လူတစ်ယောက် အရပ်ပုရခြင်းသည် သူ့ရဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို သူ့ရဲ့ နေထိုင်စားသောက် ကြီးပြင်းပုံနဲ့လည်း သက်ဆိုင်ပါတယ်။ လက်ပျဉ်းကုန်းကုန်း၊ ခါးကုန်းကုန်း ထိုင်မယ်ဆိုရင်တော့ သင့်ရဲ့ အရပ်က ပိုပုသယောင် ဖြစ်စေပါတယ်။ အရပ်ပု တဲ့ ကွီး တို့ အရပ်ပိုရှည်လာအောင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကြိုးစားနိုင်သလို ကိုယ့်ရဲ့ ဖက်ရှင် ဝတ်စားဆင်ယင်ပုံပေါ် မူတည်ပြီးလည်း အရပ်ပိုရှည်သယောင် ဖန်တီးနိုင်ပါတယ်။
အရပ်ပု တဲ့ ကွီး တို့အနေနဲ့ အရပ်ပိုရှည်လာချင်တယ်ဆိုရင် အကြောဆန့်လေ့ကျင့်ခန်းများ များများ ပြုလုပ်ခြင်း၊ တစ်နေ့လျှင် အနည်းဆုံး ၇ နာရီမှ အများဆ့ုး ၉ နာရီအထိ အိပ်စက်ခြင်း၊ ရေဓာတ်ပြည့်ဝစွာ နေထိုင်ခြင်း အစရှိတဲ့ ကျန်းမာရေးနည်းလမ်းများကို ကျင့်သုံးနိုင်သလို အခုဖော်ပြပေးမယ့် ဖက်ရှင် Tips များကိုလည်း လိုက်နာနိုင်ပါတယ်။
ပွယောင်းလွန်းသော အင်္ကျီများ ဝတ်ဆင်ခြင်း ရှောင်ကြဉ်ပါ
Photo: StyleupK – Medium
အင်္ကျီပွပွ၊ ဘောင်းဘီပွပွများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဝတ်ဆင်မိတဲ့အခါ သင့်ကို လူကောင်ပိုသေးသွားသလို မြင်တွေ့ရစေမှာဖြစ်ပြီး အရပ်ပိုပုသွားစေမှာဖြစ်ပါတယ်။
ခါးပတ်မဝတ်ပါနဲ့
ခါးပတ် ဝတ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ကို နှစ်ခြမ်းပိုင်းထားလိုက်သလို မြင်တွေ့ရစေပါတယ်။ သင့်ကို ပိုမိုဝသွားစေပြီး ပိုပုသွားစေပါတယ်။ ဒါ့ကြောင့် ခါးပတ်မပတ်လိုက်ပါနဲ့။
ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို သေချာရွေးချယ်ပါ
သင့်ရဲ့ အရပ်နှင့် ခန္ဓာကိုယ် အချိုးအစားတို့ဖြင့် လိုက်ဖက်တဲ့ အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဥပမာ သင့်လက်ကောက်ဝတ်က သေးတယ်ဆိုရင် လက်ပတ်နာရီသေးသေးလေးပဲ ဝယ်ဝတ်ပါ။ လက်ပတ်နာရီအကြီး ဝယ်ဝတ်မယ်ဆိုရင် နာရီက ပိုကြီးသွားစေပြီး သင့်ကို ပိုလူကောင် ပိုသေးသွားစေပါတယ်။
High Waisted ဘောင်းဘီများ ဝတ်ဆင်ပါ
Photo: Lyst
အရပ်ပိုရှည်သယောင် ဖန်တီးချင်တယ်ဆိုရင်တော့ ချက် အောက်နား လျောဝတ်ရတဲ့ ဘောင်းဘီတွေကို ရှောင်ပါ။ ခါးအထက်ထိ ဝတ်ဆင်ရတဲ့ High Waisted ဘောင်းဘီများကို ရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။
အကွက်အဆင် အသေးများ ရွေးချယ်ပါ
Photo: Lazada.sg
ဒေါင်လိုက် အစင်းကျား ဖက်ရှင်များ၊ အလျားလိုက် အစင်းကျားဖက်ရှင်များ၊ အကွက်ဖက်ရှင်များ၊ အပွင့်အခက်ဖက်ရှင်များ ရွေးချယ်တဲ့အခါ အကွက်အဆင် သေးတဲ့ အဝတ်အထည်များကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒါမှ အရပ်ပု တဲ့ ကွီး တို့ကို အရပ်ရှည်သယောင် ဖန်တီးပေးမှာဖြစ်ပြီး ဖက်ရှင် လည်း ကျစေမှာဖြစ်ပါတယ်။
အရောင်များကို လိုက်ဖက်စွာ ဝတ်ဆင်ပါ
အရောင်များကို လိုက်ဖက်စွာ ဝတ်ဆင်ခြင်းသည်လည်း သင့်ကို အရပ်ပိုရှည်သယောင် ခံစားရစေမှာပါ။ ကိုယ် ရွေးချယ်လိုက်တဲ့ အရောင်က မလိုက်ဖက်ဘူးဆိုရင်တော့ သင့်ရဲ့အရပ်ကို ပိုပုသွားသယောင် ခံစားရမှာဖြစ်ပါတယ်။
မိမိကိုယ်တိုင်းနဲ့ ချုပ်ထားသော ဝတ်စုံများကို ရွေးချယ်ပါ
ပွယောင်းလွန်းတဲ့ အင်္ကျီ၊ ဘောင်းဘီတွေထက်စာရင် ဒီဇိုင်နာနဲ့ သေချာအပ်ထားပြီး ကိုယ်တိုင်းနဲ့ သေချာတိုင်းချုပ်ထားတဲ့ အဝတ်အစားများကတော့ သင့်ရဲ့ဖက်ရှင်ကို ပိုမိုကြည့်ကောင်းနေစေပြီး ပိုမိုအရပ်ရှည်သွားသယောင် ဖြစ်သွားစေမှာ အမှန်ပါပဲ။
Source: Tailorstore
Featured Image: Stylegirlfriend