သင်္ကြန်တွင်းပဲဖြစ်ဖြစ်၊ နွေရာသီမှာပဲဖြစ်ဖြစ် ကမ်းခြေဆီ (သို့) တစ်နေရာရာဆီ ခရီးသွားတဲ့အခါ အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ခရီးမှာ အလွန်အမင်း ပျော်ခဲ့ပြီးမှ အိမ်ပြန်ရောက်လို့ အသားမဲ သွားတဲ့ ဘီးကျဲ ကြီးဖြစ်နေပါလိမ့်မယ်။

နေပူထဲမှာ စိတ်ကြိုက် ပျော်ပါးခဲ့ပြီးမှ နေလောင်ဒဏ်ကြောင့် အသားမဲ လို့ စိတ်ညစ်နေတဲ့ ဘီးကျဲ တို့အတွက် သိထားသင့်တဲ့ အချက်များလည်း ရှိပါတယ်။ ဒီအချက်များကို ခရီးမသွားခင်နှင့် ခရီးသွားနေစဥ်အတောအတွင်းမှာ ပြုလုပ်ပေးမယ်ဆိုရင်တော့ ကွီးတို့အသားအရေက မပျက်မစီးဘဲနဲ့ ဘေဘီ အသားအရေလေးလို နူးညံ့အိစက်နေမှာပဲ ဖြစ်ပါတယ်။

နေလောင်ကာခရင်မ် မမေ့ပါနဲ့

နေလောင်ကာခရင်မ်

အပြင်ထွက်ပြီဆိုတာနဲ့ နေလောင်ကာခရမ်ကတော့ မရှိမဖြစ်ပါပဲ။ နေလောင်ကာခရင်မ်ကို SPF များများပါတာ အသုံးပြုသင့်ပါတယ်။ ထို့နောက် အိမ်က မထွက်ခင် မိနစ် ၃၀ အလိုမှ နေလောင်ကာခရင်မ် အသုံးပြုပေးဖို့ မမေ့ပါနဲ့။ ဒါမှသာ နေပူထဲမှာ စိတ်ချလက်ချ ထွက်နိုင်မှာဖြစ်ပြီး အသားအရေများ နေလောင်ဒဏ်ကြောင့် ပျက်စီးသွားခြင်းမှ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

အင်္ကျီ ဘောင်းဘီလက်ရှည် ဝတ်ပါ

အင်္ကျီ

Sunscreen တစ်ခုတည်းနဲ့ မပြီးသေးပါဘူး။ အင်္ကျီ လက်ရှည်၊ ဘောင်းဘီ လက်ရှည် ဝတ်ဆင်သင့်ပါတယ်။ နေပူထဲ ထွက်တဲ့အခါမှာလည်း ဦးထုပ်နှင့် ထီးတို့ကို မမေ့မလျော့ ယူသွားသင့်ပါတယ်။ ကမ်းခြေသွားမယ်ဆိုတဲ့ ကွီးတို့ကလည်း မနက် နေအေးချိန်နှင့် ညနေ နေအေးချိန်တို့တွင်သည် ကမ်းခြေတစ်လျှောက် လျှောက်သွားခြင်း၊ ရေ ဆော့ကစားခြင်းတို့ကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

ရှားစောင်းလက်ပတ် အသုံးပြုပါ

အသားမဲ ဘီးကျဲ

ရှားစောင်းလက်ပတ်ကတော့ နေလောင်တဲ့ အသားအရေအတွက် အသုံးအတည့်ဆုံးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နေလောင်ကာခရင်မ် တော်တော်များများတွင် ရှားစောင်းလက်ပတ်ကို ပါဝင်ပစ္စည်းတစ်မျိုးအဖြစ် ထည့်သွင်းကာ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါတင်ကမသေးပါဘူး။ ထိခိုက် ဒဏ်ရာ အနာတရများအတွက်လည်း ရှားစောင်းလက်ပတ်က အင်မတန်မှ အသုံးတည့်ပါတယ်။ ကွီးတို့အနေနဲ့ နေလောင်ဒဏ်ကြောင့် အသားအရေက ညိုမဲ ပျက်စီးနေတယ်ဆိုရင် ရှားစောင်းလက်ပတ်ဂျယ်ကို လိမ်းကျံပေးနိုင်ပါတယ်။ အပင်က ဂျယ်လ်ကိုပဲ လိမ်းလိမ်း၊ ရယ်ဒီမိတ် ဘူးထဲက ဂျယ်လ်ကိုပဲ အသုံးပြုပြု၊ အာနိသင် အတူတူပဲဖြစ်ပါတယ်။

အသားအရေကို ရေဓာတ် ဖြည့်ပါ

အသားမဲ ဘီးကျဲ

နေလောင်ဒဏ်ကြောာင့် ပျက်စီးသွားတဲ့အသားအရေသည် ပုံမှန်အသားအရေထက် ဂရုစိုက်မှု ပိုပေးရမှာပဲ ဖြစ်ပါတယ်။ ရေချိုးပြီးတဲ့နောက်မှာ အစိုဓာတ် ထိန်းပေးတဲ့ လိုးရှင်းများကို လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပျက်စီးနေတဲ့ ဆဲလ်များကို ပြန်လည် ပြုပြင် ထိန်းသိမ်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။​

မုန့်ဖုတ်ဆိုဒါ အသုံးပြုပါ

အသားမဲ ဘီးကျဲ

မုန့်ဖုန်ဆိုဒါသည်လည်း နေလောင်ဒဏ်ကြောင့် အသားအရေ နီမြန်း ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။​ ရေချိုးခါနီးမှာ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း (၈) ဇွန်းကို ကြက်သီးနွေး ရေနွေးဖြင့် ရောစပ်ကာ ရေချိုးပေးနိုင်ပါတယ်။

ရေများများ သောက်ပါ

အသားမဲ ဘီးကျဲ

နွေရာသီသည် ပူပြင်းခြောက်သွေ့တဲ့ ရာသီဖြစ်တဲ့ အားလျော်စွာ ကွီးတို့ ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်များလည်း အလွယ်တကူ ဆုံးရှုံးနိုင်ပါတယ်။ ထို့ကြောင့် ရေများများသောက်ကာ ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ် ဖြည့်တင်းတဲ့အခါမှာလည်း ရိုးရိုးရေကို သောက်သုံးတာ အကောင်းဆုံးပါပဲ။ အချိုရည်များ၊ အအေးများထဲတွင် ဓာတုဆိုးဆေးများလည်း ပါဝင်နိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူ မပြုနိုင်တဲ့အတွက်ကြောင့် သောက်သုံးရန် မသင့်တော်ပါဘူး။

ခရီးသွားနေစဥ်အတွင်း မိုင်ကုန် ပျော်ထားပြီး အိမ်ပြန်ရောက်မှ အသားမဲ သွားတဲ့ ဘီးကျဲ တို့ရော ဘယ်လိုလုပ်မယ်လို့ စဥ်းစားထားပါသလဲ။

Source: Goodhousekeeping

Featured Image: Freepik