အသက် (၃၀) ကျော်လာပြီဆိုတာနဲ့ ကွီးတို့ ခန္ဓာကိုယ်ရှိ အရိုးအဆစ်များ၊ ကြွက်သားများသည် အားနည်းသွားတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ယေဘုယျ ကျန်းမာရေးသည်လည်း အားနည်းသွားပြီး ကွီးတို့ ခန္ဓာကိုယ်သည် လူငယ် ဆယ်ကျော်သက်အရွယ်တုန်းကလိုမျိုး သွက်လက်ဖျတ်လတ်နေမှာမဟုတ်တော့ပါဘူး။ ဒါတင်မကသေးပါဘူး။ အသားအရေကလည်း အရေးအကြောင်းတွေ ထလာမယ်၊ ပါးရေတွေ တွန့်လာပါလိမ့်မယ်။

ဖြစ်နိုင်ရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ငယ်ရွယ်စဥ်ကတည်းက ဂရုစိုက်တာ အကောင်းဆုံးပါပဲ။ ဒါမှသာလျှင် အသက်ကြီးပေမယ့်လည်း သွက်လက်ဖျတ်လတ်နေဆဲဖြစ်နေမှာပါ။

ဒါပေမဲ့ အသက် (၃၀) ကျော်မှ စလုပ်မယ်ဆိုရင်လည်း အချိန်မှီပါသေးတယ်။ အခုဖော်ပြမယ့် နည်းလမ်းတွေကို ကျင့်သုံးပြီး ဇရာမကျသေးဘူးဆိုတာကို သက်သေပြနိုင်ပါတယ်။

ကွီးတို့ မာဆယ်တွေ လျော့ရဲမသွားအောင် ဂရုစိုက်ပါ

ကွီးတို့ မာဆယ်တွေ လျော့ရဲမသွားအောင် ဂရုစိုက်ပါ

စောစောက ပြောခဲ့သလိုပါပဲ။ ကွီးတို့ အသက်သုံးဆယ် ပြည့်သွားပြီဆိုတာနဲ့ ခန္ဓာကိုယ်ရှိ ကြွက်သားရာခိုင်နှုန်းသည် ဆယ်စုနှစ် တစ်စုလျှင် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ လျော့ကျသွားတတ်ပါတယ်။ ကြွက်သားများ မလျော့ကျချင်ဘူးဆိုရင် ပရိုတင်းဓာတ် များများ မှီဝဲပါ။ ပဲအမျိုးမျိုး၊ ကြက်သား၊ ငါး စသည်တို့ စားသုံးပေးသင့်ပါတယ်။

ဗိုက်ရွှဲမလာအောင် နေထိုင်ပါ

အသက် (၃၀)

ကွီးတို့သည် အသက်သုံးဆယ် ပြည့်သွားပြီဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေသည် နှေးကွေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်မျာ အဆီတွေသည် တဖြည်းဖြည်း စုလာပါလိမ့်မယ်။ ပြီးတော့ ကွီးတို့ ခါးကို တိုင်းကြည့်လိုက်ပါ။ ခါးက ၄၀ လက်မခန့် ကျော်နေပြီဆိုရင်တော့ ကွီးတို့သည် ဆီးချိုရောဂါနှင့် အခြားသော ကျန်းမာရေး ပြဿနာများ ကြုံတွေခံစားရဖို့ အလားအလာများနေပါပြီ။

ထိုအခြေအနေမျိုးမှ ကာကွယ်ဖို့ရန်အတွက် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးပါ။ အစား အစာ စားသုံးတဲ့အခါ ပမာဏ နည်းနည်းနဲ့ အကြိမ်ရေ များများ စားသုံးသင့်ပါတယ်။

နှလုံးအားကောင်းအောင် ဂရုစိုက်ပါ

အသက် (၃၀)

နှလုံးအားကောင်းဖို့အတွက် Omega-3s ကြွယ်တဲ့ အစားအစာများ စားသုံးပါ။ နှလုံးအားကောင်းဖို့ အထောက်အပံ့ပေးတဲ့ လေ့ကျင့်ခန်းများကို တစ်ရက်လျှင် မိနစ် ၃၀၊ တစ်ပတ်လျှင် ၅ ရက်ခန့် ဆော့ကစားဖို့ လိုအပ်ပါတယ်။ ဆေးလိပ် သောက်ခြင်း၊ ကွမ်းစားခြင်း အစရှိသည်တို့ကို ဖျောက်ပါ။ စိတ်ဖိစီးမှု ကင်းဝေးအောင် နေထိုင်ပါ။

အသားအရေကို ရေဓာတ်ဖြည့်ပါ

အသက် (၃၀)

အသားအရေက ရေဓာတ် ပြည့်ဝနေဖို့အတွက် Moisturizer များ လိမ်းကျံဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။ အပြင်ထွက်တော့မယ်ဆိုတာနဲ့ နေပူပူ၊ မိုးအုံ့အုံ့၊ နေလောင်ကာခရင်မ်ကတော့ မဖြစ်မနေကို လူးပေးရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အသားအရေ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးသွားစေဖို့ရန်အတွက် Anti-Aging ခရင်မ်များ အသုံးပြုဖို့လည်း လိုအပ်ပါတယ်။

နေ့စဥ် ၇ နာရီမှ ၈ နာရီအထိ အိပ်ရေးဝဝ အိပ်စက်အနားယူပါ

အသက် (၃၀)

နေ့ရက်တိုင်းမှ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက်သာမက အသားအရေ အလှအပအတွက်လည်း အဆင်ပြေနေမှာဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူး၊ ငယ်ရွယ်နုပျိုနေပြီး ပျိုပျိုမေတွေ ဝိုင်းဝိုင်းလည်တာ ခံချင်တယ်ဆိုရင်တော့ နေ့ရက်တိုင်းမှာ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော အသက်သုံးဆယ် ကျော်လာပြီဆိုရင် ဘာတွေ လုပ်မယ်လို့ စဥ်းစားထားပါသလဲ။

Source: Selecthealth

Featured Image: Freepik