Stylish ဖြစ်ဖြစ်နဲ့ အမြဲတမ်း ကြည့်ကောင်းနေဖို့ဆိုရင် ကွီးတို့ရဲ့ ဖက်ရှင်ကို Upgrade အမြဲလုပ်ဖို့ လိုပါမယ်။ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်ပိုင်းကို တဆင့်မြှင့်တင်လိုက်တာဟာ ပိုပြီးကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက် ဖြစ်စေရုံမကပဲ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု တိုးလာစေမှာ ဖြစ်ပါတယ်။ ဖက်ရှင်ပိုင်း စိတ်ဝင်စား အလေးထားတဲ့ အမျိုးသားတိုင်းအတွက် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ဖက်ရှင် ကို အဆင့်မြှင့်တင်နိုင်ဖို့ သိထားသင့်တဲ့ ဖက်ရှင် အကြံပြုချက်အချို့ကို မျှဝေပေးချင်ပါတယ်။
(၁) အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေ ဝယ်ပါ
Photo : Fashion Cronical
ဈေးသိန်းချီတဲ့ ဒီဇိုင်နာဘရန်းတွေကိုပဲ ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဈေးအသင့်အတင့်နဲ့ ကွာလတီကောင်းတဲ့ အဝတ်အထည်တွေ အများကြီး ရှိပါတယ်။ ခပ်ညံ့ညံ့ အမျိုးအစားတွေနဲ့ အရည်အသွေးကောင်းတဲ့ ဖက်ရှင်တွေကို ယှဉ်ဝတ်ကြည့်ရင် ချုပ်ရိုးချုပ်သား ၊ အံဝင်ဂွင်ကျမှု ၊ အရောင်အဆင်း ရုပ်ထွက်ပိုင်းတွေ အများကြီး ကွာခြားတာကို သိသိသာသာ ခံစားမိမှာပါ။ ဒါကြောင့် အဝတ်အစားဝယ်တဲ့အခါ အရည်အသွေးကောင်းတဲ့ အမျိုးအစားတွေကို သေချာလေး ရှာဝယ်ခြင်းဖြင့် ကိုယ့်ရဲ့ဖက်ရှင်ကို ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ အကြံပေးချင်ပါတယ်။
(၂) ခန္ဓာကိုယ် အချိုးအစားနဲ့ ကွက်တိကျအောင် ဝတ်ပါ
Photo : Mens Fashion Magazine
အဝတ်အစား ဝတ်တဲ့အခါ Fit ဖြစ်လေ ကြည့်ကောင်းလေပါ။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားကို သေချာလေး သိရှိနားလည်ထားဖို့ လိုပြီး ကိုယ့်ဘော်ဒီနဲ့ သင့်လျော်လိုက်ဖက်မှုရှိတဲ့ အဝတ်အစားတွေကိုပဲ အမြဲရွေးချယ် ဝတ်သင့်ပါတယ်။ အဝတ်အစားတွေက ချောင်လွန်းပွလွန်းတာ မဖြစ်ပဲ မှန်ကန်တဲ့ Fit ဖြစ်မှု ရှိမှသာ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းတဲ့ ပုံကို ပေါ်လွင်စေမှာပါ။
(၃) အသေးစိတ်ကျတဲ့ အရာတွေအထိ ဂရုစိုက်ပါ
Photo : GentWith
ဖက်ရှင်မှာ အသေးစိတ်ကျတဲ့ အရာတွေအထိ သေချာလေး ဂရုစိုက်လေ ကွီးတို့ရဲ့ စတိုင်က ပိုမို သပ်ရပ်ခန့်ညားပြီး ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။ အင်္ကျီ ဘောင်းဘီ ကစလို့ ဦးထုပ်/ ဖိနပ်အထိ ခေါင်းအစ ခြေအဆုံး သေချာ Details ကျကျ ပြင်ဆင် ဝတ်သင့်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ဖက်ရှင် Accessories တွေ ၊ နာရီ ၊ လည်စည်း ၊ ခြေအိတ် အားလုံးကို အသေးစိတ်ကျကျ ဂရုတစိုက် ရွေးချယ်ပြီး လိုက်ဖက်အောင် ဝတ်သင့်ပါတယ်။
(၄) မတူညီတဲ့ ပုံစံဒီဇိုင်းတွေ စမ်းဝတ်ပါ
Photo : Alex Costa
ယောကျာ်းလေး တော်တော်များများက ဖက်ရှင်ဆိုဝတ်နေကျ ပုံစံတစ်မျိုးကိုပဲ တသတ်မှတ်တည်း ဝတ်ကြတာ များပါတယ်။ တကယ်တော့ ကိုယ်နဲ့လိုက်ဖက်မှု ရှိတဲ့ တခြားသော ဖက်ရှင်ပုံစံတွေကို သိနိုင်ဖို့ မတူညီတဲ့ ကာလာ ၊ Patterns ဒီဇိုင်းတွေကို အပြောင်းအလဲလုပ် ဝတ်ကြည့်သင့်ပါတယ်။ ဝတ်နေကျမဟုတ်တဲ့ စတိုင်တွေကို စမ်းသပ်ဖို့ မကြောက်ပါနဲ့။ မတူတာတွေ Try ကြည့်မှသာ ကွီးတို့ရဲ့ ဖက်ရှင်ဟာ ပျင်းစရာကောင်းမနေမှာပါ။ ဒါကြောင့် မတူကွဲပြားတဲ့ ဖက်ရှင်တွေကို အပြောင်းအလဲလုပ် ဝတ်ဆင်ကြည့်ခြင်းဖြင့် ကွီးတို့ရဲ့ ဖက်ရှင် အသွင်အပြင်ကို မြှင့်တင်လိုက်ပါ။
Source : FAULT Magazine
Featured Photo : Bounce Magazine