ကွီးတို့က ဖဲမွေ့ရာထက်မှာ အရှိန် အဟုန် ပြင်း ပြင်း နဲ့ ချစ်တင်းနှော ချင်တာလား။ ဒါဆိုရင်တော့ ကွီးတို့ လိုက်လုပ်ရမယ့် အချက်တွေက အများကြီးပါပဲ။ လေ့ကျင့်ခန်း များများလုပ်ဖို့လည်း လိုအပ်သလို အခုဖော်ပြမယ့် အစားအစာများကိုလည်း စားသုံးနိုင်ပါတယ်။

အခုဖော်ပြမယ့် အစားအစာများကတော့ ကွီးတို့ကို အမောခံနိုင်ပြီး သက်လုံကောင်းအောင် ကူညီပေးမှာဖြစ်ပြီး ဖဲမွေ့ရာထက်မှာ အရှိန် အဟုန် ပြင်း ပြင်းနဲ့ ချစ်တင်းနှော နိုင်မှာပဲ ဖြစ်ပါတယ်။

သလဲသီး

သလဲသီး

သလဲသီးကလဲ လိင်မှုဘဝ ကို ပိုမိုကောင်းမွန်စေတဲ့ အစားအစာများ ထဲက တစ်ခုပါ။ သလဲသီးဟာ သွေးစီးဆင်းမှုကို အားကောင်းစေပြီး အမျိုးသားရော အမျိုးသမီးပါ လိင်ဆက်ဆံမှုကို တိုးတက်စေမယ့် antioxidants တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာမှုများအရ ၎င်းတို့ကို ကျွန်တော်တို့ရဲ့ နေ့စဉ်စားသောက်မှုတွင် ပေါင်းစပ်ထည့်သွင်းခြင်းက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပြီး လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ပန်းသီး

ပန်းသီး

ပန်းသီး စားတဲ့အခါ ပန်းသီးကို အခွံခွာလေ့ ရှိပါသလား။ ဒါဆိုရင်တော့ ထိုအလေ့အကျင့်ကို ဖျောက်ဖျက်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပန်းသီးအခွံထဲမှာ ပါဝင်တဲ့ Ursolic Acid ဒြပ်ပေါင်းတစ်မျိုးသည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး ဆီးကျိတ်ကင်ဆာဆဲလ်များ ကြီးထွား ပြန့်ပွားလာခြင်းမှလည်း ကာကွယ်ပေးလို့ပဲ ဖြစ်ပါတယ်။

ဆော်လမွန်ငါး

အရှိန် ပြင်း ချစ်တင်းနှော

ဆော်လမွန်က နှလုံးကျန်းမာစေသော အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ကြွယ်ဝတဲ့ အစားအစာ ဆိုတာ ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ ဆော်လမွန် ငါးများအပြင် ဆာဒင်း၊ တူနာငါးနှင့် ကြက်ဟင်းခါးသီးတို့ကလည်း ကွီးတို့ရဲ့ ခန္ဓာကိုယ်နှင့် လိင်ဆက်ဆံမှုဘဝတို့ကို ကျန်းမာသန်စွမ်းစေရန်အတွက် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အိုမီဂါ-၃ က ကွီးတို့ရဲ့ သွေးလွှတ်ကြောများအတွင်း Plaque များစုပုံလာခြင်းကို တားဆီးရန် ကူညီပေးပါတယ်။ ၎င်းသည် ခန္ဓာကိုယ်အနှံ့ ကျန်းမာသော သွေးစီးဆင်းမှုဖြစ်စေပြီး သွေးစီးဆင်းမှု အားလည်းကောင်းစေပါတယ်။ ဤကဲ့သို့ သွေးလည်ပတ်မှုစနစ်ကို ချောမွေ့စေတာက လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်ကို ထိခိုက်စေသော အချို့သောရောဂါများ ဖြစ်နိုင်ခြေကို လျော့နည်းတယ်လို့ ဆိုပါတယ်။

ကညွှတ်

အရှိန် ပြင်း ချစ်တင်းနှော

ကညွှတ်ထဲတွင် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အမျှင်ဓာတ်များလည်း ပေါကြွယ်ဝပါတယ်။ ဒါ့အပြင် ဗီတာမင်စီ၊ ဗီတာမင် ကေ၊ ဖောလိတ်ဓာတ်နှင့် ပိုတက်ဆီယမ်တို့လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကညွှတ်များကို များများစားသုံးပေးခြင်းအားဖြင့် ကွီးတို့ရဲ့ ကျားဟော်မုန်းများ တိုးပွားလာအောင်လည်း လုပ်ဆောင်နိုင်ပါသေးတယ်။

မုန်လာဥနီ

အရှိန် ပြင်း ချစ်တင်းနှော

မုန်လာဥနီသည်လည်း Sperm အရေအတွက်နှင့် Sperm များ လှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေပြီး မျိုးမအောင်ခြင်းမှ ကာကွယ်ပေးပါတယ်။ ကွီးတို့အနေနဲ့ မုန်လာဥနီ မကြိုက်ဘူးဆိုရင်တောင်မှ ညီလေးရဲ့ ကျန်းမာရေးကို ထည့်စဥ်းစားပြီး များများစားသုံးပေးသင့်ပါတယ်။

ကွီးတို့ရော ဖဲမွေ့ရာထက်မှာ ကွီးတို့ စကီလေးနဲ့အတူတူ အရှိန် အဟုန် ပြင်း ပြင်း ချစ်တင်းနှော ဖို့အတွက် မကြိုးစားချင်ဘူးလား။

Source: Menshealth

Featured Image: Psychologytoday