နောက်ဆုံးပေါ် အဝတ်ဘီဒို တစ်လုံးကို ဆိုင်ကနေ ဝယ်မယ်ဆိုရင် အနည်းဆုံး ၆ သိန်းလောက်ကတော့ ဈေးအနည်းဆုံးပါပဲ။ ဒါပေမဲ့ ကွီးတို့သာ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးမယ်ဆိုရင်တော့ ဈေးသက်သက်သာသာနဲ့ နောက်ဆုံးပေါ် အဝတ်ဘီဒို တစ်လုံးကို ဖန်တီး နိုင်ပါတယ်။
ပြုလုပ်ရမယ့် အဆင့်တွေကလည်း လွယ်လွယ်လေးပဲမို့ ကွီးတို့ ကိုယ်တိုင် လိုက်လုပ်နိုင်ပါတယ်။
ပြုလုပ်ရမယ့် အဆင့်နည်းနည်းလေးနဲ့ နောက်ဆုံးပေါ် အဝတ်ဘီဒို တစ်လုံးကို ဘယ်လိုမျိုး ဖန်တီး ယူနိုင်မလဲဆိုတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်လက်ဖတ်ရှုလိုက်ပါ။
ဒီဘီဒိုကတော့ ကွီးတို့ အိပ်ခန်းထဲမှာ နေရာလည်း အများကြီး မယူတဲ့အပြင် ကိုယ့်ရဲ့ အဝတ်အစားများ၊ ဖက်ရှင် အသုံးအဆောင်ပစ္စည်းများကို စီစီရီရီ ထည့်ထားနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။
ပြုလုပ်ရမယ့် အဆင့်များကတော့…
အဆင့် (၁) ဒီဇိုင်းရေးဆွဲပါ
ကွီးတို့ အိပ်ခန်းရဲ့ ထောင့်တစ်နေရာမှာ ဆောက်ရမှာ ဖြစ်ပါတယ်။ ၄ ပေ အကျယ်ရှိပြီး Slide တံခါး ၂ ချပ် ထည့်မှာဖြစ်ပါတယ်။။ ဘီဒိုအထဲက စင်ကတော့ ၄ ဆင့် ပါဝင်မှာ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်အခန်း အကျယ်နဲ့ ကိုယ့်အခန်း အနေအထားပေါ် မူတည်ပြီး အပြောင်းအလဲ ပြုလုပ်ကာ ချိန်ဆနိုင်ပါတယ်။
အဆင့် (၂) လိုအပ်တဲ့ ပစ္စည်းများ စုဆောင်းပါ
ဘီဒိုဘောင်အတွက် လိုအပ်တဲ့ သစ်သားများ၊ ဘီဒို နံရံအတွက် လိုအပ်တဲ့ သစ်သားအမျိုးအစားများကိုလည်း လိုက်ရှာစုထားရပါမယ်။ ဒါ့အပြင် Slide တံခါးအတွက် လိုအပ်မယ့် ပစ္စည်းများပါ တစ်ပါတည်း ပြင်ထားလိုက်ပါ။ တကယ်လို့ ကွီးတို့က တံခါးအပေါ်ကနေ မှန် ထပ်ထည့်ချင်လည်း ရပါသေးတယ်။
အဆင့် (၃) ဖရိန် ဘောင်တစ်ခု အရင်ပြုလုပ်ပါ
အရှေ့ခြမ်းအတွက် ဖရိန်နဲ့ ဘေးဘက်အခြမ်းအတွက် ဖရိန်တစ်ခုတို့ လိုအပ်ပါမယ်။ သေချာ ချရိုက်ပြီးမှ စုံလိုက် နံရံနဲ့ သွားကပ်ထားကြည့်လိုက်ပါ။ အဆင်ပြေပြီဆိုတော့မှ ဖရိန်တွေကို သေချာ ကပ်ရိုက်ရမှာပါ။
အဆင့် (၄) ဘောင်များကို ကြမ်းပြင်နဲ့ အသေကပ်ထားလိုက်ပါ
နေရာ အတည်တကျ ဖြစ်သွားပြီဆိုရင်တော့ ဖရိန်နဲ့ ကြမ်းပြင်ကို အပြီးကပ်ပေးဖို့ ပြင်ရပါမယ်။
အဆင့် (၅) ဘီဒိုနံရံများ ထည့်ပါ
နောက်တစ်ဆင့်အတွက်ကတော့ ဘီဒို နံရံများကို ထည့်ရိုက်ရမှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ အကွာအဝေးကို သေသေချာချာ ဖြတ်ပြီးနောက် ဖရိန်ပေါ်ကနေ ကပ်ရိုက်ပေးရမှာပဲ ဖြစ်ပါတယ်။
အဆင့် (၆) ဘီဒိုဘောင်များ ခိုင်ခံ့မှု ရှိ မရှိ စစ်ဆေးပါ
ဘီဒိုနံရံများ တပ်ဆင်ပြီးတဲ့နောက်မှာတော့ ခိုင်ခံ့မှု ရှိ မရှိကို တစ်ပါတည်း စစ်ဆေးသွားပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီအဆင့်မှာ အမှားအယွင်းရှိနေရင် ပြင်လို့ရနေသေးပါတယ်။
အဆင့် (၇) ပလာစတာ ကပ်ပါ
ဘီဒိုနံရံက သစ်သားလို့ မထင်ရဘဲ အိမ်နံရံနဲ့ ဆင်တူဖြစ်သွားဖို့ရန်အတွက် ပလာစတာ ကပ်ရမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ မကျွမ်းရင်တော့ ရယ်ဒီမိတ် ပလာစတာများ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
အဆင့် (၈) ဘီဒိုအထဲတွင် စင်များ ထည့်ပါ
ပလာစတာ ကပ်ပြီးသွားတဲ့အခါမှာတော့ ဘီဒိုစင်များကို သေချာ ထည့်ဆောက်ပါ။
ထုံးစံအတိုင်း ဘောင်ကို အရင် ရိုက်ပါ။ ပြီးမှ သစ်သားပြားများကို အပြားလိုက် ထည့်ရိုက်ရပါမယ်။
အဆင့် (၉) ဆေးသုတ်ပါ
ကွီးတို့ ကြိုက်နှစ်သက်ရာ အရောင်ကို အသုံးပြုကာ ကွီးတို့ရဲ့ နောက်ဆုံးပေါ် အဝတ်ဘီဒို ကို သေချာ အလှဆင်ကာ ဖန်တီး ယူလိုက်ပါ။
အဆင့် (၁၀) ဘီဒိုအတွက် တံခါးတပ်ပါ
နောက်ဆုံးအဆင့်အနေနဲ့ ဘီဒိုအတွက် Slide တံခါး နှစ်ချပ်ကို တပ်ဆင်ရမှာပဲဖြစ်ပါတယ်။ မှန် တံခါးချပ်လေး တပ်ဆင်လို့လည်း ရသလို ရိုးရိုး တံခါးချပ်ဆိုလည်း အဆင်ပြေပါတယ်။
အားလုံးပြီးသွားတဲ့အခါမှာတော့ ခိုင်ခံ့ လှပတဲ့ ဘီဒိုတစ်လုံး ရရှိသွားပြီပဲဖြစ်ပါတယ်။
Source: Instructables
Featured Image: Hss