အမျိုးသားအများစုက ကိုယ့်ရဲ့ လိင်တံအရွယ်အစားနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိတတ်ကြပါတယ်။ ဒါ့အပြင် လေ့လာမှုတစ်ခုအရ အမျိုးသား ၄၅ ရာခိုင်နှုန်းခန့်က ကိုယ့်ရဲ့ လိင်တံအရွယ်အစားကို မကျေမနပ်ဖြစ်ပြီး ပိုကြီးလိုသော ဆန္ဒရှိကြတယ်လို့ ဆိုပါတယ်။ လိင်တံအရွယ်အစားပိုကြီးမှ အိပ်ရာပေါ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိကြပြီး တစ်ဖက်သားကိုလည်း ပိုမိုသာယာမှုပေးစွမ်းနိုင်မယ်လို့ ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့ လိင်မှုကိစ္စမှာ အရွယ်အစားက အဓိက မကျပါဘူး။ ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ စကေးရှိဖို့ပဲ လိုပါတယ်။

သက်လုံကောင်းအောင်လုပ်ပါ

အရွယ်အစားက အဓိက

Photo : USA Today

အိပ်ရာပေါ်မှာ သက်လုံကောင်းကောင်းနဲ့ နှစ်ဦးနှစ်ဖက်လုံး စိတ်ကျေနပ်အောင် စွမ်းဆောင်နိုင်တာက စကေးတစ်ခုပါပဲ။ သက်လုံကောင်းဖို့ဆိုရင် ခန္ဓာကိုယ်ကျန်းမာနေမှ ဖြစ်မှာပါ။ ကျန်းမာကြံ့ခိုင်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ တိုးတက်လာစေဖို့ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းက လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ကွီးတို့ ကျန်းမာကြံ့ခိုင်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အတွက် အကျိုးပြုဖို့ အစားအစာတွေကလည်း ကူညီပေးနိုင်ပါတယ်။ အချို့သော အစားအစာတွေက သွေးစီးဆင်းမှုကို အားကောင်းစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးကာ သက်လုံကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

Foreplay ကို အလေးထားပေးပါ

အရွယ်အစားက အဓိက

Photo : Muscle and Fitness

ကွီးတို့ရဲ့ လက်တွဲဖော်ကို စိတ်ကျေနပ်သာယာမှု အပြည့်အဝပေးနိုင်ပြီး သာယာသော လိင်ဆက်ဆံမှု ဖြစ်စေဖို့ဆိုရင် Foreplay ကို အလေးထားပြီး လှုပ်ရှားတတ်ခြင်းကလည်း ကွီးတို့ ရှိသင်တဲ့ စကေးတစ်ခုပါပဲ။ Foreplay မှာ ထိတွေ့ခြင်း၊ နမ်းခြင်း၊ ပွေ့ဖတ်ခြင်း၊ ညင်သာစွာ ပွတ်သပ်ခြင်း၊ လက်ဖြင့် စတင်ခြင်းနဲ့ အချင်းချင်း၏ လိင်အင်္ဂါများကို ထိတွေ့ခြင်း စတဲ့ အမျိုးမျိုးသော မတူညီတဲ့ လုပ်ဆောင်မှုများ ပါဝင်နိုင်ပါတယ်။ Foreplay ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လိင်စိတ်အားထက်သန်မှုကို တိုးလာစေရန်နှင့် အထူးသဖြင့် အမျိုးသမီးများအတွက် လိင်ဆက်ဆံရန်အတွက် ခန္ဓာကိုယ်မှ အလိုအလျောက် ချောဆီများထွက်လာပြီး လိင်ဆက်ဆံမှုကို အဆင်ပြေစေရန် ဖြစ်ပါတယ်။ ဒီအချက်ကို အလေးထားလုပ်ဆောင်ခြင်းဖြင့် ကွီးတို့နှစ်ယောက်လုံး စိတ်ကျေနပ်မှု အပြည့်အဝ ရစေမယ့် နည်းလမ်းကောင်းလေးတစ်ခု ဆိုလည်း မမှားပါဘူး။

အသစ်အဆန်းလေးတွေ စမ်းသပ်ကြည့်ခြင်း

Photo : The Sun

လိင်ဆက်ဆံမှုမှာ တစ်ဖက်သားကို စိတ်လှုပ်ရှားမှုတွေ၊ အသစ်အဆန်းခံစားချက်လေးတွေ ပေးစွမ်းနိုင်တာလည်း စကေးတစ်ခုပါပဲ။ မတူညီတဲ့ ပုံစံတွေ၊ နည်းလမ်းတွေကို အသုံးပြုပြီး လိင်မှုကိစ္စကို ဆောင်ရွက်ခြင်းကလည်း ခံစားမှု အသစ်အဆန်းကို ပေးစွမ်းနိုင်ပြီး ကွီးတို့ကို အမြင့်ဆုံး သာယာမှုဆီ ခေါ်ဆောင်ပေးနိုင်ပါတယ်။ နည်းလမ်းသစ်များဖြင့် အချင်းချင်း ထိတွေ့ပါ။ ဘယ်ဟာတွေက အကောင်းဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ မတူညီတဲ့ လိင်ပုံစံတွေကို လေ့လာပြီး စမ်းကြည့်နိုင်ပါတယ်။ ဒါ့အပြင် Sex Toys လေးတွေ အသုံးပြုတာမျိုးလည်း လုပ်နိုင်ပါတယ်။

ကွီးတို့ရေ သာယာပျော်ရွှင်သော လိင်မှုဘဝကို ရရှိဖို့အတွက် အရွယ်အစားက အဓိက မကျပါဘူး၊ ကွီးတို့ရဲ့ စွမ်းဆောင်နိုင်ရည်နဲ့ စကေးပဲလိုတာပါ။ နောက်တစ်ချက်အနေနဲ့ကတော့ ဘယ်လိုလိင်မှုဆက်ဆံရေးကို မဆို မစတင်ခင်မှာ လုံခြုံဘေးကင်းသော လိင်မှုဘဝကို ရရှိစေဖို့ လိုက်နာသင့်အရာများကို သိရှိနားလည်းထားဖို့လည်း အရေးကြီးပါတယ်။ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ရရှိစေဖို့ ဒီဆောင်းပါးလေးက အထောက်အကူပြုမယ်လို့လည်း မျှော်လင့်ပါတယ်။

Featured Photo : The Today Show