အရပ်ဆိုတာ ရှည်ချင်တိုင်း ဆွဲဆန့်လို့ မရပါဘူး။ ဒါပေမယ့်လည်း ရှိရင်းစွဲ အရပ်အမောင်းကိုတော့ အမြင်အားဖြင့် ရှည်သယောင် ၊ ပုသယောင် ဖြစ်အောင် ပုံဖော်လို့ ရပါတယ်။ ပုံမှန်အရပ်အမောင်းပိုင်ရှင်တစ်ယောက်အနေနဲ့ ကိုယ်ဝတ်လိုက်တဲ့ ဖက်ရှင်ကြောင့် အရပ်ပုသလိုမျိုး ဖြစ်မသွားစေဖို့ အကြံတချို့ ပေးချင်ပါတယ်။

(၁) သင့်တော်တဲ့ Jeans အရှည် မဝတ်ခြင်း

Jeans

Photo : Pexels

Jeans ဖက်ရှင်တွေက ဝတ်တတ်ရင် အရပ်ပုသူကိုတောင် အရပ်ရှည်သယောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Jeans ဘောင်းဘီအောက်အနားဟာ ခြေကျင်းဝတ်အထိ ရောက်ပြီး သပ်သပ်ရပ်ရပ် ရှိဖို့ လိုပါတယ်။ အရှည်ဆိုဒ် မှန်ဖို့အပြင် ပေါင်နေရာတွေ ပွတာမျိုး မဖြစ်ဖို့လည်း အရေးကြီးပါတယ်။

(၂) ဆိုဒ်ပွ Jacket ဝတ်ခြင်း

Jacket

Photo : Pexels

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကိုယ်နဲ့ Right Fit မဖြစ်တဲ့ ဖက်ရှင်တွေက လူကို ပုပွပွကြီး ဖြစ်စေလို့ ရှောင်ကြဉ်သင့်ပါတယ်။

(၃) ခုံမြင့် Heavy Soled Shoes စီးခြင်း

Processed with VSCO with hb2 preset

Photo : Pexels

အောက်ခုံမြင့် ရှုးစ်တွေ စီးတာဟာ လူကို အရပ်မြင့်သွားစေသယောင်ထင်ရပေမယ့် ယောကျာ်းတစ်ယောက်အတွက် ကြည့်မကောင်းသလို ခြေထောက်တွေကို ပိုတိုသွားစေတယ်လို့ပါ မြင်စေနိုင်ပါတယ်။

(၄) ခပ်ကြီးကြီး Bulky အသုံးအဆောင်တွေ သုံးခြင်း

Watch

Photo : Pexels

အဝတ်အစားအပြင် လူပေါ်မှာ ဆင်ယင်တဲ့ ခါးပတ် ၊ နက်ခ်တိုင် ၊ နာရီ စတဲ့ Accessory တွေကို ကျစ်ကျစ်လျစ်လျစ် နဲ့ ကိုယ့်ကိုယ်လုံး ကိုယ်ပေါက်နဲ့ အချိုးပြေပြစ်တဲ့ ဆိုဒ်မျိုးပဲ ရွေးချယ်သင့်ပါတယ်။ ဆိုဒ်ကြီးကြီးတွေ သုံးတာက လူကို အရပ်ပိုပုသွားစေဖို့ ထောက်ခံနေသလို ဖြစ်နိုင်ပါတယ်။

(၅) Layering အရွေး မှားခြင်း

Man Fashion

Photo : Pexels

ဖက်ရှင်အနေနဲ့ အပေါ်ထပ်အင်္ကျီ Layering တွေ ဝတ်မယ်ဆိုရင်လည်း အရောင် နဲ့ အစင်းအရွေးမှန်ဖို့ လိုပါတယ်။ ကာလာတစ်ရောင်တည်း Layering တွေက အရပ်ပုသူတွေအတွက် အရပ်ကို ပိုဆန့်ထွက်စေနိုင်ပါတယ်။ အရောင်ကိုလည်း Solid ဆန်တဲ့ အရောင်ရင့်တာမျိုး ရွေးချယ်ပြီး အပေါ်ဝတ်ကိုလည်း အကွက်တွေထက် ပြောင်ဖက်ရှင်ကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

Featured Photo : mensjournal