အမျိုးသမီးတွေ ဘယ်အချိန်မှာ စိတ်ပါလဲ ၊ လိင်စိတ်နိုးကြားမှု အမြင့်ဆုံးလဲဆိုတာ ကွီးတို့ သိပါသလား? အမျိုးသားနဲ့ အမျိုးသမီးတွေမှာ တစ်နေ့တာအတွင်း လိင်စိတ်အပါဆုံး အချိန်တွေက မတူနိုင်ပါဘူး။ သေချာတာ တစ်ခုကတော့ အမျိုးသမီး တွေရဲ့ စိတ်အပါဆုံး အချိန် ၊ လိင်စိတ်နိုးကြားမှု ပုံစံတွေရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာအချက်တွေ အများကြီး ရှိနေပါတယ်။
Photo : MindBodyGreen
အရွယ်ရောက်ပြီးသူ အမျိုးသမီး ၂,၃၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာတော့ ၇၀ ရာခိုင်နှုန်းနီးပါးလောက်က သူတို့ရဲ့ လိင်စိတ်တက်ကြွမှုဟာ တစ်နေ့တာ အတွင်းမှာ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး အမျိုးမျိုးတက်လိုက်ကျလိုက်နဲ့ ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ လက်တွဲဖော် ပါတနာနဲ့ လိင်စိတ်နိုးကြားမှုဟာ တစ်ချိန်တည်းမှာ ထပ်တူကျတာမျိုး ရှားပါတယ်။
ယေဘုယျအားဖြင့် အမျိုးသားတွေက မနက်ခင်း ၆ နာရီကနေ ၉ နာရီအတွင်း ချစ်တင်းနှောခြင်းနဲ့ တစ်နေ့တာကို စတင်ဖို့ နှစ်သက်ကြပြီး အမျိုးသမီးတွေကတော့ ည ၁၁ နာရီကနေ သန်းခေါင်ယံ ၂ နာရီကြားမှာ လိင်ကိစ္စလုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် အမျိုးသားတွေဟာ မနက်ခင်း ၇ နာရီ ၅၄ မိနစ်မှာ လိင်စိတ်အကြွဆုံး ဖြစ်ပြီး အမျိုးသမီးတွေကတော့ ည ၁၁ နာရီ ၂၁ မိနစ်မှာ လိင်စိတ် အပြင်းထန်ဆုံး ဖြစ်ပါတယ်။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြား လိင်စိတ်နိုးကြားမှုပုံစံ ၊ အချိန်တွေ ကွဲပြားတာဟာ အဓိကအားဖြင့် ဟော်မုန်းဆိုင်ရာ အခြေအနေတွေကြောင့်လို့ ပြောရမှာပါ။ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်းအဆင့်ဟာ မနက်ခင်းမှာ အမြင့်ဆုံးဖြစ်ပြီး အမျိုးသမီး တွေကတော့ တစ်နေ့တာအတွင်းမှာ နည်းနည်းချင်းစီ တိုးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ ရာသီစက်ဝန်းအပေါ် မူတည်ပြီးလည်း ဟော်မုန်းအဆင့် ကွဲပြားနိုင်သလို အမျိုးသမီးတွေရဲ့ လိင်စိတ်တက်ကြွမှုဟာ တစ်နေ့တာအချိန် တစ်ခုတည်းသာမက အခြားလွှမ်းမိုးနေတဲ့ အချက်များစွာလည်း ရှိနေပါတယ်။
Photo : WFTV
ပြောရမယ်ဆိုရင် အမျိုးသမီးတွေရဲ့ Libido ဟာ အမျိုးသားတွေလောက် မရိုးရှင်းပါဘူး။ တော်တော်လေး ရှုပ်ထွေးတယ်လို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဟာ အဓိကအကျဆုံး ဖြစ်ပါတယ်။ တခါတလေမှာတော့ လိင်ကိစ္စ လုပ်ဆောင်ချိန်မှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ ပါတနာနဲ့ အကြိုနှိုးဆွမှု Foreplay အဆင့်ကို မလုပ်ဘူးဆိုရင် ဘယ်လိုမှ လိင်ဆက်ဆံဖို့ စိတ်မပါဘူး ဖြစ်တက်ပါတယ်။ ဒါကြောင့် အမျိုးသမီး တွေအတွက် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု ၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေဟာ အရေးပါသလို လိင်စိတ်နိုးကြားအဖြစ်ဆုံး အချိန်ဟာလည်း အရေးကြီးတာ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ချစ်သူပါတနာနဲ့ ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံကို ရချင်တယ် ဒါမှမဟုတ် ပါတနာအတွက် ကောင်းမွန်တဲ့ လိင်စိတ်အထွတ်အထိပ် ခံစားချက်ကို ပြည့်ပြည့်ဝဝ စွမ်းဆောင်ပေးချင်တယ် ဆိုရင်တော့ သူမနဲ့ ကွီးတို့ကြား ရုပ်ပိုင်းဆိုင် ၊ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ကောင်းကောင်းတည်ဆောက်ဖို့ အရေးကြီးသလို အမျိုးသမီးတွေရဲ့ စိတ်အပါအဆုံး ၊ အမှောင်အဆုံး အချိန်ဖြစ်တဲ့ ညဘက်မှာ ချစ်ရေးချစ်ရာ လှုပ်ရှားမှုလေးတွေ များများလုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်။
Source : Times of India
Featured Photo : Dear Kate