လေ့လာမှုတွေအရ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ လိင်မှုဆိုင်ရာ တက်ကြွလှုပ်ရှားမှုနဲ့ လိင်မှုစွမ်းဆောင်ရည်ပိုင်းတွေမှာ တစထက်တစ ကျဆင်းလာတယ်လို့ ပြောကြပါတယ်။ အဓိကအားဖြင့်တော့ ဟော်မုန်းအပြောင်းအလဲ ၊ စားသောက် နေထိုင်မှုပုံစံတွေနဲ့ ကျန်းမာရေး နောက်ခံအခြေအနေတွေကြောင့် အများကြီး သက်ဆိုင်ပါတယ်။ အမျိုးသားတွေမှာ အသက် ၅၀နှစ်နဲ့ နောက်ပိုင်းကို ကျော်လွန်လာတာနဲ့အမျှ လိင်မှုဘဝမှာ အပြောင်းအလဲတွေ များစွာဖြစ်ပေါ်လာတာပါ။ ဒါပေမယ့် မပူပါနဲ့။ ကွီးတို့ အသက် ၅၀ ကျော်အထိ အိပ်ရာပေါ်မှာ စွမ်းနိုင်ကြမ်းနိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ဒီဆောင်းလေးမှာ မျှဝေပေးပါမယ်။

(၁) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Photo : Eat This Not That

ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိလေ ‌လိင်မှုဘဝအတွက် အကျိုးများလေပါ။ ဒီအတွက် တစ်ခုတည်းသော အဖြေက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာပါပဲ။ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဟာ စိတ်ပျိုကိုယ်နုစေသလို လိင်မှုဆိုင်ရာတက်ကြွလှုပ်ရှားမှု ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် စတာတွေနဲ့ ပတ်သတ်ပြီး မိမိရဲ့ လိင်မှုဘဝအပေါ်မှာ ကျေနပ်အားရမှု ကောင်းကောင်း ရှိစေမှာ ဖြစ်ပါတယ်။

(၂) အိပ်ချိန် ပြည့်ပြည့်ဝဝ အိပ်စက်အနားယူပါ

Melatonin Quality

Photo : Thermo Fisher Scientific

အိပ်စက်ချိန်ဟာ လိင်မှုဘဝအပေါ် များစွာ သက်ရောက်မှု ရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အိပ်ပျော်ဖို့ ခက်ခဲတာ ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ စတဲ့ အခြေအနေတွေ ကြုံရနိုင်ခြေ များပါတယ်။ ဒါကြောင့် အိပ်စက်မှု စက်ဝန်းကို တက်နိုင်သမျှ မှန်ကန်အောင် ထိန်းညှိပြီး ကောင်းမွန်တဲ့ အိပ်စက်မှု အရည်အသွေးကို မြင့်တင်ဖို့ လိုပါတယ်။ ဒါဟာ ရုပ်ပိုင်း/စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးအပြင် လိင်မှုဘဝ ကျန်းမာရေးအတွက်လည်း အကျိုးများစေပါတယ်။

(၃) ကျန်းမာရေး နောက်ခံပြဿနာတွေကို ဆန်းစစ်ပါ

Supplements

Photo : Aurora Medical Centre

ကျန်းမာရေး နောက်ခံပြဿနာတွေနဲ့ လိင်မှုဘဝ ကျန်းမာရေးဟာလည်း ဆက်စပ်နေပါတယ်။ အဓိက အားဖြင့်တော့ ရောဂါအခြေအနေနဲ့ မှီဝဲရတဲ့ ဆေးဝါးတွေကို တစ်ချက်ပြန် ဆန်းစစ်ကြည့်ဖို့ လိုတာပါ။ စိတ်ကျရောဂါကု ဆေးဝါးတွေ ၊ သွေးပေါင်ကျဆေး ၊ ကိုလက်စထရောကျဆေးနဲ့ အချို့သော အစာအိမ်အတွက် သောက်ရတဲ့ဆေးတွေဟာ လိင်တံသန်မာမှု ၊ လိင်မှုစွမ်းဆောင်ရည်နဲ့ လိင်စိတ်တက်ကြွမှုတွေအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနေပါတယ်။ လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဝါးအသစ်ပြောင်းလဲတာ ၊ မှီဝဲရတဲ့ ဆေးဝါးပဏ လျော့ချတာတွေ လုပ်ရမှာ ဖြစ်ပါတယ်။

(၄) အပြောင်းအလဲတွေ လုပ်ဆောင်ကြည့်ပါ

Sex Toy

Photo : SheKnows

အသက် ၅၀ နဲ့အထက်ကို ရောက်ရှိလာတဲ့အခါ လိင်စိတ်တက်ကြွမှု အနည်းနဲ့အများ လျော့ကျလာမှာပါ။ လိင်စိတ်နိုးကြားတက်ကြွမှုကို ပြန်လည်နှိုးဆွပေးနိုင်ဖို့ရာ စိတ်ဝင်စားတဲ့ အရာလေးတွေ ၊ အသစ်အဆန်းဖြစ်တဲ့ လှုပ်ရှားမှုလေးတွေကို ရံဖန်ရံခါ လုပ်ပေးဖို့ လိုပါတယ်။ ကိုယ့်လက်တွဲဖော် ပါတနာနဲ့အတူ ရေချိုးခန်းမှာ ချစ်တင်းနှောတာ ၊ နေရာအသစ် တစ်ခုခုကို သွားရောက်တာ ၊ လူကြီးကစားစရာ အရုပ်တွေ ထည့်ပေါင်း အသုံးပြုတာ စသည်ဖြင့် ပုံမှန်အိပ်ခန်း ထဲမှာနဲ့မတူတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ၊ အပြောင်းအလဲ အသစ်အဆန်းလေးတွေကို အလျင်းသင့်ရင် သင့်သလို Try ကြည့်နိုင်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရ ဖြည့်တင်းမှုပိုင်းကိုလည်း အလေးထားရမှာဖြစ်ပြီး နေ့စဉ် ကျန်းမာရေးနဲ့အညီ ဗီတာမင် ၊ သတ္တုဓာတ် ၊ ပရိုတင်းဓာတ် ၊ အမျှင်ဓာတ် စတာတွေကို လုံလုံလောက်လောက် မျှမျှတတ မှီဝဲစားသုံးပေးရမှာလည်း ဖြစ်ပါတယ်။ နေ့စဉ်ဘဝကျန်းမာရေးနဲ့ လိင်မှုကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများစွာရှိတဲ့ ဆေးလိပ်နဲ့ အရက်သောက်သုံးမှုကိုလည်း ဖြတ်တောက်တာ သို့မဟုတ် လျှော့ချမှီဝဲတာ ၊ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ထိန်းညှိတာတွေ လုပ်ဆောင်ပေးရမှာပါ။ လူငယ် ၊ လူလတ်ပိုင်းအရွယ်ကစလို့ ကျန်းမာပြီး တက်ကြွရွှင်လန်းတဲ့ Lifestyle တစ်ခုကို ပုံဖော်သွားခြင်းဟာ အသက် ၅၀ ကျော် သက်ကြီးပိုင်းအရွယ်ရောက်သည်ထိ နေ့စဉ်ဘဝမှာရော လိင်မှုဘဝမှာပါ စွမ်းနိုင်ကြမ်းနိုင်ဖို့ အထောက်အပံ့ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

Source : Web MD

Featured Photo : Sesame