ဖက်ရှင်ကျတဲ့ ဝတ်စားဆင်ယင်မှုမှာ ဖိနပ်တွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် ဖက်ရှင်ကို အလေးထားတဲ့ အမျိုးသား တော်တော်များများက ၎င်းတို့ရဲ့ ခေါင်းအစခြေအဆုံး ဂရုစိုက်လေ့ရှိပါတယ်။ အခုတစ်ခါမှာတော့ ဖက်ရှင်မှာ အရေးပါတဲ့ ဖိနပ်အမျိုးအစားများတွေထဲ Sneakers ဝယ်ချင်တဲ့ ကွီးတို့အတွက် ရွေးချယ်ဝယ်ယူနိုင်စေဖို့ အလန်းစား Sneakers များ ကိုဝေမျှပေးချင်ပါတယ်။
(၁) Vans Old Skool

Photo : Zappos.com
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ အလန်းစား Sneakers များထဲကတစ်ခုကတော့ Vans Old Skool ပဲဖြစ်ပါတယ်။ ဒီ Sneaker က အကောင်းဆုံး Sneakers ထဲက တစ်ခုပါ။ ရိုးရှင်းပြီး ဂန္တ၀င်ဆန်တဲ့ ပုံစံကိုပေးစွမ်းနိုင်တဲ့အပြင် သန့်ရှင်းသပ်ရပ်မှုနဲ့ အလွန်အကြမ်းခံမှုတို့ ကြောင့် လူကြိုက်များတဲ့ Sneaker ပါပဲ။ ဒါ့အပြင် စီးရတာလည်း သက်တောင့်သက်သာရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။
(၂) Air Jordan 1 Mid

Photo : Flight Club
နောက်ထပ်ဖော်ပြချင်တဲ့ Sneaker တစ်မျိုးကတော့ Nike ရဲ့ Air Jordan 1 Mid ပဲဖြစ်ပါတယ်။ ဒီ Sneaker ကတော့ အမျိုသားများအတွက် Icon တစ်ခုကို ပေးစွမ်းနိုင်တဲ့ ဖိနပ်ပါ။ တစ်နေ့ကုန် စီးထားလည်း ကွီးတို့ကို သက်တောင့်သက်သာ ရှိစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ဖက်ရှင်ကိုမိမိုက်စေဖို့ အားဖြည့်ပေးနိုင်တဲ့ အမျိုးအစားပါ။ သူရဲ့ ဈေးနှုန်းကတော့ ၁၂၅ ဒေါ်လာဝန်းကျင်ခန့် ရှိပါတယ်။
(၃) Adidas Stan Smith

Photo : statehouse.gov.sl
ကွီးတို့ရွေးချယ်နိုင်ဖို့ နောက်ထပ်ဖော်ပြချင်တဲ့ အလန်းစား Sneakers တစ်ခုကတော့ Adidas Stan Smith ဖြစ်ပါတယ်။ သူ့မှာရွေးချယ်စရာ အရောင်များရှိတဲ့ အပြင် ကွီးတို့ကို ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ်ကျစေပါတယ်။ ဒီဖိနပ်က ရေစိုခံတဲ့အပြင် တာရှည်ခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ပတ်ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။
(၄) Nike Air Monarch IV

Photo : Sneakerhead.com
Nike ကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ Sneakers အမျိုးအစားကတော့ Nike Air Monarch IV ပါ။ စတိုင်လ်ကျပြီး အဆင်ပြေတဲ့အတွက် ရွေးချယ်သင့်တဲ့ Sneakers တစ်ခုပါ။ ပေါ့ပေါ့ပါးပါး စီးဖို့အတွက်လည်း သင့်တော်ပါတယ်။ သူရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ဝန်းကျင်ခန့် ရှိပါတယ်။
(၅) Vans Slips-On

Photo : Sneakerhead.com
နောက်ထပ်ဖော်ပြပေးချင်တဲ့ အလန်းစား Sneakers တစ်ခုကတော့ Vans Slips-On ပဲ ဖြစ်ပါတယ်။ ဒီ Sneakers လေးက သက်တောင့်သက်သာရှိတဲ့ အပြင် ဝတ်ရတာ လွယ်ကူပါတယ်။ ဘယ်တော့မှ ရိုးမသွားမဲ့ စတိုင်လ်လည်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ ပတ်ဝန်းကျင်ရှိပါတယ်။
(၆) Nike Air Force 1 07 Hight

Photo : Hypebeast
ဘယ်လို ဝတ်စုံမျိုးနဲ့မဆို လိုက်ဖက်ပြီး အရမ်းသက်တောင့်သက်သာဖြစ်တဲ့ Sneakers ကိုရှာနေတယ်ဆိုလျှင် Nike Air Force 1 07 Hight ကရွေးချယ်ဖို့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခြေထောက်ကို ကောင်းစွာ ပံ့ပိုးနိုင်တဲ့ အပြင် စတိုင်လ်လည်း ကျစေပါတယ်။ ဈေးနှုန်းကတော့ ၁၂၅ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။
Source : Run Repeat
Featured Photo : Run Repeat
