ဟင်းချက်ရာမှာ မပါမဖြစ်တဲ့ အမယ်တစ်မျိုးကတော့ ချင်း(ဂျင်း)ပါပဲ။ ချင်း(ဂျင်း)ဟာ ပျို့ခြင်း ၊ နာကျင်ခြင်း နဲ့ အော့အန်ခြင်း ကဲ့သို့ ကျန်းမာရေးဆိုင်ရာ အခြေအနေများစွာကို ကုသပေးနိုင်တဲ့ အစွမ်းထက်လှတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ ချင်း(ဂျင်း)ကို ရှေးနှစ်ပေါင်းများစွာကတည်းက ရောဂါမျိုးစုံ ကုသနိုင်တဲ့ သဘာဝဆေးစွမ်းကောင်း တစ်လက်အဖြစ် ရိုးရာတိုင်းရင်းဆေးတွေ ဖော်စပ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ လူတော်တော်များများ မသိသေးတဲ့ လျို့ဝှက်ချက်တစ်ခုကတော့ ချင်း(ဂျင်း)ဟာ အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာကျန်းမာရေးအတွက်ပါ များစွာ အထောက်အကူပြုတာပဲ ဖြစ်ပါတယ်။ ချင်း(ဂျင်း)စားသုံးပေးခြင်းဖြင့် အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာလုပ်ဆောင်မှုကို တိုးတက်စေပြီး လိင်အင်္ဂါချို့ယွင်းခမှု (ED) ပြဿနာ ဒါမှမဟုတ် သုက်လွှတ်စောခြင်းကဲ့သို့ အခြေအနေအမျိုးမျိုးကို ကုသပေးနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချင်း(ဂျင်း) က အမျိုးသား တွေရဲ့ လိင်မှုကျန်းမာရေးအတွက် ဘယ်လိုဘယ်ပုံအကျိုးပြုလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) သွေးစီးဆင်းမှုကို တိုးစေတယ်
Photo : Muscle Restoration Therapy
သွေးပေါင်ချိန်မြင့်တက်ခြင်းဟာ အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာ ကမောက်ကမဖြစ်မှု ဖြစ်နိုင်ခြေကို တိုးစေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ လေ့လာမှုများစွာတွေအရ အဆိုပါ ဆေးဖက်ဝင်အပင် ချင်း(ဂျင်း) ဟာ နာတာရှည်သွေးတိုး ရောဂါရှိသူတွေ သို့မဟုတ် ရံဖန်ရံခါ သွေးတိုးတက်သူတွေအတွက် သွေးပေါင်ချိန်ကို ကျဆင်းစေကြောင်း ဖော်ပြထားပါတယ်။ ချင်း(ဂျင်း)ဟာ ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကိုလည်း အားကောင်းစေပြီး သွေးခဲခြင်းကို ကာကွယ်ပေးနိုင်သလို သွေးကြောတွေကိုလည်း ပွင့်စေပါတယ်။ ကွီးတို့အနေနဲ့ ချင်း(ဂျင်း)ကို နေ့စဉ်ပုံမှန် အနည်းငယ်ခန့် စားသုံးပေးမယ်ဆိုရင် သွေးဖိအားကို လျှော့ချပေးပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေကာ လိင်စိတ်နိုးကြားမှုနဲ့ လိင်အင်္ဂါသန်စွမ်းမှုကို တိုးစေနိုင်မှာ ဖြစ်ပါတယ်။
(၂) မျိုးအောင်နိုင်ခြေကို မြှင့်တင်ပေးနိုင်တယ်
Photo : My Expert Midwife
ချင်း(ဂျင်း) ဟာ အမျိုးသားတွေရဲ့ မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းထက်လှတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။ အဓိကအားဖြင့် ချင်း(ဂျင်း)ဟာ အမျိုးသားတို့ရဲ့ ဝှေးစေ့အတွင်း သွေးစီးဆင်းမှုကို အားကောင်းစေပြီး တက်စတိုစတီရုန်းဟော်မုန်း ထုတ်လုပ်မှု ပမဏကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် သုတ်ပိုးတွေရဲ့ ရှင်သန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပြီး သုတ်ပိုးအရည်အသွေးကို မြှင့်တင်ပေးနိုင်တာကြောင့် မျိုးအောင်နိုင်စွမ်းကို တိုးတက်စေဖို့ အထောက်အကူပြုတာ ဖြစ်ပါတယ်။
(၃) Oxidative Stress ကို လျော့ကျစေတယ်
Photo : All About Feed
လူတော်တော်များများ ခန္ဓာကိုယ်ရဲ့ Antioxidants နဲ့ Free Radicals တွေ မညီမျှမှု ဖြစ်လာတဲ့အခါမှာ Oxidative Stress လို့ခေါ်တဲ့ ဓာတ်တိုးဖိအားတွေကို ခံစားကြရပါတယ်။ အဆိုပါ Oxidative Stress တွေဟာ ဆဲလ်တွေကို ပျက်စီးစေပြီး ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ Oxidative Stress တွေဟာ လိင်တံထောင်မတ်နိုင်စွမ်းနဲ့ လိင်အင်္ဂါသန်စွမ်းမှုကို လျှော့ကျစေနိုင်ကြောင်း ဖော်ပြထားပါတယ်။ ချင်း(ဂျင်း) ကတော့ ခန္ဓာကိုယ်တွင်းက ဓာတ်တိုးဖိအားတွေကို လျော့ကျစေနိုင်ပြီး လိင်အင်္ဂါချို့ယွင်းမှု ပြဿနာတွေကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုအချို့က ဖော်ပြထားပါတယ်။
Featured Photo : Girl Meets Food