ကျွန်တော်တို့ဟာ ဘယ်လိုပဲ ကိုယ်လုပ်ချင်တဲ့အရာတွေ၊ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပေးချင်ပေမဲ့ ကျွန်တော်တို့အားလုံးမှာ အချိန်အကန့်အသတ်တွေ ရှိကြပါတယ်။ များသောအားဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ လုပ်ငန်းခွင်မှာ ကုန်ဆုံးရတဲ့ အချိန်တွေက အမြဲတမ်း တိုးလာတတ်ပြီး ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ ကိုယ်ပိုင်အချိန်တွေကိုပါ ပေးလိုက်ရတတ်ပါတယ်။ ဒီလို အချိန်မပေးနိုင်တဲ့အခါ ကျွန်တော်တို့ ချစ်ရသူတွေ၊ အထူးသဖြင့် Relationship တွေမှာ ဆက်ဆံရေး ပြဿနာလေးတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ရရှိလာတဲ့ အချိန်လေးတွေမှာ တန်ဖိုးရှိပြီး ပျော်ရွှင်စွာ ကုန်ဆုံးသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ချစ်ရတဲ့ အမျိုးသမီးလေးနဲ့အတူ တန်ဖိုးရှိတဲ့ အချိန် လေးကို ဖန်တီးနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

အသစ်အဆန်း တစ်ခုကို အတူတကွ သင်ယူပါ

အမျိုးသမီးလေးနဲ့အတူ တန်ဖိုးရှိတဲ့ အချိန်

Photo : Next Luxury

အသစ်အဆန်းတစ်ခုကို အတူတကွ လေ့လာရင်း အကျိုးရှိတဲ့ အချိန်လေးတွေကို ဖန်တီးတာကလည်း ကွီးတို့ချစ်သူ‌လေးနဲ့ အတူအချိန်ကောင်းလေး ဖြတ်သန်းနိုင်ဖို့ စိတ်ကူးကောင်းပါပဲ။ အသစ်အဆန်း တစ်ခုခုကို အတူတကွ သင်ယူတဲ့အခါ ကွီးတို့ အချင်းချင်းမတူညီတဲ့ တစ်ဖက်ခြမ်းကို တွေ့ရှိပြီး တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ပိုတိုးလာပါလိမ့်မယ်။ ဒါ့အပြင် ကွီးတို့ရဲ့ စကားဝိုင်းထဲမှာ ဆွေးနွေးဖို့ အကြောင်းအရာ အသစ်တစ်ခုလည်း တိုးလာကာ စိတ်လှုပ်ရှား ပျော်ရွှင်စေမှာ အမှန်ပါပဲ။

ပထမဆုံး Date လုပ်တဲ့နေရာကို ပြန်သွားပါ

အမျိုးသမီးလေးနဲ့အတူ တန်ဖိုးရှိတဲ့ အချိန်

Photo : Zook

ကွီးတို့ရဲ့ ချစ်ရတဲ့ အမျိုးသမီးလေးနဲ့အတူ တန်ဖိုးရှိတဲ့ အချိန် လေးကို ဖန်တီးနိုင်ဖို့ဆိုရင် ကွီးတို့အတွက် အမှတ်တရ ဖြစ်စေမဲ့ First Date လုပ်တဲ့ နေရာကို ပြန်သွားပါ။ ထိုနေရာမှာ ကွီးတို့ ပထမဆုံးချိန်းတွေ့တုန်းက အမှတ်တရတွေနဲ့ အချို့သော စိတ်လှုပ်ရှားဖွယ် အကြောင်းအရာတွေကို ပြန်လည် သတိရစေပြီး ခံစားချက်များစွာကို လွတ်လွတ်လပ်လပ် မျှဝေနိုင်မှာပါ။ ဒါ့အပြင် ကွီးတို့ကို ရယ်မောခြင်းအချို့၊ စိတ်ခံစားမှုအခိုက်အတန့်လေးတွေနဲ့ ကြည်နူးဖွယ် ခံစားချက်လေးတွေတော့ ပေးစွမ်းနိုင်မှာတော့ အသေအချာပါပဲ။

ဂိမ်းအတူတူ ကစားပါ

Quality Time with your partners

Photo : GamesHedge

ကွီးတို့ရေ ချစ်ရတဲ့ အမျိုးသမီးလေးနဲ့အတူ အားလပ်ချိန်မှာ ပေါ့ပါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်ဆိုရင် ဂိမ်းအတူတူ ကစားကြည့်ပါ။ ဗီဒီယိုဂိမ်းဖြစ်စေ၊ မိုဘိုင်းလ်ဂိမ်း ဖြစ်စေ ကွီးတို့ ကြိုက်နှစ်သက်ရာ ရွေးချယ်ပါ။ အတူတူ ဂိမ်းကစားရင်း ပျော်ရွှင်စွာ အော်ဟစ်ကြတာတွေ၊ အချင်းချင်း ငြင်းခုန်ကြတာတွေက ငယ်ရွယ်တုန်းက ကိုယ့်ကိုယ်ကို ပြန်လည်အသက်သွင်းလိုက် သကဲ့သို့ စိတ်လှုပ်ရှားစေပြီး တတ်ကြွပျော်ရွှင်စေမှာပါ။ ဒီနည်းလမ်းလေးက စိတ်ဖိစီးမှုတွေကို ပြေပျောက်စေဖို့လည်း အထောက်အကူ ပြုပါလိမ့်မယ်။

ခရီးတိုလေး သွားကြည့်ပါ

Quality Time with your partners

Photo : Study Finds

ကွီးတို့ နှစ်ယောက်လုံးက အလုပ်များပြီး ရက်ရှည်ခရီးတွေ သွားဖို့ အဆင်မပြေဘူးဆိုရင်၊ တနင်္ဂနွေလို အားလပ်ရက်တစ်ရက်မှာ တစ်နေ့တာ ခရီးတိုလေး သွားကြည့်ပါ။ ကွီးတို့ ပုံမှန် ကျင်လည်နေတဲ့ နေ့စဉ်ဘဝထဲကနေ ရုန်းထွက်ပြီး ခရီးတိုလေးသွားခြင်းက စိတ်အပန်းပြေစေရုံသာမက ကြည့်နူးပျော်ရွှင်ဖွယ် အချိန်လေးတွေ ပိုင်ဆိုင်စေမှာပါ။ ခရီးစဉ်လေးအတွင်း ကားလျှောက်စီးတာ၊ သဘာဝ အလှအပလေးတွေ ခံစားတာ၊ ဓာတ်ပုံရိုက်တာ စတဲ့ လှုပ်ရှားမှုလေးတွေကို လုပ်ရင်း ချစ်သူလေးနဲ့ ရိုမန့်တစ် ဆန်တဲ့ အခိုက်အတန့်လေးတွေ ဖန်တီးလိုက်ပါ။

ဒါ့အပြင် စာအုပ်တူတူ ဖတ်တာ၊ ပရဟိတလေးတွေလုပ်တာ၊ အတူတကွ ဟင်းချက်တာ စတာလေးတွေကိုလည်း လုပ်လို့ရပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ နည်းလမ်းကောင်းလေးတွေက ကွီးတို့ရဲ့ ချစ်ရတဲ့ အမျိုးသမီးလေးနဲ့အတူ တန်ဖိုးရှိတဲ့ အချိန် လေးကို ဖန်တီးပြီး ကြည်နူးစရာ အခိုက်အတန့်လေး ပိုင်ဆိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

Featured Photo : Wedding