စကော့ ဝီစကီ Whiskey တွေဟာ အယ်လ်ကိုဟော ပါဝင်မှု Alcohol By Volume (ABV) ၄၀% ပတ်လည် ရှိတတ်ပါတယ်။ ဒါကိုပဲ အတော်လေး Strong ဖြစ်နေပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာ ချက်လုပ်တဲ့ Everclear ဆိုတဲ့ အရက်ဆိုရင် Alcohol By Volume (ABV) ၉၅% အထိ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအရက်က ကမ္ဘာပေါ်မှာ အယ်လ်ကိုဟော ပါဝင်မှု အမြင့်ဆုံး ၊ Strong အဖြစ်ဆုံး အရက်တော့လည်း မဟုတ်ပါဘူး။ အယ်လ်ကိုဟော (အီသနောပါဝင်မှု) ကို Alcohol Proof နဲ့ တိုင်းပါတယ်။ ပျမ်းမျှအားဖြင့် Alcohol Proof ဟာ ABV ရဲ့ ၁.၈၂၁ ဆရှိပါတယ်။ ယူကေမှာဆို Alcohol Proof အစား Alcohol By Volume (ABV) နဲ့ တိုင်းတာနေပြီ ဖြစ်ပါတယ်။ ကဲ .. ဒီတစ်ခေါက်မှာတော့ ကမ္ဘာတလွှား ယမကာ ထုတ်လုပ်သူတွေရဲ့  အယ်လ်ကိုဟော ပါဝင်မှု အမြင့်ဆုံး ဖြစ်တဲ့ ရမ် ၊ ဗော့ဒ်ကာ ၊ Absinthes ၊ ဝီစကီ Whiskey နဲ့ တခြား ယမကာ တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Spirytus Vodka

spirytus

Photo : spoonuniversi

ပိုလန်မှာ ချက်လုပ်တဲ့ ဗော့ဒ်ကာ အမျိုးအစားပါ။ ဗော့ဒ်ကာတွေက အရက်ပြင်းတွေဆိုတာ လူတိုင်း သိကြပါတယ်။ Spirytus Vodka ကတော့ Alcohol Proof 192 ( Alcohol By Volume (ABV)- 96%) အထိ ရှိပါတယ်။

(၂) Everclear 190

Everclear 190

Photo : spoonuniversity
အပေါ်မှာ ပြောခဲ့တဲ့ အမေရိကန်ထုတ် အရက်ပါ။ Everclear 190 ဟာ နာမည်အတိုင်း Alcohol Proof 190 (Alcohol By Volume (ABV) – 95%) ရှိပါတယ်။

(၃) Golden Grain 190

Golden Grain

Photo : thrillist

နောက်ထပ်အမေရိကန်ထုတ် အရက်ပြင်းတစ်မျိုးက Golden Grain 190 ဖြစ်ပါတယ်။ Golden Grain 190 နဲ့ Everclear 190 က ပြင်းအားချင်းတူပါတယ်။ Alcohol Proof 190 (Alcohol By Volume (ABV) – 95%) ပါ။

(၄) Bruichladdich X4 Quadrupled Whiskey

Bruichladdich X4 Quadrupled Whiskey

Photo : allthingswhisky

စကော့တလန်ထုတ် ဝီစကီတွေထဲမှာ Bruichladdich X4 Quadrupled Whiskey က အပြင်းဆုံး လို့ ပြောနိုင်ပါတယ်။ Bruichladdich X4 Quadrupled Whiskey ဟာ Alcohol Proof 184 ( Alcohol By Volume (ABV) – 92%) အထိ ရှိပါတယ်။

(၅) Hapsburg Absinthe X.C

bartender-preparing-absinthe

Photo : themanual

Hapsburg Absinthe X.C က အီတလီချက် အရက် ဖြစ်ပါတယ်။ Alcohol Proof 179 ( Alcohol By Volume (ABV) – 89.9%) ရှိပါတယ်။
တခြား ယမကာ တွေထဲက ကမ္ဘာ့ အပြင်းဆုံး အရက်စာရင်းဝင်တာတွေက စကော့တလန်ထုတ် Pincer Shanghai Strength – Alcohol Proof 177 ( Alcohol By Volume (ABV) – 88.8%) ၊ ဘူလ်ဂေးရီးယားထုတ် Balkan 176 Vodka – Alcohol Proof 176 ( Alcohol By Volume (ABV) – 88%) ၊ စိန့် ဗင်းဆင့်က ချက်လုပ်တဲ့ Sunset Very Strong Rum – Alcohol Proof 169 ( Alcohol By Volume (ABV) – 84.5%) ၊ ဩစတြေးလျထုတ် Stroh 160 Rum – Alcohol Proof 160 ( Alcohol By Volume (ABV) – 80%) ၊ အမေရိကန်ပြည်ထောင်စုက Devil’s Springs Vodka 160 – Alcohol Proof 160 ( Alcohol By Volume (ABV) – 80%) ၊ ပွာတို ရီကိုက Bacardi 151- Alcohol Proof 151 ( Alcohol By Volume (ABV) – 75.5%) ၊ ချက် သမ္မတနိုင်ငံက ထုတ်လုပ်တဲ့ King of Spirits Absinthe – Alcohol Proof 140 ( Alcohol By Volume (ABV) – 70%) ၊ ဂရန်းနာဒါက ထုတ်တဲ့ Clarke’s Court Pure White Rum – Alcohol Proof 138 ( Alcohol By Volume (ABV) – 69%) နဲ့ Rivers Royale Grenadian Rum – Alcohol Proof 138 ( Alcohol By Volume (ABV) – 69%) တို့ပဲ ဖြစ်ပါတယ်။

Featured Photo : themanual