ကာကီရောင်တွေက တော်ရုံအရောင်မရွေးတဲ့ ကာလာမျိုးပါ။ များသောအားဖြင့် Smart Casual ဝတ်ကြပြီဆိုရင် ကာကီ Pant တွေ ဝတ်တာ မှားစရာမရှိပါဘူး။ ဒါကြောင့်ပဲ ရုံးဖက်ရှင်ဝတ်ရာမှာ ဘောင်းဘီကို ကာကီရောင်မျိုး ရွေးချယ်တတ်ကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကာကီဘောင်းဘီ ဝတ်မယ်ဆိုရင် တွဲဝတ်သင့်တဲ့ အရောင်တွေအကြောင်း ပြောချင်ပါတယ်။
(၁) ကာကီနဲ့ အပြာ
Photo: stitchfix
ကွီးတို့မှာ ကာကီရောင် အဝတ်အစားတွေ ရှိရင် အပြာရောင်နဲ့ တွဲဝတ်နိုင်တယ်လို့ အကြံပေးချင်ပါတယ်။ အပြာထဲမှာ Sky Blue အပြာဖျော့ကနေ Navy Blue အပြာရင့်အထိ အရောင်ပြေးတစ်မျိုးမျိုးနဲ့ ရွေးဝတ်နိုင်ပါတယ်။ ဥပမာ Office Shirts နဲ့ Blazer ဝတ်ပြီး အောက်က ကာကီဘောင်းဘီ ဝတ်မယ်ဆိုရင် ရှပ်ကို အပြာရောင်သုံးတာမျိုး ဖြစ်ပါတယ်။ Jeans ပြာနဲ့ ကာကီရောင် ရှပ်လက်ရှည် Layering တွဲဝတ်တာမျိုးလည်း အဆင်ပြေပါတယ်။
(၂) ကာကီနဲ့ မီးခိုး
Photo: trunkclub
မီးခိုးရောင်လို Neutral Color က အရောင်မရွေးတာ များပါတယ်။ ကာကီစတိုင်နဲ့ တွဲဝတ်ရင်လည်း ပြဿနာမရှိပါဘူး။ ပုံမှန်အားဖြင့် ကာကီရောင် Chino နဲ့ မီးခိုးရောင် T-Shirt ဒါမှမဟုတ် ဆွယ်တာကို ရုံးဖက်ရှင်အနေနဲ့ ဝတ်လေ့ရှိပါတယ်။ ဒါမှမဟုတ်လည်း မီးခိုးရောင် Blazer ကို အဖြူရောင်/အပြာရောင် ရှပ်အပေါ်ကနေ ဝတ်ပြီး အောက်မှာ ကာကီရောင် Chino ဖက်ရှင်မျိုးလည်း ဝတ်နိုင်ပါတယ်။
(၃) ကာကီနဲ့ အနီ
Photo: Pinterest
အတောက်ပဆုံးကာလာအုပ်စုထဲက အနီရောင်လည်း ကာကီနဲ့ တွဲဝတ်နိုင်ပါတယ်။ ရုံးဖက်ရှင်အဖြစ် ဝတ်မယ်ဆိုရင် အနီရောင်ကို အဖြူ ဒါမှမဟုတ် မီးခိုးလို Light Colors တွေနဲ့ တွဲဖက်ပေးတာက ဟန်ချက်ပိုမျှစေပါတယ်။ ကာကီနဲ့ ဝတ်မယ်ဆိုရင် အကောင်းဆုံးက ကာကီကာလာဘောင်းဘီကိုမှ အနီပါတဲ့ ရှပ်/တီရှပ်တစ်ခုခုနဲ့ ဝတ်တာမျိုးက ပိုအဆင်ပြေပါတယ်။
(၄) ကာကီနဲ့ အညို
Photo: stylecheer
အရောင်ချင်းနီးစပ်ပေမယ့် ကာကီနဲ့ အညိုကလည်း လိုက်ဖက်တဲ့ကာလာအတွဲဖြစ်ပါတယ်။ Contrast ဖြစ်တဲ့ Shade လေးတွေ ဖြစ်အောင် ဂရုစိုက်နိုင်ရင် ပိုကြည့်ကောင်းပါတယ်။ ကာကီရောင် Pant နဲ့ အညိုရင့်ရောင် ရှပ်ဝတ်တာမျိုးက ရုံးဖက်ရှင်အတွက် အကောင်းဆုံးအတွဲထဲက တစ်ခုပဲ ဖြစ်ပါတယ်။
Featured Photo: Thread