ယောကျာ်းလေးဆိုရင် အရပ် ရှည်ရှည် ထောင်ထောင်မောင်းမောင်းဖြစ်မှ ကြည့်ကောင်းတယ်ဆိုတဲ့ အမြင်မျိုးက ၂ဝရာစုမှာ ကျန်ခဲ့ပါပြီ။ ၂၁ ရာစုမှာတော့ သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီအောင် ဆင်ယင်တတ်မယ့် ဖက်ရှင် အမြင်ပဲလိုပါတယ်။ ကိုယ့်ကိုယ်ကို အရှိအတိုင်းလက်ခံပြီး အကောင်းဆုံးပြင်ဆင်တတ်ခြင်းက အရပ်မရှည်ရင်တောင် Self-Confidence အပြည့်ရှိစေလို့ တမူထူးခြားစွာကြည့်ကောင်းနေစေမှာ အသေချာပါပဲ။ ကဲဒါဆိုရင် အရပ်မရှည်ရကောင်းလားဆိုပြီး စိတ်ညစ်နေစရာမလိုတော့အောင် လမ်းညွှန်ပေးနိုင်မယ့် Tips လေးတွေ မျှဝေပေးပါရစေခင်ဗျာ။
(၁) Fitting ကျမယ့် အဝတ်စားမျိုးကို ရွေးချယ်ပါ
Photo : DMARGE
Fitting ဆိုရင် ကျပ်သပ်နေတဲ့ Cutting မျိုးကို ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ရဲ့ အချိုးအဆစ်နဲ့ အညီ ကိုယ့်အတွက်သီးသန့် ကိုယ်တိုင်းပေးပြီး ချုပ်ထားတယ်ထင်ရအောင် အံဝင်ခွင်ကျဖြစ်နေမယ့် Cutting မျိုးကို ဆိုလိုတာပါ။ ဥပမာပြောရရင် ရှည်ထွက်နေတဲ့ဘောင်းဘီမျိုးကို ခေါက်ဝတ်ထားတာထပ် ဆိုင်မှာသွားတိပြီးမှ ဝတ်တာမျိုးပေါ့။
(၂) Oversized Cutting မျိုးကို အထူးရှောင်ပါ
Photo : The Courier
ပွယောင်းယောင်းဖက်ရှင်တွေဟာ ရှိရင်းစွဲအရပ်ထပ် ပုသယောင်ထင်ရစေပါတယ်။ ဥပမာအနေနဲ့ Oversized ကုတ်အင်္ကျီတွေကို ဝတ်မယ်ဆိုရင် အင်္ကျီအရှည်ဟာ ခါးအောက်ထိကျပြီး အိတ်ကပ်အကြီးကြီးတွေ ပါတာကြောင့် အမြင်အားဖြင့် ပိုမိုကျုံ့ဝင်သွားစေပါတယ်။ ဒါကြောင့်ကိုယ့်ခါးအရှည်နဲ့ကွက်တိကျမယ့် ကုတ်မျိုးကိုဝတ်ဆင်ခြင်းက အကောင်းဆုံးပါပဲ။
(၃) ရိုးရှင်းပြီးလိုက်ဖက်မယ့် အရောင်တစ်မျိုးသာတွဲဝတ်ပါ
Photo : Business Insider
အပေါ်အောက်တွဲဝတ်ရာတွင် အဆက်စပ်မရှိသောအရောင်များဝတ်မည်ဆိုလျှင် အရပ်ကိုပိုပုသွားစေတတ်ပါတယ်။ ဥပမာ- ရှပ်အင်္ကျီကိုဆင်စွယ်ရောင်ရွေးထားရင် ဘောင်းဘီကိုလည်း အရောင်နုဘက် သွားတာမျိုးသာတွဲဝတ်ပါ။ ဒါဆိုရင်မြင်ရတာရိုးရှင်းပြီး ရှိရင်းစွဲထပ်ရှည်တယ်ထင်ရအောင်ကို ကြော့မော့နေမှာဖြစ်ပါတယ်။
(၄) Pattern စိပ်တဲ့အဆင်မျိုးသာ ရွေးဝတ်ပါ
Photo : Wingman Magazine
ထူထဲတဲ့အစင်းကြောင်းများ၊ အကွက်ကျဲများပါတဲ့ အဝတ်အစားမျိုးကို အထူးရှောင်ပါ။ ဘာလို့ဆိုရင် အကွက်ကျဲကြီးတွေနဲ့ ထူထဲထဲအစင်းကြောင်းတွေက သင့်ကိုရှိရင်းစွဲထပ် ပိုသေးညှက်တယ်ထင်ရစေပါတယ်။ ဒါကြောင့်အကွက်စိပ်ပြီး သေးမျှင်တဲ့အစင်းလိုင်းများပါတဲ့ အဆင်မျိုးကိုသာရွေးချယ်လိုက်ပါ။
Featured Photo : Pinterest