မတူညီမှုများ၊ အကြိုက်အမျိုးမျိုးကြားမှာ အမျိုးသားသုံး Luxury ဖက်ရှင်တံဆိပ် များသည်လည်း အမျိုးအစားအမျိုးမျိုးရှိကြပါတယ်။ ဒီလိုမျိုး အမျိုးသားသုံး Luxury ဖက်ရှင်တံဆိပ် များ အများအပြားရှိတဲ့အနက် အရည်အသွေးကောင်းပြီး လူကြိုက်များတဲ့ ဖက်ရှင်တံဆိပ်များကို ကွီးတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။
Acne Studios

ဒီဖက်ရှင်ဆိုင်ကတော့ အမျိုးသားများအကြား လူကြိုက်များတဲ့ ဖက်ရှင်ဆိုင်တစ်ခုဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာပါ။ ယနေ့ထိတိုင် လူကြိုက်များနေဆဲပါပဲ။
Moncler

ဒီဖက်ရှင်တံဆိပ်ကတော့ များသောအားဖြင့် အားကစားအဝတ်အထည်များ၊ အထူးသဖြင့် စကိတ်ဂျက်ကတ်များကို အဓိကထား ထုတ်လုပ်တာဖြစ်ပါတယ်။ အခြားသော ဂျက်ကတ်များ၊ တီရှပ်များကိုလည်း ထုတ်လုပ်ပါသေးတယ်။
Everlane

ဒီဖက်ရှင်တံဆိပ်ကတော့ အရည်အသွေးကို တန်ဖိုးထားတဲ့ တံဆိပ်ဖြစ်တဲ့အတွက် သုံးတဲ့ ကုန်ကြမ်းပစ္စည်းများကလည်း အကောင်းစားကိုသာ အသုံးပြုတာဖြစ်ပါတယ်။ Cashmere ဆိုရင်လည်း Grade A ရှိတဲ့အသားကိုပဲ အသုံးပြုတာပါ။
Thom Browne

ဒီဇိုင်နာဘရန်းတွေထဲက လူကြိုက်များတဲ့ နောက်ထပ်ဘရန်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့အဝတ်အထည်များသည် ဝတ်ဆင်သူကို စမတ်ကျကျနဲ့ စတိုင်လ်ကျလှပအောင် ကူညီပေးတာဖြစ်ပါတယ်။
Saturdays NYC

ကွီးတို့အနေနဲ့ ပွဲတက်အခမ်းအနားအတွက် ဝတ်ဆင်ချင်တာလား (သို့) ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်မျိုးကို ဝတ်ဆင်ချင်တာလား။ Saturdays NYC မှာ အကုန်ရပါတယ်။ အရောင်အမျိုးအစားရော ဒီဇိုင်းပါ စုံလင်တဲ့ Luxury Brand တစ်ခုဖြစ်ပါတယ်။
Ksubi

ဒီဘရန်းကတော့ သြစတြေးလျတံဆိပ်ဖြစ်ပြီး ၁၉၉၉ ခုနှစ်ကတည်း စတင်ထုတ်လုပ်ထားတဲ့ ဘရန်းဖြစ်ပါတယ်။ ဒီဘရန်းကို နာမည်ကြီးအနုပညာရှင်များအားလုံးလည်း ဝတ်ဆင်ကြပါတယ်။
Club Monaco

ဒီတံဆိပ်လေးကတော့ ၁၉၈၅ ခုနှစ်က ဖက်ရှင်ချစ်သူများအကြား စတင်မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့အထည်နဲ့ ကွာလတီကလည်း ပြောစရာမရှိအောင် ကောင်းလွန်းလှတာကြောင့် နာမည်ကြီးလူကြိုက်များပါတယ်။
Buck Mason

ဒီဆိုင်လေးကို Sasha Koehn နဲ့ Erik Allen တို့က Buck Mason ဆိုတဲ့ တံဆိပ်နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ စစချင်း ဆိုင်ဖွင့်တုန်းကဆိုရင် ဂိုထောင်ကျဉ်းကျဉ်းလေးတစ်ခုမှာ စတင်ဖွင့်လှစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ လူကြိုက်များ နာမည်ကြီးတဲ့ Luxury Brand တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
Saint Laurent

ကွီးတို့အနေနဲ့ Classic ဖြစ်တဲ့ Luxury Brand အမျိုးအစားတစ်ခုအပေါ်မှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်တော့ Saint Laurent ကိုသာ သတိရလိုက်ပါ။ ဒီတံဆိပ်ကို ၁၉၆၁ ခုနှစ်မှာ Yves Saint Laurent က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Luxury Brand များအကြား ယနေ့ထိတိုင် နာမည်ကြီးနေတဲ့ဖက်ရှင်တံဆိပ်တစ်ခုဖြစ်ပါတယ်။
Reiss

Reiss တံဆိပ်ကတော့ ၁၉၇၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ မော်ဒန်စတိုင်လ်မျိုး ဖန်တီးနိုင်တဲ့အတွက်ကြောင့် လူကြိုက်များပါတယ်။ ဒီအင်္ဂလန်နိုင်ငံထုတ် တံဆိပ်သည် နိုင်ငံတစ်ဝှမ်းလုံးတွင် ဆိုင်ပေါင်း ၁၀၀ တည်ရှိပြီး တော်ဝင်မိသားစုတွေကတောင် တစ်စိုက်မတ်မတ်သုံးစွဲကြတဲ့ တံဆိပ်တစ်ခုဖြစ်ပါတယ်။
Source: Nextluxury
Featured Image Source: Thefashionfantasy
