ယောကျာ်းလေးများသည် မိန်းကလေးများလောက် မိမိ အသားအရေ ကို စိုးရိမ်ပူပန်စိတ် နည်းတတ်ကြပါတယ်။ မိမိအသားအရေကို စတင်သတိထားမိချိန်မှာတော့ အသားအရေက အများကြီးပျက်စီးနေပါပြီ။ အသားအရေ မပျက်စီးခင်ကတည်းက ဂရုတစိုက်ထိန်းသိမ်းခြင်းသည် အကုန်အကျ သက်သာပြီး ပိုမိုထိရောက်မှုလည်း ရှိပါတယ်။
ဒါဆိုရင် အသားအရေ မပျက်စီးခင်ကတည်းက ဘယ်လိုထိန်းသိမ်းရမလဲ။
ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ
Photo Source: Runtastic.com
ရေများများ သောက်သုံးခြင်းသည် အသားအရေအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ရေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။ ဆဲလ်အသစ်များ၊ တစ်သျှူးအသစ်များ ပြန်လည်ဖြစ်ပေါ်စေကာ အသားအရေကို စိုပြေစေပါတယ်။ အထူးသဖြင့် ဝက်ခြံပေါက်သူများ၊ အသားအရေ Sensitive ဖြစ်သူများသည် သာမန်လူတွေထက် ရေများများ ပိုသောက်သင့်ပါတယ်။
နေလောင်ကာခရင်မ် လိမ်းဖို့ မမေ့ပါနဲ့
Photo Source: Jacketsunscreen.com
နေလောင်ကာခရင်မ်သည် အမျိုးသမီးများအတွက်သာမက အမျိုးသားများအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ အလှကုန်ပစ္စည်းတစ်မျိုးပါ။ နေလောင်ကာခရင်မ် ရွေးချယ်တဲ့အခါမှာလည်း SPF 30 ထက်မနည်းတဲ့ နေလောင်ကာခရင်မ်မျိုး ရွေးဝယ်သင့်ပါတယ်။ အသုံးပြုနည်းအမှန်ကတော့ နေပူထဲမထွက်ခင် မိနစ် ၃၀ အလိုကတည်းက လိမ်းကျံထားရမှာပဲဖြစ်ပါတယ်။
အသားအရေကို ပုံမှန်ကြေးချွတ်ပါ
တချို့တွေက ရေချိုးတဲ့အခါ ကြေးတွန်းရမှာ ပျင်းတတ်ကြပါတယ်။ ချမ်းအေးတဲ့အချိန်ဆို ကြေးမတွန်းတော့ဘဲ ရေကို ဝုန်းဝုန်း လောင်းချပြီး ခပ်မြန်မြန်သာ ရေချိုးတတ်ကြပါတယ်။ ဒီလိုကြေးတွန်းပျင်းတဲ့သူတွေအတွက် တစ်ပတ် နှစ်ရက်လောက်တော့ မဖြစ်မနေကြေးချွတ်ဖို့ လိုအပ်ပါတယ်။ ဒါမှ အသားအရေက ကြည်လင်နုပျိုနေမှာပါ။
အသားအရေလှပဖို့ရန်အတွက် စားသုံးပါ
Photo Source: Eatthis.com
သင် စားသုံးတဲ့အစားအစာသည် သင့်ရဲ့ အသားအရေကို ထင်ဟပ်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သဘာဝအဆီဓာတ်ကြွယ်ဝသော အစားအစာများကို စားသုံးပါ။ သင့်ခန္ဓာကိုယ်က သဘာဝအဆီဓာတ် လုံလောက်စွာမရရှိပါက အသားအရေ မွဲခြောက်ခြောက်နဲ့ ကြည့်မကောင်းပါဘူး။ သံလွင်ဆီ၊ ထောပတ်သီး၊ အုန်းသီးနှင့် အခြားသော အစေ့အဆံများသည် အသားအရေ အလှအပအတွက် အထူးကောင်းမွန်ပါတယ်။
သင့်မျက်နှာအတွက် ရေအေးအေးသာ အသုံးပြုပါ
Photo Source: Insidehook.com
မျက်နှာသစ်တဲ့အခါ ရေနွေးဖြင့် မျက်နှာသစ်ခြင်းသည် အသားအရေ ရဲ့အဆီလွှာကို ပျက်စီးသွားစေပြီး အသားအရေခြောက်သွေ့စေပါတယ်။ ဒါပေမဲ့ ရေအေးဖြင့် မျက်နှာသစ်ပေးမယ်ဆိုရင်တော့ မျက်နှာပေါ်ရှိ အဆီလွှာကို မပျက်စီးစေဘဲ ဘက်တီးရီးယားများကို ဖယ်ရှားပေးက ချွေးပေါက်များကို သန့်စင်စေပါတယ်။ အသားအရေကိုလည်း တင်းတင်းရင်းရင်းလေးဖြစ်စေပါတယ်။
Source: Stylecraze.com