ပန်းသေပန်းညှိုး ကဲ့သို့ လိင်အင်္ဂါချို့ယွင်းမှု ပြဿနာဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးခြင်းဟာ များသောအားဖြင့် သက်ကြီးပိုင်း အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပေမယ့် အသက် ၂၀ ဝန်းကျင် လူငယ်ပိုင်း နဲ့ လူလတ်ပိုင်း အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ဘယ်လိုအကြောင်းအရင်းတွေက လူငယ်ပိုင်း အမျိုးသားတွေ ကို ပန်းသေ ပန်းညှိုး ဖြစ်စေတာလဲဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။
(၁) အဝလွန်ခြင်း
Photo : BBC
ပန်းသေ ပန်းညိုး ဖြစ်ခြင်းနဲ့ အဝလွန်ခြင်းဟာ ဆက်စပ်မှု ရှိပါတယ်။ ဒီရောဂါဟာ ဥပမာအားဖြင့် အဝလွန်သူတွေ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူတွေမှာ ပိုပြီးအဖြစ်များတာ တွေ့ရပါတယ်။ သွေးတိုးရောဂါလိုပဲ အဝလွန်ခြင်းဟာလည်း တက်စတိုစတီရုန်း ထုတ်လွတ်မှုကို လျော့ကျစေပြီး လိင်မှုစွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာသုတေသီတွေက အတည်ပြုထားပါတယ်။
(၂) သွေးပေါင်ချိန် မြင့်တက်ခြင်း
Photo : Men’s Health
သွေးပေါင်ချိန် မြင့်တက်ခြင်းဟာ ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေပြီး လိင်အင်္ဂါကောင်းစွာ ထောင်မတ်နိုင်ဖို့ ခက်ခဲစေပါတယ်။ သုတေသနပြုချက်တွေအရ သွေးတိုးခြင်းဟာ တက်စတိုစတီရုန်း ဟော်မုန်းထုတ်လွတ်မှုကို လျော့နည်းစေပြီး လိင်မှုစွမ်းဆောင်ရည်နဲ့ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းကို လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။
(၃) စိတ်ဖိစီးမှုများခြင်း
Photo : Nashville General Hospital
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေဟာ လိင်မှုကိစ္စအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။ စိတ်ဖိစီးမှု အရမ်းများတဲ့ အမျိုးသားတွေအနေနဲ့ လိင်မှုကိစ္စတွေမှာ စိတ်အားထက်သန်မှု နည်းပါးပြီး လိင်အင်္ဂါသန်စွမ်းမှု ကျဆင်းတာမျိုးတွေ ကြုံရနိုင်ပါတယ်။
(၄) အပြာကား အကြည့်များခြင်း
Photo : DocVita
Porn ရုပ်ရှင်တွေ အကြည့်များနေပြီဆိုရင် ကွီး တို့ရဲ့ ကျားကျန်းမာရေးအတွက် အန္တရာယ်ရှိနေပြီဆိုတာကိုလည်း သတိပြုမိဖို့ လိုပါတယ်။ ညစ်ညမ်းရုပ်ရှင် အကြည့်များတာဟာ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအပေါ် ကွီး တို့ရဲ့ ဦးနှောက်က တုံ့ပြန်ပုံပြောင်းလဲစေတယ်လို့ သုတေသီတွေက ဆို ထားပါတယ်။ ရလဒ်အနေနဲ့ကတော့ လိင်အင်္ဂါ သန်စွမ်းမှုကို ကမောက်ကမ ဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ်။
(၅) အရက် အလွန်အကျွံ သောက်ခြင်း
Photo : America’s Rehab Campuses
အရက်ကို ကျန်းမာရေးနဲ့ ချိန်ကိုက်ပြီး သောက်သုံးမယ်ဆိုရင် ပြဿနာမရှိပေမယ့် အလွန်အကျွံ သောက်သုံးလာမယ်ဆိုရင်တော့ ရေရှည်မှာ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကျားကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ပြဿနာတွေလည်း ကြုံတွေ့လာနိုင်ပါတယ်။ စစ်တမ်းတွေအရ အရက်အလွန်အကျွံသုံးစွဲတဲ့ အမျိုးသားတွေမှာ လိင်အင်္ဂါ ချို့ယွင်းမှုနဲ့ အခြားသော လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားမှုနှုန်း အများဆုံး ရှိနေပါတယ်။
Source : Hims
Featured Photo : Dr. David Samadi