ကွန်ဒုံးအပါအဝင် လုံခြုံစိတ်ချရတဲ့ ရွေးချယ်စရာ သန္ဓေတားဆေး တွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ အကာအကွယ်မဲ့ ချစ်တင်းနှော ပြီးနောက်မှာ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုကို ပြောပါဆိုရင်တော့ အရေးပေါ်သန္ဓေတားဆေး သောက်တာပါ။ ဒီတစ်ခေါက်တော့ အရေးပေါ် သန္ဓေတားဆေးနဲ့ ပတ်သတ်ပြီး ကွီးတို့ သိကိုသိထားရမယ့် ကောင်းကျိုးဆိုးပြစ်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ၇၂ နာရီအတွင်း သောက်ဖို့လိုတယ်

Emergency Contraception

Photo : Healthline

အကာအကွယ် မပါပဲ ချစ်တင်းနှော ပြီးနောက်မှာ အရေးပေါ် သန္ဓေတားဆေးကို ၇၂ နာရီအတွင်း သောက်မှသာ ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ မြန်မြန်သောက်လေ ထိရောက်မှု ပိုရှိလေပါပဲ။ ဖြစ်နိုင်ရင် ဆက်ဆံပြီးပြီးချင်း သောက်ပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

(၂) အလွယ်တကူ ရနိုင်တယ်

Emergency Contraception

Photo : Health

အရေးပေါ် သန္ဓေတားဆေးတွေကို လွယ်လွယ်ကူကူ ဝယ်ယူလို့ ရနိုင်တာကလည်း အားသာချက် တစ်ခုလို့ ပြောရပါမယ်။ ဆရာဝန် ထောက်ခံချက် ၊ ဆေးစာမပါပဲ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ ရပါတယ်။

(၃) မြန်မြန်သောက်ပါက ထိရောက်မှုပိုရှိတယ်

Emergency Contraception

Photo : Devon Sexual Hea

ဆက်ဆံပြီးချင်း ၂၄ နာရီအတွင်း သောက်မယ်ဆိုပါက ဆေးရဲ့ အာနိသင်ဟာ ၉၅ ရာခိုင်နှုန်းအထိ ထိရောက်မှု ရှိပါတယ်။ ၂၅ နာရီကနေ ၄၈ နာရီအတွင်း သောက်သုံးမယ်ဆိုရင် ကိုယ်ဝန်ကာကွယ်နိုင်တဲ့ ထိရောက်မှုဟာ ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် အရေးပေါ်သန္ဓေတား ဆေးတွေဟာ မြန်မြန်သောက်လေ ထိရောက်မှုပိုရှိလေပါ။

(၄) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေနဲ့ ပတ်သတ်ပြီး စိတ်ပူရတယ်

STIs

Photo : Madison Women’s Health

အရေးပေါ် သန္ဓေတားဆေးတွေဟာ ကြိုတင် မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ် နိုင်ပေမယ့် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ပါဘူး။ အကာအကွယ်မဲ့ ဆက်ဆံခြင်းဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေ ကူးစက်ခြင်းနဲ့ STDs ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

(၅) ဟော်မုန်း မညီမျှမှုကို ဖြစ်စေတယ်

Hormonal Imbalance in Women
Photo : Kauvery Hospital

အရေးပေါ်သန္ဓေတားဆေးတွေကို သောက်သုံးခြင်းကနေ ကြုံရနိုင်တဲ့ ဆိုးကျိုးတွေထဲက တစ်ခုကတော့ ဟော်မုန်း မညီမျှမှုကို ဖြစ်စေနိုင်တာပါပဲ။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းညီမျှမှုကို ပျက်စီးစေပြီး မျိုးဥထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။ အရေးပေါ် သန္ဓေတားဆေးဟာ အရေးပေါ်အခြေအနေမှာသာ သောက်သုံးရမှာဖြစ်ပြီး မကြာခဏဆိုသလို သောက်မယ်ဆိုရင် ဟော်မုန်းဆိုင်ရာ ပြဿနာများစွာကို ဖန်တီးပေးပါလိမ့်မယ်။

Source : My Fit Brain

Featured Photo : Uterus.com