အသည်းကွဲတဲ့ရောဂါကတော့ ဘယ်လိုမှ လွယ်လွယ်နဲ့ကုစားလို့မရတဲ့ ရောဂါတစ်ခုဖြစ်ပြီး ရောဂါအပြင်း အပျော့ပေါ်မူတည်၍ အချိန်အနည်း အများ ကွာခြားမှုလည်း ရှိတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အသည်းကွဲ ဝေဒနာ ခံစားနေရတဲ့ ကွီး တို့အတွက် သက်သာပျောက်ကင်းအောင် ကုစားပေးမယ့် နည်းလမ်းကောင်း များရှိပါတယ်။

ယခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင်တော့ ကွီးတို့ခံစားနေရတဲ့ ရောဂါဝေဒနာများ တဖြည်းဖြည်းချင်းစီ လျော့ပါးသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ခံစားချက်ကို အသိအမှတ်ပြုပါ

အသည်းကွဲ ကွီး နည်းလမ်းကောင်း

ကိုယ်ချစ်ရတဲ့သူနဲ့ လမ်းခွဲပြတ်စဲလိုက်ရတဲ့အခါ ရင်ထဲမှာ ခံစားချက်ပေါင်း သောင်းခြောက်ထောင်နဲ့ ဗလောင်ဆူတတ်ပါတယ်။ အသည်းကွဲတဲ့ ခံစားချက်ကို ချိုးနှိမ်ထားမယ်ဆိုရင်တော့ ထိုအခြေအနေကနေ ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။ ခံစားချက်များသည် သင့်ကို ပိုမိုသန်မာလာအောင် ပိုမိုရင့်ကျက်လာအောင် ကူညီပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကွဲတဲ့ ခံစားချက်ကို အသိအမှတ်ပြုပြီး ငိုချင်တယ်ဆိုလည်း အားရပါးရငိုချလိုက်ပါ။ ကိုယ့်ခံစားချက်ကို ဖိနှိပ်မထားဘဲ စိတ်လွတ်လက်လွတ် ခံစားခွင့်ပေးလိုက်တဲ့အခါ ထိုအသည်းကွဲတဲ့အခြေအနေကနေ အမြန်ဆုံး ရှေ့ဆက်သွားနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ပြန်ထိန်းပါ

အသည်းကွဲ ကွီး နည်းလမ်းကောင်း

Photo: Leadrecoverycenter

ဝမ်းနည်းမယ်၊ ဒေါသထွက်မယ်၊ နာကျည်းကြေကွဲမယ် ခံစားချက်မျိုးစုံ ခံစားရနိုင်ပါတယ်။ သို့သော် အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ထားပါ။ နာကျင်ရလို့ ငိုကြွေးချင်တယ်ဆိုလည်း ၁ နာရီလောက် အားရပါးရ ငိုပစ်လိုက်ပါ။ တစ်နာရီပြည့်ပြီးသွားတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းပြီး အခြားအရာတစ်ခုဆီ အာရုံလွှဲလိုက်ပါ။

ရည်းစားဟောင်းနဲ့ (လုံးဝ) အဆက်အသွယ် ဖြတ်လိုက်ပါ

အသည်းကွဲ ကွီး နည်းလမ်းကောင်း

Photo: Business Insider

သူ(မ) အွန်လိုင်းပေါ်မှာ မီးစိမ်း မစိမ်းကို ခဏခဏ သွားကြည့်မနေပါနဲ့။ ယတိပြတ် စိတ်ပြတ်နိုင်အောင် ကြိုးစားပါ။ အချိန်အတိုင်းအတာတစ်ခုအထိ စိတ်ဖြတ်လာနိုင်တဲ့အခါ ကောင်းမွန်တဲ့ခံစားချက်လေး ခံစားရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မေ့ပျောက်ဖို့ ကြိုးစားနေရင်းနဲ့မှ ရုတ်တရက် သူ(မ)နဲ့ ပတ်သက်တဲ့ သတင်းစကားတစ်ခုခု ကြားရတဲ့အခါမျိုးဖြစ်ဖြစ် (သို့) သူ(မ)နဲ့ အမှတ်မထင် ဆုံမိတဲ့ အခါမျိုးပဲဖြစ်ဖြစ် ထိုအချိန်မျိုးမှာဆိုရင် အသည်းကွဲဒဏ်ရာကို ပြန်ဆွမိသလိုဖြစ်သွားပြီး ပြန်လည်မေ့ပျောက်ဖို့ တစ်ကနေ ပြန်စရပါလိမ့်မယ်။

ကိုယ့်ကိုအားပေးမယ့်သူများထံ ရင်ဖွင့်ပါ

အသည်းကွဲ ကွီး နည်းလမ်းကောင်း

သင့်သူငယ်ချင်းတွေ မိတ်ဆွေများသည်လည်း သင့်ကို ဂရုစိုက်ကာ အားပေးကြမယ့်သူတွေချည်းပါပဲ။ ဒါပေမဲ့ သင်က ရင်မဖွင့်ဘူးဆိုရင်တော့ သင် ခံစားနေရတာတွေကို သူတို့လည်း သိမှာမဟုတ်သလို သင့်ကို အားပေးလို့လည်း ရမှာမဟုတ်ပါဘူး။

ကိုယ် ယုံကြည်ရတဲ့ မိတ်ဆွေသူငယ်ချင်းများထံ ရင်ဖွင့်တဲ့အခါ ကိုယ့်စိတ်ထဲမှာလည်း ပေါ့ပါးသွားမှာဖြစ်ပြီး ကိုယ့်ကို ခွန်အားဖြစ်စေမယ့် အားပေးစကားများကိုလည်း ကြားရတဲ့အခါ အားတက်လာမှာဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ အသည်းကွဲရောဂါ ကုစားမှုအတွက် အားဖြစ်စေပါတယ်။

လေ့ကျင့်ခန်း ပြုလုပ်ပါ

အသည်းကွဲ ကွီး နည်းလမ်းကောင်း

အသည်းကွဲ ဝေဒနာ ခံစားနေရတဲ့ ကွီး တို့အတွက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အကောင်းဆုံး နည်းလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။ အားကစားပြုလုပ်ကာ ချွေးများများထွက်လာအောင် ကြိုးစားလိုက်ပါ။ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာ Endorphins များ ထုတ်လုပ်ပြီး ထိုဟော်မုန်းသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာအောင် ကူညီပေးပါတယ်။ ဒါဆိုရင် အသည်းကွဲတဲ့အခြေအနေကနေ အမြန်ဆုံးရုန်းထွက်နိုင်ပြီး အရှေ့သို့ ဆက်သွားနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

tips for kwee with brokenhearted

စိတ်ပညာရှင်များအားလုံး တစ်ညီတည်းအကြံပေးကြတဲ့ အရာကတော့ အသည်းကွဲနေစဉ်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းသည် အရေးကြီးဆုံးအဓိကသော့ချက်ပဲဖြစ်ပါတယ်။ အသည်းကွဲနေလို့ဆိုပြီး မစားနိုင် မသောက်နိုင် ဘာမှမလုပ်နိုင်ဘဲ တနေကုန် အိပ်ရာထဲ လှဲနေလို့မရပါဘူး။ အရင်ကထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့လိုအပ်လာပါပြီ။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကို အချိန်နဲ့ မှန်မှန်စားသုံးပါ။ အလွန်အကျွံ စားသောက်ခြင်းကိုလည်း ရှောင်ကြဉ်ပါ။ အချိန်မှန်မှန်အိပ်စက်အနားယူပါ။ ကိုယ် လုပ်စရာရှိတာတွေကို ပုံမှန်အတိုင်း သေသေချာချာဂရုတစိုက် ဆောင်ရွက်သွားပါ။

သူများနဲ့ မနှိုင်းယှဉ်ပါနဲ့

tips for kwee with brokenhearted

တချို့က အသည်းကွဲတာ အချိန်မကြာဘူး။ တစ်လတည်းနဲ့ နောက်တစ်ယောက်ရနေပြီ။ ငါ့ကျမှ ဘာလို့ အချိန်တွေ အရမ်းကြာနေရတာလဲ ဆိုပြီး သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွယ်ငြိပုံ အနက်အရှိုင်းက မတူနိုင်တဲ့အတွက်ကြောင့် အသည်းကွဲတဲ့အချိန်ကလည်း မတူညီနိုင်ပါဘူး။ အချို့ကလည်း ၃ လ၊ ၆ လလောက်နဲ့ အသစ်တစ်ယောက် ရသွားပြီး အချို့ကလည်း အချိန်တော်တော်လေး ကြာမြင့်အောင် ကုစားရပါတယ်။

ဝါသနာအသစ်များ ဖန်တီးပါ

tips for kwee with brokenhearted

စနေနေ့တိုင်းမှာ ကိုယ့်ကောင်မလေးနဲ့ ရုပ်ရှင်အတူတူ သွားကြည့်နေကြ ဆိုပါစို့။ ဒါဆိုရင် ထိုနေ့မှာ ရုပ်ရှင်သွားကြည့်မယ့်အစား အခြားသော ဝါသနာအသစ်တစ်ခုဖန်တီးလိုက်ပါ။ ကိုယ် မသိသေးတဲ့ ကိုယ် စိတ်ဝင်စားတဲ့အရာ အသစ်အဆန်းတွေလည်း ရှိနိုင်ပါသေးတယ်။ ကိုယ့်ရဲ့အချိန်တွေ စွမ်းအင်တွေကို ဝါသနာအသစ်၊ အလေ့အကျင့်အသစ်များအပေါ် အသုံးချလိုက်ခြင်းသည်လည်း အသည်းကွဲ ဝေဒနာ ခံစားနေရတဲ့ ကွီး တို့အတွက် နည်းလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။

အသစ်တစ်ယောက် ထပ်တွဲဖို့ကို သေချာအချိန်ယူပါ

tips for kwee with brokenhearted

ရည်းစားဟောင်းကို မေ့ပျောက်ဖို့အတွက် နောက်အသစ်တစ်ယောက်ထားခြင်းသည် အမှန်တကယ်တော့ နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ ကိုယ်က အသစ်တစ်ယောက်ကို တကယ်ချစ်ရင်တော့ ပြဿနာမဟုတ်ပေမယ့် ကိုယ်က ကိုယ့်အသည်းကွဲခံစားချက်ကို မေ့ပျောက်ချင်ရုံသပ်သပ်နဲ့ နောက်လူအစားထိုးတာကတော့ ထိုသူအတွက် ကိုယ့်ရဲ့ အသည်းကွဲဝေဒနာကို ရော့ အင့် ဆိုပြီး လက်ဆင့်ကမ်းလိုက်တာနဲ့အတူတူပါပဲ။ သင့်လိုမျိုး ခံစားရတဲ့ အသည်းကွဲဝေဒနာကို နောက်တစ်ယောက်ထံ လက်ဆင့်ကမ်းချင်နေတာလား။

အရင်ဦးဆုံး ကိုယ့်ရဲ့ အသည်းကွဲ ခံစားချက်ကို ပျောက်ကင်းအောင် ကုသပါ။ ပြီးမှ အချစ်သစ် ရှာချင်တယ်ဆို စိတ်လွတ်လက်လွတ်ရှာလိုက်တဲ့အခါ သင့်အတွက်ရော နောက်ကောင်မလေးအတွက်ပါ အကျိုးရှိစေမှာပါ။

Source: Glamour

Featured Image Source: Womenworking