အမျိုးသားဖက်ရှင်တွေထဲမှာ T-Shirt တွေက သက်တောင့်သက်သာအရှိဆုံးနဲ့ လူကြိုက်အများဆုံး အဝတ်အစားတွေပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့ T-Shirt တွေကနေ စတိုင်ကျတဲ့ T-Shirt တွေအထိ ရွေးချယ်စရာလည်း အတော်လေး စုံပါတယ်။ T-Shirt တစ်ထည် ဝယ်တော့မယ်ဆိုရင် အခြေခံအားဖြင့် အင်္ကျီ ရဲ့ အရည်အသွေး ၊ ဆိုဒ် အနေအထား ၊ Brands နာမည်နဲ့ Customer Reviews တွေကို အရင်ဆုံး လေ့လာပြီးမှ ဝယ်ယူတာက ပိုပြီး မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်စေမှာပါ။ Branded အင်္ကျီတွေက ဈေးနှုန်းအားဖြင့် ပိုကြီးပေမယ့် ချုပ်ရိုးချုပ်သား ၊ Cutting နဲ့ အရည်အသွေးပိုင်းမှာတော့ ပြောစရာမလိုအောင်ပဲ သာလွန်ကောင်းမွန် ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာ T-Shirt Brands တွေများစွာရှိတဲ့ အထဲကမှ နာမည်အကြီးဆုံး အမျိုးသားဝတ် ထိပ်တန်း T-Shirt Brands ၅ ခု အကြောင်းပြောပြပေးချင်ပါတယ်။

(၁) Jack & Jones

Photo : Siachen Studios

Jack & Jones ကတော့ လူကြိုက်အများဆုံး  T-Shirt Brand တွေထဲက တစ်ခု ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဥရောပတစ်ခွင်မှာ ထိပ်တန်း T-Shirt Brand တစ်ခုအဖြစ် ရပ်တည်နေသလို ကမ္ဘာတစ်ဝှမ်းမှာလည်း လူကြိုက်များ ရောင်းအားကောင်းတဲ့ T-Shirt Brand တစ်ခုအဖြစ် နာမည်အခိုင်အမာ ရရှိထားပါတယ်။ Jack & Jones ဟာဆိုရင် စတိုင်ကျ ၊ ကြော့ရှင်းပြီး ပရီမီယံ အရည်အသွေး T-Shirt တွေကြောင့် နာမည်ကြီးပါတယ်။

(၂) Gap

Photo : Siachen Studios

အမျိုးသားဝတ် ထိပ်တန်း T-Shirt Brands တွေအကြောင်း ပြောမယ်ဆိုရင် Gap ကတော့ မပါမဖြစ်ပါပဲ။ အားလုံးသိတဲ့အတိုင်း Gap T-Shirt တွေက ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်ရှိတဲ့ ဒီဇိုင်းတွေကြောင့် လူကြိုက်များပါတယ်။ နာမည်ကြီး အမေရိကန် ဖက်ရှင်နဲ့ Accessories ကုမ္ပဏီဖြစ်တဲ့ Gap ကို Donald Fisher နဲ့ Doris F Fisher တို့က ၁၉၆၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ Gap ဖက်ရှင် ဆိုင်ပေါင်း ၃၇၀၀ ကျော် ဖွင့်လှစ်ထားပြီး Amazon ၊ Flipkart ၊ Myntra စတဲ့ E-commerce ဝက်ဘ်ဆိုဒ်တွေကနေလည်း ရိုရှင်းပြီး စတိုင်ကျတဲ့ အမိုက်စား Gap T-Shirt တွေကို ဝယ်ယူလို့ ရနိုင်ပါတယ်။

(၃) Adidas


Photo : Siachen Studios

Adidas ကတော့ ထိပ်ထပ်ကြဲ အောင်မြင်ကျော်ကြားတဲ့ ဥရောပရဲ့ အကြီးဆုံး အားကစားဖက်ရှင် နဲ့ Accessories ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Adidas ရဲ့ အရည်အသွေးမြင့် ဖိနပ်တွေ ၊ အိတ်နဲ့ ဖက်ရှင်အသုံးအဆောင်တွေက ကလေးလူကြီး ကျားမ မရွေး ကြိုက်နှစ်သက်ကြပါတယ်။ Adidas T-Shirt တွေရဲ့ ထူးခြားမှုနဲ့ လူကြိုက်များစေတဲ့ အချက်ကတော့ ဝတ်ရတာ သက်တောင့်သက်သာရှိပြီး ပြိုင်ဘက်ကင်းတဲ့ အမိုက်စား T-Shirt ဒီဇိုင်းတွေကြောင့်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

(၄) Fila


Photo : Siachen Studios

အရည်အသွေးကောင်းမွန်ပြီး ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ သက်တောင့်သက်သာဖြစ်တဲ့ T-shirt မျိုး ဝတ်ချင်တယ်ဆိုရင်တော့ Fila ကအကောင်းဆုံး ရွေးချယ်မှု တစ်ခုဖြစ်စေမှာပါ။ Sportswear ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Fila ကို Ettore Fila နဲ့ Giansevero Fila တို့က ၁၉၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ လူကြိုက်အများဆုံး နာမည်ကြီး ထိပ်တန်း T-shirt Brand တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

(၅) Allen Solly

Photo : Siachen Studios

Allen Solly ဟာ ခေတ်မီပြီး စတိုင်ကျတဲ့ အမျိုးသားဝတ် ၊ အမျိုးသမီးဝတ်နဲ့ ကလေးအဝတ်အထည်တွေ ထုတ်လုပ်လျက်ရှိတဲ့ ဖက်ရှင် Brand တစ်ခုဖြစ်ပါတယ်။ Allen Solly ရဲ့ T-shirt တွေဟာ ဖက်ရှင်ကျပြီး သက်တောင့်သက်သာရှိသလို အရည်အသွေးကောင်းမွန်တာကြောင့် လက်ရှိလူကြိုက်အများဆုံး ထိပ်တန်း T-shirt Brand အဖြစ် နာမည်တစ်ခု အခိုင်အမာ ရရှိထားပါတယ်။

ဒါ့အပြင် Puma ၊ Peter England ၊ Tommy Hilfiger ၊ Levi’s ၊ U. S. Polo Assn ၊ Louis Philippe ၊ Nike ၊ Calvin Klein ၊ Gucci နဲ့ United Colours Of Benetton စတဲ့ Brands တွေကလည်း လက်ရှိလူကြိုက်အများဆုံးနဲ့ နာမည်အကြီးဆုံး အမျိုးသားဝတ် T-Shirt Brands တွေပဲ ဖြစ်ပါတယ်။

Featured Photo : Unsplash