လိင်စိတ်ခံစားမှု မြင့်တက်ပြီး အချိန်တိုင်းနီးပါး မှောင်နေတာဟာ ပုံမှန်မှဟုတ်လားရဲ့ မေးခွန်းထုတ်စရာ ရှိပါတယ်။ တကယ်တော့ ခန္ဓာကိုယ်မှာ Libido မြင့်တက်လာတဲ့အခါမှာ လိင်မှုရေးရာ ကိစ္စတွေကို အမြဲတွေးတာ ၊ လိင်စိတ်ဆက်ဆံလိုစိတ် အမြဲဖြစ်တာ စတဲ့ ခံစားချက်တွေကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လူပျိုဖော် / အပျိုဖော် ဝင်ချိန်ကစတင်ပြီး ဒီလို လိင်မှုဆိုင်ရာ ခံစားချက်တွေကို စွဲစွဲလမ်းလမ်း ဖြစ်ပေါ်စေတက်ပြီး ဒါဟာ သဘာဝအရဖြစ်တဲ့ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ လိင်စိတ်မြင့်မားတာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဆိုင်ရာ လုပ်ဆောင်ချက်တွေ ၊ စိတ်ခံစားချက်တွေနဲ့ ဆက်ဆံရေးအခြေအနေတွေ အပေါ်မှာလည်း အများကြီး လွှမ်းမိုးမှုရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ တစ်ခါတစ်လေမှာ ဘာကြောင့် အချိန်တိုင်း မှောင်နေတာလဲ ?  အမှောင် ဘက်ခြမ်းမှာ အမြဲတမ်း အားကြီးနေရတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းတွေ ကို ပြောပြပေးချင်ပါတယ်။

(၁) ဟော်မုန်း အပြောင်းအလဲ

Photo : Piedmont Healthcare

အမှောင် စိတ်တွေရဲ့ လွှမ်းမိုးကြီးစိုး ခြင်းကိုခံနေရတဲ့ နောက်ကွယ်က အကြောင်းအရင်း တစ်ခုကတော့ ဟော်မုန်း ပြောင်းလဲမှုတွေ ကြောင့်ပါပဲ။ အထူးသဖြင့် လူပျိုဖော်/အပျိုဖော်ဝင်ချိန်ကစတင်ပြီး အသက်အရွယ် ကြီးရင့်လာတဲ့အထိ ခန္ဓာကိုယ်မှာ ဟော်မုန်းပမာဏဟာ အဆင့်ဆင့်ပြောင်းလဲလာတက်ပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေကပဲ Libido ပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာစေပြီး လိင်စိတ်ခံစားမှုတွေ မြင့်တက်လာစေတာ ဖြစ်ပါတယ်။

(၂) အစားအသောက်

aphrodisiac foods

Photo : Salon

အစားအသောက် တွေဟာလည်း လိင်စိတ်ဆန္ဒအပေါ် သက်ရောက်မှု ရှိပါတယ်။ အဓိကအားဖြင့် Aphrodisiac Foods လို့ ခေါ်တဲ့ အစားအစားတွေပါ။  ထောပတ်သီး ၊ သရက်သီး ၊ ဘရိုကိုလီ နဲ့ ဗာဒံစေ့တို့လို Aphrodisiac Foods တွေကို မကြာမကြာ ပုံမှန်စားသုံးတာဟာ ကွီးတို့ရဲ့လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးပြီး အချိန်တိုင်း အမှောင် ခြမ်းမှာ အားကြီးနေနိုင်ပါတယ်။

(၃) ရာသီစက်ဝန်း

Menstrual cycle

Photo : Apollo Hospitals Blog – AskApollo

ဒါကတော့ အမျိုးသမီးတွေမှာ ဖြစ်တက်တဲ့ အခြေအနေပါ။ လိင်စိတ်ဆန္ဒ အတက်အကျဟာ ရာသီစက်ဝန်းနဲ့လည်း ဆက်စပ်နေပါတယ်။ ရာသီစက်ဝန်းပေါ်မူတည်ပြီး အီစထရိုဂျင်နဲ့ပရိုဂျက်စတီရုန်း ပထမဏတွေ ပြောင်းလဲလာတာနဲ့အမျှ Libido အနိမ့်အမြင့် အတက်အကျကို ဖြစ်စေပါတယ်။ အမျိုးသမီးတွေမှာ ဒီလိုလိင်စိတ်မြင့်မားပြီး အမှောင် ခြမ်းမှာ အားသာနေရတာဟာ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သတ်ပြီး အပြုသဘောဆောင်တဲ့ လက္ခဏာဖြစ်တာကြောင့် ရှက်ဖို့မလိုပါဘူး။

(၄) အရက်

Alcohol

Photo : The New York Times

အရက် သောက်ခြင်းကလည်း လိင်စိတ်မြင့်မားရခြင်းအပေါ် တစ်စိတ်တစ်ပိုင်း သက်ဆိုင်ပါတယ်။ ၁၉၉၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Recent Developments in Alcoholism ဂျာနယ်က ဆေးဘက်ဆိုင်ရာ သုံးသပ်ချက်မှာတော့ အရက်ဟာ လိင်စိတ်ဆန္ဒမြင့်တက်မှု ၊ လိင်စိတ်နိုးကြားမှုနဲ့ ပျော်ရွှင်မှုတို့ကို လွှမ်းမိုးနိုင်တယ်လို့ ဆိုထားပါတယ်။

(၅) ဆက်ဆံရေးအသစ်

Couple

Photo : OnlineCounselling4U

Relationship အသစ်တစ်ခု စတင်ထားသူတွေ အနေနဲ့လည်း ခံစားချက်တွေဟာ လတ်ဆတ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းနေတက်ပါတယ်။ ပါတနာအသစ်နဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအပေါ် စူးစမ်း/စမ်းသပ်ချင်တဲ့ လွှမ်းမိုးမှုတွေ ရှိနေစေတဲ့အတွက် အဲ့လိုအခြေအနေမှာ လိင်စိတ်ပြင်းပြမှုဟာ ပိုမိုအားကြီးနေတက်တာ ဖြစ်ပါတယ်။

(၆) တစ်ကိုယ်ရည် အာသာဖြေခြင်း

Masturbation

Photo : New York Post

ဒါဟာလည်း အမှောင် ဘက်ခြမ်းမှာ အားကြီးနေရခြင်းရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ လူအများစုကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ စိတ်ခံစားမှုတွေကို ပြေလျော့စေပြီး လိင်စိတ်ဆန္ဒကို လျော့စေတယ်လို့ ထင်ကြတာပါ။ ဒါပေမယ့် ဒါက လိင်မှုဆိုင်ရာလှုပ်ရှားမှုတွေ အပေါ် စိတ်ဝင်စားမှု တိုးစေတာကြောင့် တစ်ကိုယ်ရည်အာသာဖြေခြင်းဟာလည်း ဟိုစိတ်ဒီစိတ်တွေကို ပိုမို အားကြီးစေတက်ပါတယ်။

Featured Photo : Healthshots