အမျိုးသားတွေဟာ အသက် ၃၀ ကျော်လာတာနဲ့အမျှ တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း စတင်ကျဆင်းလာတက်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) ဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ အဓိက အရေးပါတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ၎င်းကို လိင်မှုဟော်မုန်းလို့လည်း သတ်မှတ်ကြပါတယ်။

တက်စတိုစတီရုန်း (Testosterone) ပမာဏ ညီမျှအောင် ထိန်းသိမ်းထားခြင်းဟာ ခန္ဓာကိုယ် ကြွက်သားထု တည်ဆောက်ဖို့ ၊ အရိုးအဆစ်တွေ သန်မာဖို့ ၊ အမွှေးအမျှင်တွေ ကောင်းမွန်စွာ ရှင်သန်ဖို့နဲ့ လူပျိုဖော်ဝင်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေအတွက် လိုက်လျော်ညီထွေ ဖြစ်စေဖို့ များစွာ အထောက်အကူ ပြုပါတယ်။

တက်စတိုစတီရုန်း (Testosterone) ဟာ လိင်စိတ် Libido ၊ အရိုးနဲ့ ကြွက်သားထု ၊ ခန္ဓာကိုယ်တွင်း အဆီဖြန့်ဝေမှု ၊ ကြွက်သား Strength နဲ့ ခန္ဓာကိုယ်အတွင်းရှိ သွေးနီဥဆဲလ်တွေ များများထုတ်လုပ်နိုင်ဖို့အတွက်လည်း အရေးပါပါတယ်။

တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း က ဘာကြောင့် အရေးကြီးလဲ

testosterone

Photo : Thyrocare Blog

အမျိုးသား တစ်ယောက်မှာ တက်စတိုစတီရုန်း (Testosterone) ပမာဏဟာ လူပျိုဖော်ဝင်စ အရွယ်ကစပြီး တိုးလာပေမယ့် အသက် ၃၀ အနှောင်းပိုင်းနဲ့ အသက် ၄၀ အစောပိုင်းအရွယ်တွေမှာ စတင်ကျဆင်း လာတက်ပါတယ်။ လေ့လာမှုတစ်ခုအရ အမျိုးသားတစ်ဦးမှာ အသက် ၄၀ ပြည့်ပြီးနောက်ပိုင်း ကျားလိင်မှုဆိုင်ရာ ဟော်မုန်းအဆင့်ဟာ တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ ကတော့ အရိုးသိပ်သည်းဆ ကျဆင်းတာ ၊ ကြွက်သားထုထည် လျှော့ကျတာ ၊ လိင်မှုစွမ်းဆောင်ရည်နိမ့်ကျတာဲ့ အခြားကျန်းမာရေးပြဿနာတွေကို စတင်ခံစားရနိုင်တာပဲ ဖြစ်ပါတယ်။ ဆေးဝါးတွေ ၊ Steroids စတာတွေကတစ်ဆင့် တက်စတိုစတီရုန်း (Testosterone) ပမာဏကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေရှိပေမယ့် ဒါက သဘာဝနည်းလမ်း မဟုတ်ပါဘူး။

လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း အပေါ် ဘယ်လိုသက်ရောက်မှု ရှိစေလဲ

Testosterone
Photo : TeamPro

တက်စတိုစတီရုန်း (Testosterone) ပမာဏကို မြှင့်တင်နိုင်မယ့် သဘာဝ နည်းလမ်းတစ်ခုကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ ပြင်းထန်တဲ့ ခွန်အားသုံး လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပြီးချိန်မှာ တက်စတိုစတီရုန်း (Testosterone) ပမာဏဟာ တိုးတက်လာတာကို တွေ့နိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ မနက်ခင်းထက် ညနေပိုင်းမှာ ခွန်အားသုံး လေ့ကျင့်ခန်းတွေကို လုပ်ဆောင်တာဟာ တက်စတိုစတီရုန်း (Testosterone) ပမာဏကို အချိန် ပိုကြာရှည်စွာ တက်စေတယ်လို့ ဖော်ပြထားပါတယ်။ တက်စတိုစတီရုန်း (Testosterone) တက်စေဖို့အတွက် အမျိုးသားတွေ စမ်းကြည့်သင့်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတွေကို အောက်မှာဆက်လက် ဖော်ပြပေးလိုက်ပါတယ်။

  • Squats
  • Deadlifts
  • Bench press
  • Row
  • Pullups / Chinups
  • Overhead press
  • Pushups

လေ့ကျင့်ခန်းတစ်ခုစီကို ၁၀ – ၁၅ ကြိမ် ၊ ၃ – ၄ ကျော့ ကစားနိုင်ပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံတော့ မလုပ်မိပါစေနဲ့။ လေ့ကျင့်ခန်းနဲ့အတူ ကျားဟော်မုန်းကို မြှင့်တင်ပေးမယ့် အစားအစာတွေကိုလည်း ပြည့်စုံမျှတအောင် စားပေးဖို့ လိုပါတယ်။

Source : Thehealthsite

Featured Photo : Right as Rain by UW Medicine