အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ Erectile Dysfunction (ED) လို့ခေါ်တဲ့ ပန်းသေပန်းညိုး ပြဿနာဟာ ဖြစ်ပွားနိုင်ခြေ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ အိုမင်းရင့်ရော်ခြင်းရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေကို ထိန်းသိမ်းမယ်ဆိုရင် Erectile Dysfunction (ED) ပန်းသေပန်းညိုး ပြဿနာကို လျှော့ချနိုင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အသက်ကြီးပိုင်းမှ မဟုတ်ပဲ လူငယ်နဲ့ လူလတ်ပိုင်းတွေမှာလည်း ပန်းသေပန်းညိုး ပြဿနာ ၊ လိင်တံ ကောင်းစွာထောင်မတ်နိုင်စွမ်း လျော့ကျတဲ့ ပြဿနာ စတာတွေ အဖြစ်များလာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရှော်တီလေးနဲ့ အရှိန်ကောင်းတုန်းမှာ ကွီးတို့ရဲ့ မြွေကြီး အိပ်မသွားရလေအောင် ကာကွယ်တားဆီးနိုင်ဖို့ သိထားရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှု လျှော့ချပါ

Stress

Photo : Institute for Natural Medicine

ဒီဘက်ခေတ်မှာ လူငယ်လူကြီးမရွေး စိတ်ဖိစီးမှုဒဏ်တွေကို ရင်ဆိုင် ခံစားနေကြရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေဟာ သွေးကြောတွေကို ကျုံ့သွားစေတဲ့ Adrenaline ဟော်မုန်းဓာတ်တွေကို ပိုမိုထုတ်လွှတ်ပေးတာကြောင့် အမျိုးသားတွေမှာဆိုရင် မြွေကြီး တောင့်တင်းသန်မာမှုကို အား‌လျော့စေသလို လိင်မှုဘဝအပေါ်မှာလည်း ဆိုးကျိုးတွေ များစွာသက်ရောက် စေနိုင်ပါတယ်။

(၂) ပြင်းထန်ကြမ်းတမ်းတဲ့ ဆက်ဆံမှုတွေကို ရှောင်ရှားပါ

Risky Sex

Photo : FamilyDoctor.org

မယုံမရှိပါနဲ့။ ဖွားဖက်တော် ချို့ယွင်းမှု ပြဿနာရဲ့နောက်ကွယ်က အကြောင်းအရင်းတွေထဲမှာ ချစ်တင်းနှော နေစဉ်အတွင်း ဖြစ်ပွားတဲ့ မတော်တဆ ထိခိုက်ဒဏ်ရာတွေက တစ်ခုအပါအဝင်ပါ။ အဓိကအားဖြင့် ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ ပုံစံတွေ ၊ အန္တရာယ်တဲ့ ဆက်ဆံမှု ပုံစံတွေဟာ ကွီးတို့ရဲ့ မြွေကြီး ကို ထိခိုက်ဒဏ်ရာ ရရှိစေနိုင်ပြီး နောက်တွဲအနေနဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ ၊ လိင်အင်္ဂါချို့ယွင်းမှု ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

(၃) ဆေးလိပ်သောက်နေရင် ရပ်တန့်လိုက်ပါ

Quitting Smoking

Photo : International Diabetes Federation

အမျိုးသား အများစု ဆေးလိပ်နဲ့ မကင်းကြပါဘူး။ ဆေးလိပ်သောက်တာဟာ ကျန်းမာရေးအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပြီး အဓိကအားဖြင့် အမျိုးသားတွေမှာဆိုရင် ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းဓာတ်က သွေးကြောတွေကို ကျဉ်းစေတာကြောင့် လိင်တံဆီသို့ သွေးစီးဆင်းမှု ကောင်းကောင်း မရတော့ပဲ လိင်တံကမောက်ကမ ဖြစ်တဲ့ ပြဿနာတွေ ဖြစ်ပွားလာနိုင် ခြေများတာ ဖြစ်ပါတယ်။

(၄) Kegels လေ့ကျင့်ခန်းတွေ လုပ်ပါ

Kegels

Photo : Reader’s Digest Canada

Kegels လေ့ကျင့်ခန်း ဆိုတာဟာ တင်ပါးဆုံအတွင်းမှာရှိတဲ့ ကြွက်သားတွေကို သန်မာလာစေဖို့ လေ့ကျင့်ပေးရတဲ့ ကစားနည်း ဖြစ်ပါတယ်။ Kegels လေ့ကျင့်ခန်း Erectile Dysfunction (ED) ပန်းသေပန်းညိုး ပြဿနာကို လျှော့ချကာကွယ်ပေးနိုင်သလို သွေးစီးဆင်းမှုကိုလည်း တိုးတက်ကောင်းမွန်စေတာကြောင့် ဖွားဖက်တော် သန်သန်မာမာ ရှိစေပြီး လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

(၅) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

Weight
Photo : FizzUp blog

ကွီးတို့ အဝလွန်နေရင် ဝိတ်လျော့ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အမျိုးသားတစ်ယောက်မှာ အသက်အရွယ် ၊ အရပ်အမြင့်အပေါ် မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် ပမာဏတစ်ခုမှာ ရှိဖို့က အရေးကြီးပါတယ်။ အဝလွန်နေရင်လည်း မကောင်းသလို ဝိတ်နည်းနေရင်လည်း မကောင်းပါဘူး။ အဝလွန်ခြင်းကတော့ ဆီးချို ၊ သွေးတိုး ၊ နှလုံး စတဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်နေသလို ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ အာရုံကြောတွေနဲ့ သွေးကြောတွေကို ကျုံ့စေတဲ့အတွက် ပန်းသေပန်းညိုးနဲ့ လိင်တံကမောက်ကမဖြစ်မှု စတဲ့ ပြဿနာတွေကို ဖြစ်ပွားစေဖို့ ရာခိုင်နှုန်း များပါတယ်။

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကွီးတို့ မြွေကြီး အချိန်တိုင်း လန်းနေမယ်ဆိုတာ ယုံလိုက်ပါ။

Source : Wed MD

Featured Photo : RateMDs