ကွီးတို့ရေ ကိုယ့်ရဲ့လိင်အင်္ဂါအရွယ်အစားကို စိတ်တိုင်း ကျပါရဲ့လား။ အမျိုးသား တော်တော်များများက ၎င်းတို့ရဲ့ လိင်တံ အရွယ်အစားနဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ လေ့လာမှုတစ်ခုအရ အမျိုးသား ၄၅ ရာခိုင်နှုန်းခန့်က မိမိရဲ့ လိင်တံအရွယ်အစားကို မကျေမနပ်ဖြစ်ပြီး ပိုကြီးလိုသော ဆန္ဒရှိကြတယ်လို့ ဆိုပါတယ်။ လိင်တံ အရွယ်အစားကြီးမှ လိင်မှုကိစ္စမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြပြီး တစ်ဖက်သားကလည်း ပိုမိုသဘောကျကာ သာယာပျော်ရွှင်မှုကို ပိုပြီပေးစွမ်းနိုင်တယ်လို့ ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့ လိင်တံအရွယ်အစားကြီးချင်တာက အမှားတော့ မဟုတ်ပေမယ့် အရွယ်အစားက လိင်မှုကိစ္စမှာ အရမ်းတော့ အရေးကြီးလှတယ် မဟုတ်ပါဘူး။ နာမည်ကျော် သုတေသီတွေက အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားက အမျိုးသမီး လိင်စိတ်ကျေနပ်မှုအပေါ် စစ်မှန်သော ဇီဝကမ္မဆိုင်ရာ သက်ရောက်မှုမရှိနိုင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ အရွယ်အစားထက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု စကေးရှိဖို့က ပိုအရေးကြီးတယ်လို့ ဆိုရမှာပါ။

ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် အိပ်ရာပေါ်မှာ နှစ်ဦးနှစ်ဖက် သာယာပျော်ရွှင်မှုကို ခံစားနိုင်ဖို့ လိုအပ်တဲ့ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

သက်လုံကောင်းဖို့ လိုပါတယ်

အရွယ်အစားထက် စကေးရှိဖို့က

Photo : Eat This Not That

ကွီးတို့ရေ စိတ်ကျေနပ်မှု အပြည့်အဝရဖို့ တစ်ဖက်သားကိုလည်း သာယာစေဖို့ အရွယ်အစားထက် လိုအပ်တဲ့ စကေးတစ်ခုကတော့ သက်လုံကောင်းဖို့ပါပဲ။ သက်လုံမကောင်းဘဲ အမောလည်း မခံနိုင်ဘူးဆိုရင် အိပ်ရာပေါ်မှာ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ သက်လုံကောင်းဖို့ဆိုရင် ခန္ဓာကိုယ်ကျန်းမာနေမှ ဖြစ်မှာပါ။ ကျန်းမာကြံ့ခိုင်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ တိုးတက်လာစေဖို့ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းက လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေနဲ့ ကောင်းမွန်သော အိပ်စက်ခြင်းရှိဖို့ကိုလည်း အလေးထားပါ။

Foreplay ကို အလေးထား လုပ်ဆောင်ပါ

အရွယ်အစားထက် စကေးရှိဖို့က

Photo : Muscles & Fitness

ဒီအချက်က သာယာပျော်ရွင်ဖွယ်ကောင်းတဲ့ လိင်မှုဆက်ဆံရေးကို ရရှိဖို့ လိုအပ်ချက်တစ်ခု ဖြစ်သလို ကွီးတို့မှာ ရှိသင့်တဲ့ စကေးတစ်ခုလည်း ဖြစ်ပါတယ်။အမျိုးသမီးများက အမျိုးသားများထက် အထွတ်အထိပ် ခံစားမှုကို ရောက်ရှိဖို့ အချိန်ပို ကြာတတ်ပါတယ်။ ဒီလို Foreplay ကို အလေးထား လုပ်ဆောင်ခြင်းဖြင့် သာယာပျော်ရွှင်မှုကို ရရှိဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ Foreplay မှာ ထိတွေ့ခြင်း၊ နမ်းခြင်း၊ ပွေ့ဖတ်ခြင်း၊ ညင်သာစွာ ပွတ်သပ်ခြင်း၊ လက်ဖြင့် စတင်ခြင်းနဲ့ အချင်းချင်း၏ လိင်အင်္ဂါများကို ထိတွေ့ခြင်း စတဲ့ အမျိုးမျိုးသော မတူညီတဲ့ လုပ်ဆောင်မှုများ ပါဝင်နိုင်ပါတယ်။ Foreplay ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လိင်စိတ်အားထက်သန်မှုကို တိုးလာစေရန်နှင့် အထူးသဖြင့် အမျိုးသမီးများအတွက် လိင်ဆက်ဆံရန်အတွက် ခန္ဓာကိုယ်မှ အလိုအလျောက် ချောဆီများထွက်လာပြီး လိင်ဆက်ဆံမှုကို အဆင်ပြေစေရန် ဖြစ်ပါတယ်။

Sex Toys လေးတွေ အသုံးပြုကြည့်ပါ

အရွယ်အစားထက် စကေးရှိဖို့က

Photo : BuzzFeed

Sex Toys များက တစ်ကိုယ်ရည် အာသာဖြေနေစဉ် (သို့) လက်တွဲဖော်တစ်ဦးဦးနဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုအတွင်း ခံစားမှုအထွတ်အထိပ်ကို ပိုမိုကောင်းမွန်စေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။ Sex Toys အချို့ကို အသုံးပြုခြင်းက လက်တွဲဖော်နှစ်ဦးစလုံးအတွက် လိင်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို တိုးမြင့်စေနိုင်ပါတယ်။ ဒါ့အပြင် လိင်မှုကိစ္စအတွက် ခံစားမှုအသစ်ကို ပေးစွမ်းနိုင်သလို ကွီးတို့ရဲ့ လိင်မှုဘဝကို ပိုပြီး တိုးတက်ကောင်းမွန်စေပါတယ်။ ဒါကလည်း ကွီးတို့သိထားသင့်တဲ့ အချက်တစ်ခုပါပဲ။

အလျင်စလို ပြုမူခြင်းကို ရှောင်ပါ

Photo : Salon.com

အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသမီးများက အထွတ်အထိပ်ရောက်ရန် အခက်အခဲရှိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားများအနေဖြင့် လုပ်နိုင်တဲ့ အကောင်းဆုံး တစ်ခုကတော့ အလျင်မလိုဘဲ သူမနဲ့အတူ လိုက်လျောညီထွေ ပြုမူဖို့ပါပဲ။ မိမိဆန္ဒကိုပဲ ဦးစားပေးပြီးအလျင်လိုတာမျိုး မပြုလုပ်ဘဲ ဖြည်းဖြည်းမှန်မှန်နဲ့ သဘာဝအတိုင်း လိုက်လျောညီထွေစွာ ပြုမူတတ်ဖို့က လိင်မှုကိစ္စမှာ ကွီးတို့ရှိသင့်တဲ့ စကေးတစ်ခုပါ။

အသစ်အဆန်းလေးတွေ စမ်းသပ်ကြည့်ခြင်း

Photo : www.self.com

လိင်ဆက်ဆံမှုမှာ တစ်ဖက်သားကို စိတ်လှုပ်ရှားမှုတွေ၊ အသစ်အဆန်းခံစားချက်လေးတွေ ပေးစွမ်းနိုင်တာလည်း စကေးတစ်ခုပါပဲ။ မတူညီတဲ့ နေရာတွေ၊ မတူညီတဲ့ ပုံစံတွေနဲ့ နည်းလမ်းတွေကို အသုံးပြုပြီး လိင်မှုကိစ္စကို ဆောင်ရွက်ခြင်းကလည်း ခံစားမှု အသစ်အဆန်းကို ပေးစွမ်းနိုင်ပြီး ကွီးတို့ကို အမြင့်ဆုံး သာယာမှုဆီ ခေါ်ဆောင်ပေးနိုင်ပါတယ်။ နည်းလမ်းသစ်များဖြင့် အချင်းချင်း ထိတွေ့ပါ။ ဘယ်ဟာတွေက အကောင်းဆုံးဖြစ်မလဲဆိုတာ သိနိုင်ဖို့ မတူညီတဲ့ လိင်ပုံစံတွေကို လေ့လာပြီး စမ်းကြည့်နိုင်ပါတယ်။

ကွီးတို့ရေ လိင်မှုကိစ္စမှာ အရွယ်အစားထက် ရှိသင့်တဲ့ စကေးတွေရှိဖို့က အ‌ရေးကြီးပါတယ်။ ဒါ့အပြင် ဒီအချက်တွေကို သေချာလိုက်နာရင် ကွီးတို့က အိပ်ရာပေါ်မှာ သေချာအစွမ်းပြနိုင်မှာပါ။

သဘာဝအတိုင်း လိင်တံကို ကြီထွားစေနိုင်ပါတယ်

Photo : IFLScience

လိင်တံအရွယ်အစားကို ကြီးထွားချင်တဲ့ ကွီးတို့အတွက်လည်း  သဘာဝအတိုင်း ကြီးထွားဖို့အတွက်လည်း လိုက်နာကျင့်သုံးနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒါတွေကတော့ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ များများစားပါ။ ။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသားတို့ရဲ့ လိင်တံအရွယ်အစားကို သိသိသာသက်ရောက်စေပြီး လိင်တံကိုရှည်စေကာ ကျန်းမာစေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို အတတ်နိုင်ဆုံး လျော့ချပါ။  ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း  ကလည်း အရေးကြီးပါတယ်။ နောက်တစ်ချက်ကတော့ ရေနွေးနွေးလေးနဲ့ ရေချိုးတာကလည်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အင်္ဂါအစိတ်အပိုင်းများ အတွင်းသို့ သွေးများစီးဆင်းရန် ကူညီပေးနိုင်ရုံသာမက လိင်တံ ကြီးထွားမှုကို အထောက်အကူပြုပါတယ်။

Source : Private Gym

Featured Photo : English Jagran