အမျိုးသားတွေရဲ့ သုတ်ရည် အရောင်ဟာ ပုံမှန်ဆိုရင် နို့နှစ်ရောင် သို့မဟုတ် မီးခိုးဘက် အနည်းငယ်သမ်းတဲ့ အဖြူရောင် ကာလာရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ သုတ်လွှတ်တဲ့အခါမှာ မြင်တွေ့နေကျ အရောင်မဟုတ်တဲ့ အဝါရောင် ခပ်သမ်းသမ်း အရောင်မျိုး ကွီးတို့ မြင်ဖူးကောင်း မြင်ဖူးကြပါလိမ့်မယ်။ ဒါဟာ ဘာဖြစ်လို့ပါလဲ ??? တကယ်တော့ အမျိုးသား တစ်ယောက်ရဲ့စားသောက်မှုပုံစံ အပြောင်းအလဲ သို့မဟုတ် လူနေမှုပုံစံ အပြောင်းအလဲတွေကြောင့် သုတ်ရည်အရောင်ဟာ အဝါ သို့မဟုတ် အစိမ်းရင့်ရောင် ကာလာအဖြစ်ကို ပြောင်းသွားတက်ပါတယ်။ ဒီဆောင်းပါးမှာတော့ သုတ်ရည်အရောင် ဘာကြောင့် အဝါရောင်ကို ပြောင်းနေရတာလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။

(၁) ပြုပြင်ထားတဲ့ အစားအစာတွေ စားလို့

processed food

Photo : The Independent

Processed Food တနည်းအားဖြင့် ပြုပြင်ထားတဲ့ အစားအစာတွေမှာ လူ့ခန္ဓာကိုယ်က အရည်တွေ အထူးသဖြင့် သုတ်ရည်ကို အရောင်ပြောင်းလဲစေနိုင်တဲ့ ရောင်ခြယ်ပစ္စည်းတွေ ပါပါတယ်။ ဒါကြောင့် ပြုပြင်ထားတဲ့ အစားအစာတွေ များများစားစား စားမိတဲ့အခါ သုတ်ရည်ရဲ့အရောင်ဟာ ယာယီပြောင်းသွား စေနိုင်တာပါ။ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူကဲ့သို့ ဆာလဖျူရစ်အက်ဆစ်ဓာတ် မြင့်မားတဲ့ အစားအစာတွေကို စားပြီးနောက်မှာလည်း အချို့အမျိုးသားတွေမှာ သုတ်ရည်အနံ့ ပြောင်းလဲတာမျိုး ဖြစ်တက်ပါတယ်။

(၂) ရေဓာတ် ခမ်းခြောက်လို့

Water

Photo : Aussie Gold Natural Spring Water

သုတ်ရည် အရောင်ပြောင်းတာက ရေသောက်နည်းတာ ၊ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်နေပြီဆိုရင် အရင်ဆုံး ဆီးသွားနည်းတာ ၊ ညိုညစ်ညစ် ဆီးအရောင် ထွက်တာ ၊ ဆီးအနံ့ဆိုးတာတွေ ကြုံတွေ့ရတက်ပြီး တစ်ဆက်တည်းမှာပင် သုတ်ရည်ဟာ ပုံမှန်မဟုတ်တဲ့ အဝါရောင် အဖြစ်ကို ပြောင်းလဲနေတာလဲ မြင်တွေ့ရနိုင်ပါတယ်။

(၃) သုတ်ရည်မှာ ဆီးပါလို့

semen

Photo : Buddha Natural

ဆီးကြောင့်လည်း သုတ်ရည်အရောင်ကို ပြောင်းလဲစေတက်ပါတယ်။ ဆီးသွားချိန်မှာ ဆီးလမ်းကြောင်းအတွင်း ဆီးလက်ကျန် ပမာဏအနည်းငယ် ကျန်ရှိနေတက်တာကြောင့် သုတ်လွှတ်တဲ့အခါ အဆိုပါ ကျန်နေတဲ့ ဆီးတွေပါ စွန့်ထုတ်လိုက်တဲ့အတွက် သုတ်ရည်ဟာ အဝါဖျော့ဖျော့ အရောင်သမ်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီလို သုတ်ရည်ထဲမှာ ဆီးပါနေတာဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ၊ ဆီးကျိတ်ရောင်ခြင်း ၊ ဆီးကျိတ်ကြီးခြင်း သို့မဟုတ် ဆီးအိမ်ပိတ်ဆို့ခြင်းတို့ကြောင့် ဖြစ်တက်တာကြောင့် ဒီရောဂါအခြေအနေတွေနဲ့ ပတ်သတ်ပြီး သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ သွားရောက် ပြသစစ်ဆေးကုသမှု ခံယူဖို့ လိုပါတယ်။

(၄) ဆီးကျိတ် မူမမှန်လို့

Prostate Cancer
Photo : Medeor Hospital

ဆီးကျိတ်ရောင်ခြင်း သို့မဟုတ် ဆီးကျိတ်ပိုးဝင်ခြင်းဟာ သွေးအတွင်းရှိ သွေးဖြူဥပမာဏကို တိုးစေနိုင်ပါတယ်။ ဒီလို သွေးဖြူဥ ပမာဏတိုးလာတာဟာ သုတ်ရည်မှာလည်း ဖြစ်ပေါ်နိုင်ပြီး အကျိုးဆက်အနေနဲ့ သုတ်ရည်ကို အဝါရောင် ခပ်ရင့်ရင့်အရောင်အနေအထားသို့ ပြောင်းလဲစေနိုင်ပါတယ်။ ဆီးကျိတ်မမူမှန်တာ ၊ ဆီးကျိတ်မှာ ပြဿနာတစ်စုံတစ်ရာ ရှိနေပြီဆိုရင်ဆီးသွားတဲ့အခါ နာကျင်တာ ၊ စအိုဧရိယာတဝိုက် နာတာ ၊ အချိန်တော်တော်များများမှာ ပင်ပန်းနွမ်းနယ်သလို ခံစားရတာ ၊ အဖျားတက်နဲ့ ချမ်းတုန်တာတို့လို လက္ခဏာတွေ ပြနိုင်ပါတယ်။

Source : Tua Saúde

Featured Photo : Better2Know