အမျိုးသားတွေနည်းတူ အမျိုးသမီး တွေလည်း လိင်စိတ်သာယာမှု ၊ လိင်မှုဆိုင်ရာ ခံစားမှုတွေကို လိုချင်တပ်မက်မှု ရှိကြပါတယ်။ ဒါဟာ သဘာဝပါပဲ။ ကွီးတို့ အိမ်မှာ တစ်ယောက်တည်းရှိတဲ့အချိန် အပြာရုပ်ရှင်တွေ ကြည့်သလို ၊ တစ်ကိုယ်ရည် အာသာဖြေသလို အမျိုးသမီးတွေလည်း လိင်စိတ်ဆန္ဒ ပြင်းပြလာချိန်မှာ သူ့နည်းသူ့ဟန်နဲ့ သာယာမှုကို ရှာကြပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေ တစ်ယောက်တည်းရှိတဲ့အချိန် လိင်စိတ်ဆန္ဒ နိုးကြားလာတဲ့အခါ ဘာတွေလုပ်ဖြစ်ကြလဲဆိုတဲ့ လျို့ဝှက်ချက်အချို့ကို ပြောပြပေးပါမယ်။
(၁) အပြာရုပ်ရှင်တွေ ကြည့်တယ်
Photo : The Bridgehead
သေချာတာပေါ့။ အပြာရုပ်ရှင်တွေဟာ အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီး မရွေး ကြည့်ကြတာပါပဲ။ အမျိုးသမီးတွေအနေနဲ့တော့ လိင်မှုကိစ္စအပေါ် စူးစမ်းလိုစိတ်ကြောင့်ရော ၊ တစ်ကိုယ်ရည် လိင်မှုဆိုင်ရာ သာယာမှုကို ရှာဖွေလိုတာရောကြောင့် တစ်ယောက်တည်း ရှိတဲ့ အချိန်တွေမှာ အပြာရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ဖြစ်ကြတာပါ။
(၂) အဖော်အချွတ်ပုံတွေ ရိုက်ကြတယ်
Photo : MindBodyGreen
ဒါဟာ ထူးဆန်းတယ်လို့ ထင်ရပေမယ့် အမှန်တကယ် ဟုတ်ပါတယ်။ မိန်းကလေးတွေက အိမ်မှာ တစ်ယောက်တည်း ရှိတဲ့အချိန် သူတို့ကိုယ်သူတို့ Sexy ဆန်ဆန် အဖော်အချွတ်ဓာတ်ပုံတွေ ရိုက်ကူးလေ့ ရှိကြပါတယ်။ တခြားသူတွေကို ဝေမျှဖို့ စိတ်ကူးကတော့ လူတိုင်းရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေက ဆွဲဆောင်မှုရှိတယ် ၊ Sexy ကျတယ်ဆိုတာကို ဓာတ်ပုံတွေ ရိုက်ကူးပြီး ကိုယ့်ကိုယ့်ကိုယ် စိတ်ကျေနပ်မှု ရှာဖွေကြတာ ဖြစ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် ပွတ်သပ်ကြတယ်
Photo : Carmesi
အမျိုးသမီး တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကိုယ်တိုင် ပွတ်သပ်ခြင်းဖြင့် သာယာမှုကို ရှာဖွေကြပါတယ်။ အထူးသဖြင့် တစ်ယောက်တည်း ရှိနေတဲ့အချိန် ၊ လိင်စိတ်ရမက်တွေ နိုးကြားနေချိန်မှာပါ။ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင်ပွတ်သပ် နှိုးဆွတာဟာ စိတ်လှုပ်ရှားစရာကောင်းပြီး လိင်စိတ်သာယာကျေနပ်မှုကို ပြည့်ပြည့်ဝဝ ခံစားနိုင်တယ်လို့ အများစုက လက်ခံထားကြပါတယ်။
(၄) ညည်းညူကြတယ်
Photo : Cosmos Magazine
ဆက်ဆံဖော် အမျိုးသား ပါတနာနဲ့အတူ လိင်မှုဆိုင်ရာ လှုပ်ရှားတွေ လုပ်ဆောင်ချိန်မှာသာ အသံထွက်ဖို့ ရှက်ကောင်းရှက်နိုင်တာပါ။ အမျိုးသမီး တွေဟာ တစ်ကိုယ်တည်း ရှိနေချိန်မှာတော့ လိင်စိတ်ခံစားချက်အလိုက် ညည်းညူသံတွေ ထုတ်ဖော်ညည်းတွားလေ့ ရှိကြပါသတဲ့။ ညည်းညူသံတွေက သူတို့ကိုယ်သူတို့ ပိုပြီး စိတ်ပါစေသလို အထွတ်အထိပ် ခံစားမှုကိုလည်း လျင်လျင်မြန်မြန် ရောက်စေတယ်လို့ ဆိုပါတယ်။
Source : MensXP
Featured Photo : Salon.com