ဂျင်းဘောင်းဘီ ချစ်သူ ကွီး တို့အနေနဲ့ ဂျင်းဘောင်းဘီ တစ်ထည်သည် ကိုယ့်ရဲ့ ဖက်ရှင်ကို လွတ်လပ်ပေါ့ပါးပြီး စတိုင်လ်ကျလှပအောင် ကူညီပေးနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား။
ဂျင်းဘောင်းဘီ ဘရန်းတွေ အမျိုးမျိုးရှိတဲ့အနက်မှ အရည်အသွေးကောင်းတဲ့ နာမည်ကြီး ဘရန်းကိုမှ ဝယ်ယူဆင်မြန်းချင်တဲ့ ကွီး တို့ အတွက် ဒီတစ်ခါမှာတော့ ဈေးအကြီးဆုံး ဂျင်းဘောင်းဘီ များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Levi’s
Photo: Walmart
Levi’s သည် ဈေးကွက်ထဲတွင် ၁၉၆၀ ပြည့်နှစ်များကတည်းက ဝင်ရောက်လာတာဖြစ်ပါတယ်။ အခုဆိုလည်း တော်တော်လေးကို နာမည်ကြီးလာခဲ့ပါပြီ။ ကွာလတီလည်းကောင်းပြီး ဝတ်ဆင်ရတာ သက်သောင့်သက်သာဖြစ်စေပါတယ်။
Wrangler
Photo: Models.com
Wrangler တွေ စထုတ်လုပ်တုန်းကတော့ နွားကျောင်းသားတွေအတွက် ရည်ရွယ်ကာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းခေတ်စားလာကာ လူအများ လွယ်လင့်တကူဝတ်ဆင်ဖို့ရန်အတွက် ထုတ်လုပ်လာခဲ့ပါတယ်။ ဈေးနှုန်းလည်း သင့်တင့်မျှတပါတယ်။
Calvin Klein
Photo: Pinterest
Calvin Klein ကတော့ ဒီဇိုင်နာဂျင်းဘောင်းဘီတစ်ခုပါ။ သမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင် Calvin Klein သည် သူတို့ရဲ့ ပထမဦးဆုံးဂျင်းကို ၁၉၇၀ ပြည့်နှစ်တုန်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး တစ်ပတ်တည်းနဲ့တင် ပစ္စည်းတွေ ပြတ်ကုန်တဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။
Diesel
Photo: Cuirs-guignard
Disel ဂျင်းဘောင်းဘီသည်လည်း ၁၉၇၀ ပြည့်နှစ်တုန်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဂျင်းတစ်ထည်ကို ဒေါ်လာ ၂၂၈ ကုန်ကျမှာဖြစ်ပါတယ်။
Balmain
Photo: 2021factorystore
Balmain သည် Luxury ဆန်သော ဂျင်းဘောင်းဘီတံဆိပ်တစ်ခုပါ။ သူ့ရဲ့ဂျင်းတစ်ထည်တန်ဖိုးသည် ဒေါ်လာ ၁၄၈၉ ဒေါ်လာ ရှိပါတယ်။ ဆယ်လီအများစုလည်း Balmain ကို ကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။
Off-White
Photo: Giglio
Off-White ကတော့ ဂျင်းတစ်ထည်တည်းနဲ့တင် ဒေါ်လာ ၉၈၆ ဝန်းကျင်ရှိပါတယ်။ ကွီးတို့အနေနဲ့ အကောင်းစားတွေကိုမှ နှစ်သက်တယ်ဆိုရင်တော့ Off-White ကို ရွေးချယ်နိုင်ပါတယ်။
Amiri
Photo: Editorialist
Amiri ရဲ့ ထူးခြားချက်တစ်ခုကတော့ ဂျင်းအပြဲစတိုင်လ်ပဲဖြစ်ပါတယ်။ Punk ဂီတချစ်သူများအကြား နာမည်ကြီးတဲ့ အကောင်းစားဂျင်းဘောင်းဘီတံဆိပ်တစ်ခုဖြစ်ပါတယ်။
Polo Ralph Lauren
Photo: Ralph Lauren
အကြမ်းအခံဆုံးနဲ့ အရေအသွေးအကောင်းဆုံး ဂျင်းတံဆိပ်တွေထဲမှာ Polo Ralph Lauren ကတော့ A-List ထဲ ဝင်ထားပါတယ်။ ဒီတံဆိပ်သည် ဝတ်ဆင်လိုက်တဲ့အခါ ဝတ်ဆင်ထားသူနဲ့ တစ်သားတည်းကျသွားစေပြီး ဖက်ရှင်ကျစေမှာအမှန်ပါပဲ။
G-Star Raw
Photo: G-Star RAW
G-Star Raw တွေရဲ့ ဒီဖိုင်းကတော့ ပေါ့ပါးလွတ်လပ်တဲ့အသွင်ရှိပြီး Street Style နှစ်သက်တဲ့ ကွီးတို့အတွက်တော့ အကြိုက်တွေ့စေမှာပါ။ ဒီဇိုင်းအမျိုးမျိုး၊ ဆိုဒ်အမျိုးမျိုး ရွေးချယ်နိုင်ပြီး မြင်လိုက်တာနဲ့တင် ကြွေသွားစေမယ့် တံဆိပ်တစ်မျိုးပါ။
Tommy Hilfiger
Photo: Tommy
ကွီးတို့အနေနဲ့ ကြာရှည်ခံပြီး အရည်အသွေးကောင်းမွန်ကာ ဖက်ရှင်ကျတဲ့ ဂျင်းဘောင်းဘီတံဆိပ်တွေကို ရှာဖွေနေတယ်ဆိုရင်တော့ Tommy Hifliger ကိုလည်း ချန်လှပ်ထားလို့မရပါဘူး။ သူ့ရဲ့ဒီဇိုင်းက အခြားသောဂျင်းတွေနဲ့ မတူဘဲ ပိုမိုထူးခြားပါတယ်။ ဒါကတော့သူ့ရဲ့အားသာချက်ပါ။
Source: Briefly.co.za
Featured Image: Luxe.digital