Ariana Grande သည် နာမည်ကြီးလူကြိုက်များတဲ့ အမေရိကန်လူမျိုး အဆိုတော်တစ်ယောက်ဖြစ်ပြီး သီချင်းရေးခြင်း၊ သရုပ်ဆောင်ခြင်းတို့ကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ သူ(မ)ရဲ့ Octave ကို လေးသံမြောက် Octave အထိ အော်နိုင်ခြင်းကြောင့် နာမည်ကြီးလူကြိုက်များလာခဲ့ခြင်းဆိုလည်း မမှားပါဘူး။ ဒီလိုမျိုး လူကောင်သေးပေမယ့် အသံ ပါဝါက ရှယ်ကောင်းတဲ့ Ariana Grande သည် သီချင်း ပေါင်း မြောက်မြားစွာကို အမိုက်စား သီဆိုလေ့ရှိပါတယ်။
သူ(မ)သည် ၁၉၉၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ သူ(မ)ရဲ့ နာမည်အပြည့်အစုံကတော့ Ariana Grande-Butera ဖြစ်ပြီး သူ့မှာ Frankie Grande လို့ ခေါ်တဲ့ မအေတူ ဖအေကွဲ အစ်ကိုတစ်ယောက်ရှိပါတယ်။
အသံ ပါဝါကောင်းကောင်းနဲ့ သီဆိုလေ့ရှိတဲ့ Ariana Grande ရဲ့ သီချင်းတွေကလည်း အများအပြားရှိပါတယ်။ ထိုသီချင်းတွေထဲကမှ လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံး သီချင်းကောင်းလေးတွေကို သူ့ရဲ့ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။
One Last Time
ဒီသီချင်းလေးထဲမှာ ကောင်မလေးသည် အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်။ သူ့ကောင်လေးအပေါ် ဖောက်ပြန်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကောင်လေးက သူ(မ)ကို မေ့ပစ်ပြီး ရည်းစားအသစ်ရနေချိန်မှာ ကောင်မလေးက မမေ့နိုင်ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ သူ့ကောင်လေးနဲ့ တစ်ကြိမ်လောက် အတူတူ ရှိနေချင်သေးကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။
7 Rings
ဒီသီချင်းလေးကတော့ သူငယ်ချင်းသံယောဇဉ်ကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ Thank U, Next ဆိုတဲ့ သီချင်းလေးမှာ သူ့ရဲ့ရည်းစားဟောင်းအကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။ သူ(မ)သည် သူ့ရဲ့ရည်းစားဟောင်း Pete Davidso ကို စေ့စပ်လက်စွပ်ပြန်ပေးခဲ့ပြီး သူ(မ)ရဲ့ အခြားသော သူငယ်ချင်း (၆) ယောက်နဲ့ ဆင်တူလက်စွပ်လေး ဆင်မြန်းထားကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။
Bang Bang
ဒီသီချင်းလေးထဲမှာတော့ Jessis J ရယ် Ariana Grande နဲ့ Nicki Minaj တို့ အတူတူ Collaborate လုပ်ကာ သီဆိုထားတာဖြစ်ပါတယ်။
Problem
ဒီသျီင်းလေးထဲမှာတော့ ရက်ပ်အဆိုတော် Iggay Azalea နဲ့အတူ တွဲဖက်သီဆိုထားတာဖြစ်ပြီး အတော်လေး လူကြိုက်များခဲ့ပါတယ်။
Break Free
ဒီသီချင်းလေးထဲမှာတော့ ရည်းစားနဲ့ ပြတ်စဲသွားပြီးတဲ့နောက်မှာ တစ်ယောက်တည်း သန်သန်မာမာနဲ့ ဘဝကို ဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။
No Tears Left To Cry
ဒီသီချင်းလေးထဲမှာတော့ သူ(မ)သည် စိတ်ပျက်တဲ့ ခံစားချက်ကို ငြီးငွေ့နေပြီဖြစ်ကြောင်း Good Vibes ခံစားချက်ကို ခံစားဖို့အတွက် ပြင်ဆင်တော့မှာဖြစ်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။
The Way
ဒီသီချင်းလေးမှာတော့ Mac miller က Featuring အနေနဲ့ သီဆိုထားတာဖြစ်ပါတယ်။
Side To Side
ဒီသီချင်းလေးကတော့ ၂၀၁၆ တုန်းက ထွက်ရှိထားတာဖြစ်ပြီး Nicki Minaj နဲ့ အတူတူ တွဲဖက်သီဆိုထားတာဖြစ်ပါတယ်။
Dangerous Woman
ဒီသီချင်းလေးထဲမှာတော့ Ariana Grande ရဲ့ ရင့်ကျက်တဲ့ အသွင်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Into You
ဒီသီချင်းလေးကတော့ ၂၀၁၆ တုန်းက ထွက်ရှိထားတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
God Is A Woman
အသံ ပါဝါကောင်းတဲ့ Ariana Grande ရဲ့ နောက်ထပ် သီချင်း တစ်ပုဒ်ကို ပြောပြပါဆိုရင်တော့ God Is A Woman သီချင်းပဲဖြစ်ပါတယ်။
Source: Udiscovermusic
Featured Image: Nbcnews