut

Logitech M325 ကတော့ Wireless Mouse ဖြစ်ပြီး အလေးချိန်ကတော့ ၃.၃ အောင်စရှိတာကြောင့် တော်တော်ကို ပေါ့ပါးပါတယ်။ သူ့မှာ ခလုတ် ၃ ခုပါရှိပါတယ်။

(၃) Microsoft Bluetooth Ergonomic Wireless Mouse

 မောက်စ်

Photo : CDW

ဒီ Mouse ကလည်း Wireless Mouse ဖြစ်တဲ့ အပြင် ဘတ်ထရီသက်တမ်း ကလည်း ကြာကြာခံပါတယ်။ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းကြောင့် လုပ်ငန်းခွင်မှာ သုံးချင်တဲ့ ကွီးတို့အတွက် တကယ်ကိုအကြိုက်တွေ့စေမှာပါ။ ချိတ်ဆက်မှုလည်း အားကောင်းပါတယ်။ သူ့မှာလည်း ခလုတ် ၆ ခု ပါရှိပါတယ်။

(၄) SteelSeries Rival 3

MICE

Photo : SteelSeries

Mouse အသစ်လဲဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် အမိုက်စား Mouse လေးတစ်ခုကတော့ SteelSeries Rival 3 ပဲဖြစ်ပါတယ်။ ဒီ Mouse လေးက စွမ်းဆောင်ရည် မြင့်မားလို့ ကွီးတို့ အနေနဲ့ ဂိမ်းဆော့ဖို့ပဲ သုံးသုံး၊ အလုပ်အတွက်ပဲ သုံးသုံး အဆင်ပြေစေမှာပါ။ သူ့ရဲ့ အလေးချိန်ကတော့ ၂.၇ အောင်သာရှိပြီး ခလုတ် ၆ ခုပါရှိပါတယ်။

(၅) Razer Pro Click

MICE

Photo : HCG-shop.com

နောက်ထပ်ဖော်ပြချင်တဲ့ Mouse တစ်ခုကတော့ တစ်ထိုင်တည်း နာရီပေါင်းများစွာ ကွန်ပျူတာသုံးသူများအတွက် တကယ်ကို သင့်တော်တဲ့ Razer Pro Click ပဲဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း တစ်ခုထက်ပိုတဲ့ စက်များနဲ့လည်း ချိတ်ဆက်နိုင်တော့ တစ်ကယ်ကို အဆင်ပြေပါတယ်။ သူ့မှာ ခလုတ် ၈ ခု ပါရှိပါတယ်။

ကွီးတို့‌‌ရေ အခုဖော်ပြပေးလိုက်တာကတော့ Mouse ဝယ်ဖို့စဉ်းစားနေတဲ့ ကွီးတို့ ရွေးချယ်ရလွယ်ကူ စေဖို့ အမိုက်စား Mouse များကို ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။

Source : Tom’s Guide

Featured Photo : How To Greek