နည်းပညာခေတ်ကြီးသည် တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ အသစ် အသစ်သော နည်းပညာမြင့်တဲ့ မော်ဒယ် ပစ္စည်း အမျိုးအစားများသည်လည်း တစ်ခုပြီး တစ်ခု ဆက်တိုက်ကို ထွက်ရှိလာနေပါတော့တယ်။ ဟိုနည်းပညာ ကုမ္ပဏီက တစ်ခုထုတ်လိုက် ဒီနည်းပညာ ကုမ္ပဏီက တစ်ခုထုတ်လိုက်နဲ့ အသစ် တွေကြားထဲမှာ နည်းပညာ နိမ့်တဲ့ အဟောင်း တွေက အရောင်အဝါ မှေးမှိန်သွားပါတော့တယ်။
အခုဆက်လက်ဖော်ပြပေးသွားမှာကတော့ နည်းပညာမြင့်မားတဲ့ နောက်ဆုံးပေါ် အသစ်တွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကွီးတို့လည်း ဒီ အသစ် လေးတွေကို မြင်ပြီးသွားရင် အိမ်မှာရှိတဲ့ အဟောင်း တွေကိုတောင် ချောင်ထိုးထားချင်သွားပါလိမ့်မယ်။
(၁) Logitech Wave Keys
ဒီကီးဘုတ်လေးကတော့ ကွီးတို့ရဲ့ လက်ဖဝါး နာတာသက်သာအောင် ကူညီပေးပါတယ်။ Windows PCs အတွက်ရော Macs တွေအတွက်ပါ အသုံးပြုလို့ရအောင် ထုတ်လုပ်ထားပါတယ်။ အရောင်ကတော့ အနက်ရောင်နဲ့ အဖြူရောင်ရယ်ဆိုပြီး နှစ်ရောင်လာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ကုန်ကျမှာဖြစ်ပါတယ်။
(၂) Tapo Wire-Free MagCam
ကိုယ့်ရဲ့ အိမ်ကို လုံခြုံစိတ်ချစွာ ထားရှိချင်တယ်ဆိုရင်တော့ ဒီစမတ် ကင်မရာလေးကို တပ်ဆင်ထားသင့်ပါတယ်။ ဘက္ထရီကင်မရာဖြစ်ပြီး အိမ်တွင်းရော အိမ်ပြင်မှာပါ တပ်ဆင်ထားနိုင်ပါတယ်။ 2K ဗီဒီယိုတွေကိုပါ ရိုက်ကူးပေးထားနိုင်ပြီး အိမ်မွေးတိရစ္ဆာန်များကိုပါ ရိုက်ကူးပေးထားနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀ ကုန်ကျမှာဖြစ်ပါတယ်။
(၃) Google Pixel Watch 2
စမတ်နာရီ သဘောကျသူများအတွက်တော့ ဒီနာရီလေးက အသင့်တော်ဆုံးပါပဲ။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၃၄၉ ဝန်းကျင် ကုန်ကျမှာဖြစ်ပြီး တစ်ခါသွင်းထားတာနဲ့ ၂၄ နာရီကြာ အသုံးခံတဲ့ ဘက္ထရီကို အသုံးပြုထားတာပဲဖြစ်ပါတယ်။
(၄) M3 MacBook Pro (2023)
Apple က M3 Chipsets လေးကို ထပ်မံ မိတ်ဆက်ပေးလိုက်ပြန်ပါတယ်။ ဒီဇိုင်းအမိုက်စားလေးကိုမှ စွမ်းဆောင်ရည် မြင့်တဲ့ ပစ္စည်းမျိုးကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီမော်ဒယ်လေးကို အသုံးပြုသင့်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၆၀၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။
(၅) Google Pixel Buds Pro
ကွာလတီလည်းကောင်းပြီး ဒီဇိုင်းလန်းဆန်းတဲ့ Earbud လေးကို ဝယ်ချင်ပါသလား။ ဒါဆိုရင်တော့ ဒီ ဒေါ်လာ ၂၀၀ တန် ပစ္စည်းလေးကို ဝယ်ယူနိုင်ပါတယ်။ Google Pixel က ထုတ်လုပ်ထားတာဖြစ်ပြီး ဖုန်းဆက်တဲ့အချိန်မှာလည်း အသံကွာလတီကောင်းကောင်းနဲ့ ဖုန်းပြောနိုင်ပါတယ်။
(၆) Ecobee Smart Doorbell Camera (Wired)
ဒီပစ္စည်းလေးကတော့ နောက်ဆုံးပေါ် စမတ် Doorbell Camera လေးပဲဖြစ်ပါတယ်။ ၂၄ နာရီ ၇ ရက်ပတ်လုံး အလုပ်လုပ်ပြီး Motion Alerts လည်းပါပါတယ်။ ကိုယ့်ရဲ့ အိမ်လေးကို အဆင့်မြင့်မြင့် အိမ်တစ်လုံးအဖြစ် ပြောင်းလဲချင်သူများအတွက် သင့်တော်တဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၆၀ ကုန်ကျမှာဖြစ်ပါတယ်။
(၇) Tivoli Audio Songbook and Songbook Max
အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ ဘလူးတုစ် စပီကာတစ်လုံးပဲဖြစ်ပါတယ်။ ဒီဇိုင်းကလည်း အမိုက်စားဖြစ်ပြီး အသံကွာလတီပိုင်းကလည်း စိတ်ပူစရာမလိုပါဘူး။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၄၄၉ ဆိုရင် Basic မော်ဒယ်လ်လေးကို ဝယ်ယူနိုင်မှာဖြစ်ပြီး ဒေါ်လာ ၅၉၉ ဆိုရင်တော့ Max မော်ဒယ်လ်လေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ ပစ္စည်းတွေထဲက ဘယ်ပစ္စည်းကို လိုချင်ပါသလဲ။
Source: Gearpatrol
Featured Image: Freepik