အိမ်ထောင်တစ်ခုမှာ ကလေးမရနိုင်တဲ့ အခြေအနေဟာ အမျိုးသမီးတွေရဲ့ ပြဿနာကြောင့် ဖြစ်နိုင်သလို အမျိုးသားတွေရဲ့ လိုအပ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားအများစုဟာ သူတို့ရဲ့ မျိုးဆက်ပြန့်ပွားမှုကို ထိခိုက်စေတဲ့ အလေ့အထအမှားတွေကို တော်တော်များများ လုပ်မိနေတက် ကြပါတယ်။ အစားအသောက် ၊ အနေအထိုင်လူနေမှုပုံစံတွေအားလုံးက အမျိုးသားတွေရဲ့ မျိုးဆက်ပြန့်ပွား ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှုရှိစေပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေအတွက် မျိုးဆက်ပြန့်ပွားမှုကို ထိခိုက်စေတဲ့ အလေ့အထအမှားတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုများခြင်း

Photo : Smithsonian Magazine

စိတ်ဖိစီးမှုတွေဟာ ဟော်မုန်းမညီမျှခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် စိတ်နဲ့ ခန္ဓာရဲ့ ဟန်ချက်ညီမှုတွေကို ပျက်ပြားစေပြီး အဘက်ဘက်မှာ ဆိုးကျိုးတွေ သက်ရောက်လာစေမှာ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေဟာ Testosterone တက်စတိုစတီရုန်း အဆင့်ကို အနှောက်ယှက်ဖြစ်စေပြီး မျိုးပွားမှုနှုန်း ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။

(၂) ကိုယ်အလေးချိန်များခြင်း

Photo : Times of India

အမျိုးသားတွေမှာ ကိုယ်အလေးချိန်များတာ အဝလွန်တာတွေဟာ သာမန်လူတွေထက် ကလေးမရနိုင်ခြေ ပိုများပါတယ်။ လေ့လာမှုတွေအရလည်း ကလေးမရနိုင်ခြင်း ပြဿနာအကြောင်းအရင်းတစ်ရပ်မှာ အဝလွန်ခြင်းနဲ့ အဝလွန်နေတဲ့ အမျိုးသားတွေမှာ ပိုပြီအဖြစ်များတာတွေ့ရပါတယ်။ အဝလွန်ခြင်းကြောင့် အမျိုးသားတွေရဲ့ သုတ်ပိုး ထုတ်လုပ်မှု အရည်အသွေးကို ထိခိုက်ပြီး လိင်မှုကိစ္စမှာ စိတ်အားတက်ကြွမှု နည်းသွားစေနိုင်ပါတယ်။

(၃) ဆေးလိပ်အလွန်အကျွံ သောက်သုံးခြင်း

Photo : Forbes

ဆေးလိပ်က ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးနဲ့ မျိုးဆက်ပြန့်ပွားခြင်းအတွက် အကြီးမားဆုံး အန္တရာယ်တစ်ခုပါပဲ။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေဟာ ဆေးလိပ်မသောက်တဲ့အမျိုးသားတွေထက် သုတ်ပိုးအရေအတွက် သိသိသာသာ ပိုနည်းပါးပါတယ်။ ဆေးလိပ်သောက်ခြင်းက လိင်အင်္ဂါ ချို့ယွင်းမှုကို ဖြစ်စေသလို DNA ပျက်စီးမှု မြင့်မားပြီး မျိုးပွားမှုနှုန်းကို ကန့်သတ်သွားစေနိုင်ပါတယ်။ အကယ်၍ ကိုယ့်ဇနီးသည်ဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိရင်လည်း ကိုယ်ဝန်ဆောင်စဥ်မှာ အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။

(၄) လိင်အင်္ဂါ အပူများခြင်း

Photo : Ebuyer.com

အမျိုးသား လိင်တံဟာ သိပ်ပြီး အပူများလာရင် ပြဿနာရှိပါတယ်။ သူ့ကို အေးအောင် ထားဖို့နဲ့ သူ့အပေါ်မှာ အပူများတဲ့ ပစ္စည်းထားတာ မလုပ်ဖို့ ဂရုစိုက်သင့်ပါတယ်။ ဥပမာအားဖြင့် ဘောင်းဘီအိတ်ကပ်ထဲ စမတ်ဖုန်းထည့်ထားတာ ၊ လက်ပ်တော့လို လျှပ်စစ်ပစ္စည်းတွေ ပေါင်ပေါ် တင်သုံးတာ ၊ တင်းကျပ်တဲ့ အတွင်းခံဘောင်းဘီတွေဝတ်တာနဲ့ လေ့ကျင့်ခန်း ပြင်းပြင်း ထန်ထန်လုပ်တာတွေကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။

Featured Photo : Askmen