အမေ့သန် တဲ့ ကွီးနဲ့ စိတ်ကောက် လွန်းတဲ့ ရှော်တီလေးတို့ တစ်ယောက်နဲ့ တစ်ယောက် ရေစက်ဆုံပြီး ချစ်ကြိုက်ကြတဲ့အခါ ထိုအချစ်က ထာဝစဥ် တည်တံ့ခိုင်မြဲမယ်လို့ ထင်ပါသလား။

တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်အောင် ချစ်တယ်၊ တစ်ယောက်ရဲ့ အမေ့သန် တတ်တဲ့အကျင့်ကို တစ်ယောက်က သည်းခံနိုင်ပြီး အခြားတစ်ယောက်ရဲ့ စိတ်ကောက် တတ်လွန်းတဲ့အကျင့်ကို ချော့ရတာ မမောဘူးဆိုရင်တော့လည်း ထာဝစဥ် လက်တွဲနိုင်မှာပေါ့လေ။

ဒီလိုမျိုး တစ်ယောက်က မေ့လိုက်၊ တစ်ယောက်က စိတ်ကောက်လိုက်နဲ့ သံသရာလည်နေတဲ့ အဖြစ်မျိုးကနေ ခဏလောက် ရုန်းထွက်ချင်တယ်ဆိုရင်တော့ ကွီးတို့အတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

(၁) Google Calendar အသုံးပြုပါ

Google Calendar

ကွီးတို့ရဲ့ ရှော်တီလေးက ကွီးတို့ အလုပ်များတဲ့အချိန်၊ စိတ်ဖိစီးမှုတွေ ပုံနေတဲ့အချိန်တွေမှာ ရံဖန်ရံခါ မေ့တတ်တာလောက်ကိုတော့ လျော်ပေးလိုက်မှာပါ။ ဒါပေမဲ့ အမြဲတမ်း အမေ့သန်နေမယ်ဆိုရင်တော့ ကွီးတို့ ကောင်မလေးလည်း စိတ်ညစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ Google Calendar ကို အသုံးပြုပါလို့ပဲ အကြံပေးချင်ပါတယ်။ ဒါမှ သတ်မှတ်ထားတဲ့ရက် ရောက်လာတဲ့အခါ ကွီးတို့ ကောင်မလေးရဲ့ ရွှေစိတ်တော် မညှိုးရမှာဖြစ်ပါတယ်။

(၂) ဖုန်းမှာ Alarm ပေးထားပါ

အမေ့သန် စိတ်ကောက်

ဘယ်နေ့ ဘယ်ရက်မှာ ဘယ်နှနာရီ ချိန်းထားသလဲဆိုတာကို တိတိကျကျ Alarm ပေးထားပါ။ ကြိုပြီး Alarm ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ ညနေ ၅ နာရီ ချိန်းထားတာကို ၅ နာရီမှ Alarm ပေးထားတယ်ဆိုရင် ဘယ်အချိန် ထသွားမှာလဲ။ ဒါ့ကြောင့် ချိန်းထားတယ်ဆိုရင် ချိန်းထားတဲ့အချိန်၊ ပြင်ရ ဆင်ရတဲ့အချိန်နဲ့ သွားလာရတဲ့ အချိန်တွေကို ကြိုတွက်ပြီး Alarm ပေးဖို့ လိုအပ်ပါတယ်။

(၃) နေ့စွဲတွေကို သေချာမှတ်ထားပါ

အမေ့သန် စိတ်ကောက်

ဘယ်နေ့ ဘယ်လကတော့ သူ(မ)ရဲ့ မွေးနေ့၊ ဘယ်နေ့ ဘယ်လကတော့ နှစ်ဦးးသားရဲ့ နှစ်ပတ်လည်နေ့ အစရှိတဲ့ နေ့စွဲတွေကို မှတ်စုထဲမှာ သေသေချာချာ ချမှတ်ထားလိုက်ပါ။ ချမှတ်ထားရုံနဲ့ မပြီးသေးပါဘူး။ ကွီးတို့ မေ့လောက်တယ် ထင်တဲ့အချိန်မှာ ၁၀ တန်းတုန်းက စာကျက်သလိုမျိုး အပြန်ပြန် အလှန်လှန် ထပ်ကာ ထပ်ကာ ပြန်နွှေးပါ။ ဒါဆိုရင်တော့ တစ်သက်လုံးတောင် မေ့တော့မှာမဟုတ်ပါဘူး။

(၄) ကိုယ့်ကောင်မလေးကို သတိပေးရမယ့် တာဝန်ပေးထားပါ

အမေ့သန် စိတ်ကောက်

နောက်ဆုံး အစွမ်းအထက်ဆုံး နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ကိုယ် မေ့တာက ကိုယ့်ကြောင့်မဟုတ်ဘဲ သူ(မ)ကြောင့်ဆိုတဲ့ တန်ပြန်နည်း အသုံးပြုရမှာပဲဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်တော့ ကွီးတို့က အစကတည်းက သူ(မ)ကို တာဝန်ပေးထားရမှာဖြစ်ပါတယ်။ အစကတည်းက “ကိုယ်က အရမ်း အမေ့သန်တာ၊ နှစ်ပတ်လည်နေ့ နီးလာတဲ့အခါ၊ မွေးနေ့ နီးလာတဲ့အခါ (သို့) အမှတ်တရ နေ့ (သို့) နေ့ထူးနေ့မြတ် တစ်ရက်ရက်နဲ့ နီးလာပြီဆိုရင် ကိုယ့်ကို သတိပေးပါ” ဆိုပြီး တာဝန်ပေးထားလိုက်ပါ။ ကွီးတို့က သူတို့ သတိပေးတဲ့အချိန်မှာ ကြိုတင် ပြင်ဆင်စရာရှိတာတွေ ပြင်ထားလိုက်ပါ။ ကိတ်မုန့် မှာတာပဲဖြစ်ဖြစ်၊ ပန်းစည်း မှာတာပဲဖြစ်ဖြစ် လုပ်စရာရှိတာတွေ လုပ်ထားလိုက်ပါ။ ပြီးရင် Delivery နဲ့ပဲဖြစ်ဖြစ် သူ(မ) အိမ်ကို ပို့တာပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်ကို အရင်ပို့ပြီးမှ သူ(မ)ဆီကို လူကိုယ်တိုင် သွားပို့တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ သူ(မ)က သတိပေးဖို့ မေ့သွားလို့ ကွီးတို့က နှစ်ပတ်လည်နေ့ကို မေ့သွားတယ်ဆိုလည်း ကွီးတို့ရဲ့ အပြစ်က လွတ်သွားတာပေါ့။

ကွီးတို့ရော အမြဲတမ်း အမေ့သန် တတ်ပြီး စိတ်ကောက် လွန်းတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတယ်ဆိုရင် ဘယ်လိုမျိုး အကြံဥာဏ်တွေ ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်သုံးပါမလဲ။

Source: Hernorm

Featured Image: lovedevani