တစ်နေကုန် အနားမရအောင် အလုပ်များ ခြင်းသည် ကွီး တို့ကို တခါတရံမှာ ခြေကုန်လက်ပမ်းကျစေတာကြောင့် တစ်နေ့တာလုံး နိုးကြားတက်ကြွစွာ နေထိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်း များကို ကျင့်သုံးသင့်ပါတယ်။

အလုပ်များခြင်းသည် တခါတရံမှာ ဘဝအတွက်ရော ကျန်းမာရေးအတွက်ပါ မကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိစေတယ်လို့ ထင်ရစေတတ်ပါတယ်။ ဒီလိုထင်နေရခြင်းသည် သင်သည် အချိန်ကို ကောင်းစွာ မစီမံ မခန့်ခွဲတတ်လို့ပဲဖြစ်ပါတယ်။

လုပ်စရာ အလုပ်တစ်ခုခုရှိနေခြင်း၊ အလုပ်များနေခြင်းသည် ဘာမှ လုပ်စရာမရှိဘဲ အချိန်တွေ ပေါနေတာထက်စာရင် ပိုကောင်းပြီး သင့်ကို ပိုမိုပျော်ရွှင်အောင်မြင်စေပါတယ်။ သင့်အနေနဲ့ အလုပ်များ နေတဲ့ ကွီး တစ်ယောက်ဖြစ်ပြီး တစ်နေ့တာလုံးမှာ နိုးကြားတက်ကြွပြီး အောင်မြင်ပျော်ရွှင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်း များကို ကျင့်သုံးနိုင်ပါတယ်။

ပုံသေအချိန်တစ်ခုသတ်မှတ်ကာ ညအိပ်ရာဝင်ပါ

အလုပ်များ ကွီး နည်းလမ်းကောင်း

အိပ်စက်ခြင်းကို လျော့တွက်လို့မရပါဘူး။ တစ်ရက်တစ်လေလောက် အိပ်ရေးပျက်တာပဲလေ ဘာဖြစ်လဲဆိုပြီး မတွေးလိုက်ပါနဲ့။ တစ်ရက်တစ်လေကနေ နေ့စဉ်ရက်ဆက်လာတဲ့အခါ သင့်ကျန်းမာရေးအတွက် ဆိုးရွားလာစေနိုင်ပါတယ်။

ဒါ့အပြင် ကိုယ် ပုံမှန် အိပ်စက်အနားယူမယ့်အချိန်ကို တစ်သတ်မှတ်တည်းထားရှိသင့်ပါတယ်။ ဒါမှ အိပ်စက်ချိန်ရောက်လာတဲ့အခါ သင့်ခန္ဓာကိုယ်က အလိုလို သိလာပြီး အိပ်ပျော်သွားအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် သင့်ရဲ့ Lifestyle နဲ့ ပတ်သက်ပြီး အပြောင်းအလဲတစ်ခုဖြစ်သွားတာကို သိသိသာသာ မြင်တွေ့ရပါလိမ့်မယ်။ လေ့လာချက်များအရ အရွယ်ရောက်ပြီးသား သူတစ်ယောက်သည် တစ်ရက်လျှင် ၇ နာရီမှ ၉ နာရီခန့်အထိ အိပ်စက်အနားယူသင့်ကြောင့် အတိအလင်းပြောကြားထားပြီး ထိုကဲ့သို့ အိပ်စက်အနားယူပါက မနက် နိုးထလာတဲ့အခါ စိတ်လက်ကြည်လင်ပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာဖြစ်ပါတယ်။

မျှော်လင့်ချက်တစ်ခုခု ထားရှိပါ

အလုပ်များ ကွီး နည်းလမ်းကောင်း

မနက်ခင်းမှာ ဘာ့ကြောင့် နိုးထလာရမလဲဆိုတာ အကြောင်းပြချက်တစ်စုံတစ်ရာ ရှိခြင်းသည် သင့်ကို စိတ်ဓာတ်တက်ကြွမှုကို ဖြစ်စေပြီး စိတ်ခွန်အားဖြစ်စေပါတယ်။ လူသားတိုင်းသည် မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြသူတွေဖြစ်ပါတယ်။ မျှော်လင့်ချက်တစ်ခုခု ပျောက်ဆုံးသွားတဲ့အခါ လမ်းပျောက်သွားသလို ခံစားရပြီး စိတ်ကျရောဂါ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် သင်သည် ဘာ့ကြောင့် အသက်ရှင်ရသလဲဆိုတဲ့ အကြောင်းအရင်းတစ်စုံတစ်ရာ ရှိထားဖို့လိုအပ်ပါတယ်။

ကိုယ် ချစ်တဲ့သူတွေကို တင့်တောင်တင့်တယ် ထားနိုင်ဖို့၊ စီးပွားရေး ဒီ့ထက်ပိုမိုအောင်မြင်ဖို့၊ လုပ်ငန်းများ အဆင်ပြေဖို့၊ အိမ်အကြီးကြီး တစ်လုံး၊ နောက်ဆုံးပေါ်ကား ဝယ်စီးနိုင်ဖို့ စတဲ့ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များဖြင့် တစ်နေ့တာကို ဖြတ်သန်းတဲ့အခါ ဘဝကြီးသည် ရှင်သန်နေထိုင်ရတာ အဓိပ္ပာယ်ပိုမိုပြည့်စုံလာပြီး အလုပ်ပိုကြိုးစားချင်တဲ့စိတ်၊ တစ်နေ့တစ်နေ့ Productive ပိုဖြစ်ချင်တဲ့စိတ်ကလေး ဝင်လာကာ အသက်ဆက်ရှင်ချင်သေးတဲ့စိတ်၊ ဘဝကြီးကို အရှုံးမပေးချင်တဲ့စိတ်များ ဝင်လာပါလိမ့်မယ်။

တစ်နေ့တာ အောင်မြင်မှုများ (သို့) ရည်မှန်းချက်များ ပြီးမြောက်သွားတဲ့အခါ ဒိုင်ယာရီထဲ ချရေးထားပါ

အလုပ်များ ကွီး နည်းလမ်းကောင်း

နောက်တစ်နေ့ နိုးထလာတဲ့အခါ ဘာတွေလုပ်ရမယ်၊ ဘယ်အလုပ်တွေကို ပြီးမြောက်အောင် လုပ်ရမယ်အစရှိတဲ့ Plan လေးကို ညအိပ်ရာဝင်ခါနီးမှာ ရေးဆွဲထားဖို့လိုပါမယ်။ အလုပ်များ နေတဲ့ ကွီး တို့အတွက် အသုံးအဝင်ဆုံး နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

နေ့ရက်တစ်ရက် ကုန်ဆုံးသွားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်တဲ့အခါ ကိုယ့်ရဲ့ Plan က အမှန်တကယ် ပြီးမြောက်သွားရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ အောင်မြင်သွားတယ်ဆိုရင်တော့ ကိုယ့်ရဲ့ အောင်မြင်မှုအတွက် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပါ။ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခြင်းသည် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းဖြစ်ပြီး အောင်မြင်မှုသို့ လျှောက်လှမ်းတဲ့နေရာမှာ အရေးအပါဆုံးအရာတစ်ခုဖြစ်ပါတယ်။

ဒီနေရာမှာ သတိထားရမယ့်အချက်တစ်ခုကတော့ သင်ဆွဲထားတဲ့ Plan သည် လက်တွေ့ကျပြီး သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ကိုက်ညီနေရပါမယ်။ နှစ်ရက်၊ သုံးရက်လောက် အချိန်ယူရတဲ့ အလုပ်ကို တစ်ရက်တည်း အပြီးလုပ်နိုင်ရမယ်ဆိုပြီး အစီအစဉ်ချထားခြင်းသည် လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်အလုပ်တစ်ခုဖြစ်ပါတယ်။ မဖြစ်နိုင်တဲ့အရာကို Plan ချထားပြီး သင်က လိုက်မလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အသုံးမကျတဲ့လူတစ်ယောက်လို မြင်လာပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ သင့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကိုယ်ကိုယ်တိုင် အမှန်တကယ် ပြီးမြောက်နိုင်ပြီး လက်တွေ့ဆန်မယ့် Plan တစ်ခုကိုသာ ရေးချထားရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်ပါ

tips for kwee

တစ်နေ့ကို ၁၅ မိနစ်၊ မိနစ် ၂၀ လောက် လေ့ကျင့်ခန်း ပြုလုပ်ရုံပါပဲ။ ကွန်ပျူတာရှေ့တစ်နေကုန်ထိုင်ကာ လှုပ်ရှားမှုမရှိဘဲ အလုပ်လုပ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုး အထိုင်အထနည်းတဲ့ အလုပ်မှာ လုပ်နေရသူများအဖို့ မိနစ် ၂၀ စာ လေ့ကျင့်ခန်းသည် ခန္ဓာကိုယ် ကျန်းမာရေးအတွက် အကျိုးအများကြီးဖြစ်ထွန်းစေပါတယ်။

သင်သည် မိနစ် ၂၀ လောက်တောင် လေ့ကျင့်ခန်း မပြုလုပ်နိုင်လောက်အောင် အလုပ်များနေတယ်လို့ ခံစားရပါသလား။ ထိုကဲ့သို့ ခံစားနေရရင်တော့ သင်သည် လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိတာထက် လေ့ကျင့်ခန်း မလုပ်ချင်တာဆို ပိုမှန်ပါလိမ့်မယ်။ ပိုမိုတက်ကြွရွှင်လန်းချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းကို မိနစ်အနည်းငယ်ခန့် အချိန်ပေးကာ လုပ်ဆောင်သင့်ပါတယ်။

ကော်ဖီ (သို့) လက်ဖက်ရည် သောက်သုံးပါ

tips for kwee

သင်သည် ကော်ဖီ၊ လက်ဖက်ရည် လုံးဝ မကြိုက်တဲ့သူတစ်ယောက်လား။ ဒါဆိုရင် နေ့လည်နေ့ခင်း ထမင်းစားပြီးတဲ့အခါ တစ်ရေးလောက် မှေးစက်ချင်တယ်ဆိုရင် ဘယ်လိုမျိုး ဖြေရှင်းပါသလဲ။

ကော်ဖီလေးတစ်ခွက် လက်ဖက်ရည်လေး တစ်ခွက်သည် သင့်ကို ရွှင်လန်းတက်ကြွလာအောင် ပြုလုပ်ပေးမယ့် ဆေးတစ်ခွက်ပဲဖြစ်ပါတယ်။ စွမ်းအားဖြည့်အချိုရည်တွေ သောက်သုံးခြင်းထက်စာရင် ကော်ဖီတစ်ခွက် သောက်သုံးခြင်းသည် သင့်ကို မျက်လုံးကျယ်လာစေပါတယ်။ သို့သော် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်းပဲ တစ်နေ့လျှင် ကော်ဖီတစ်ခွက်လောက်ဆိုရင် လုံလောက်ပါပြီ။ ကော်ဖီ လေးခွက်၊ ငါးခွက်လောက် သောက်သုံးခြင်းသည် သင့်ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းခြောက်စေပြီး ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

Source: Gentwenty

Featured Image: Freepik