အမျိုးသမီး တွေရဲ့ လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု စိတ်အားထက်သန်မှုဟာ ရိုးရှင်သယောင်နဲ့ ရှုပ်ထွေးနက်နဲတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ Sex Drive ဟာ အမျိုးသားတွေနဲ့မတူပဲ တစ်ခါတစ်ရံမှာ အနည်းငယ် ပဟေဠိဆန် နေတက်ပါတယ်။ အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ လူမျိုးရေး အယူအဆတွေကစလို့ ကျန်းမာရေး နောက်ခံအခြေအနေတွေ ၊ မိမိကိုယ့်ကိုယ် တန်ဖိုးထားမှုတွေနဲ့ ပတ်သတ်ပြီး အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ၊ လိင်မှုကိစ္စတက်ကြွလှုပ်ရှားမှုတွေဟာ တစ်ယောက်နဲ့တစ်ယောက် အမျိုးမျိုးကွဲပြားနိုင်ခြေ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘယ်အရာတွေက အမျိုးသမီးတွေရဲ့ Sex Drive အပေါ် လွှမ်းမိုးမှုရှိလဲ ၊ ဘာတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ အပေါ် သက်ရောက်မှု ရှိလဲဆိုတာ ဆွေးနွေးပေးချင်ပါတယ်။

(၁) ချစ်တင်းနှော ချိန်မှာကြုံတွေ့ရတဲ့ နာကျင်မှု

Bad Sex

Photo : The Irish Time

အမျိုးသမီး အများစုဟာ ချစ်တင်းနှော ချိန်အတွင်းမှာ ကြုံတွေ့ရတဲ့ နာကျင်မှု ခံစားရခြင်း သို့မဟုတ် အထွတ်အထိပ် ခံစားမှုမရောက်ခြင်း စတဲ့ အချက်တွေကြောင့် လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှုလျော့နည်းတက်ပါတယ်။ ချစ်တင်းနှောတဲ့အခါ သာယာပျော်ရွှင်တဲ့ ခံစားချက်ကို မရတဲ့အခါ ဒါမှမဟုတ် နာကျင်မှုဝေဒနာ အမြဲကြုံတွေ့ ခံစားနေရတဲ့အခါတွေမှာ လိင်မှုဆိုင်ရာလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ရှောင်ကြဉ်လာတက်ကြပြီး လိင်မှုကိစ္စအပေါ်မှာ စိတ်အားထက်သန်မှုဟာလည်း နည်းပါးနေတက်ပါတယ်။

(၂) ဆေးဘက်ဆိုင်ရာ အခြေအနေ

Bad Sex
Photo : MedicalNewsToday

ဒါကတော့ အမျိုးသားတွေမှာလည်း အတူတူပါပဲ။ ဆေးဖက်ဆိုင်ရာ နောက်ခံအကြောင်းအရင်း အချို့ဟာ လိင်မှုဆိုင်ရာ တက်ကြွလှုပ်ရှားမှု ၊ လိင်စိတ်ဆန္ဒအပေါ် များစွာ အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ကင်ဆာ ၊ ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါတို့လို ကျန်းမာရေး အခြေအနေတွေဟာ လိင်စိတ်တက်ကြွမှုကို လျော့ပါးစေပြီး အဆိုပါ ဆေးဘက်ဆိုင်ရာ အခြေအနေတွေနဲ့ ဆက်စပ်တဲ့ ခွဲစိတ်ကုသမှုတွေ ၊ မှီဝဲရတဲ့ ဆေးဝါးတွေဟာ အမျိုးသမီး တွေရဲ့ Sex Drive အပေါ် များစွာ အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

(၃) သွေးဆုံးချိန်

Bad Sex
Photo : The Body

အမျိုးသမီး တွေမှာ လိင်စိတ်တက်ကြွမှု အားလျော့စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အသက်အရွယ်နဲ့ သွယ်ဝိုက်ဆက်စပ်နေတာပါ။ အမျိုးသမီး အများစုဟာ အသက် ၄၂ နှစ်ကနေ ၄၅ နှစ်အတွင်းမှာ သွေးဆုံးတက်ပြီး ဒီအသက်အရွယ်မှာ သူတို့ရဲ့ အီစထရိုဂျင် ဟော်မုန်း ပမဏအဆင့် လျော့ကျသွားတက်တာကြောင့် လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှုဟာ နည်းပါးသွားတတ်တာ ဖြစ်ပါတယ်။

(၄) စိတ်ပိုင်းဆိုင်ရာ အခြေအနေ

Bad Sex

Photo : The Independent

ချစ်တင်းနှော တယ်ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုသပ်သပ် မဟုတ်ပါဘူး။ သင်နဲ့ သင့်ပါတနာကြားမှာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရှိတဲ့ အခြေအနေကို တည်ဆောက်ထားနိုင်မှသာလျှင် သာယာပျော်ရွှင်ပြီး ကျေနပ်ဖွယ်ရာ အခိုက်အတန့်ကောင်းတစ်ခုကို ရရှိစေမှာပါ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းချိတ်ဆက်မှု အားနည်းမယ် ၊ တစ်ယောက်အကြိုက်ကိုတစ်ယောက် မသိဘူး ၊ သူဘာလိုချင်တယ် ကိုယ်ဘာပေးနိုင်လဲဆိုတာတွေကို နားမလည်ရင် လိင်မှုကိစ္စမှာ ဆိုးတဲ့ Bad Experiences တွေသာ ရရှိမှာဖြစ်ပြီး လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှု ၊ စိတ်ဝင်စားမှုတွေလည်း တဖြည်းဖြည်း ကျဆင်းလာနိုင်ပါတယ်။

Source : My Fit Brain

Featured Photo : The Irish Independent