ကျွန်တော်တို့ရဲ့ ကမ္ဘာဟာ စကြာဝဠာ ကြီးထဲမှာရှိတဲ့  ဂြိုလ်တစ်လုံးပါ။ ကမ္ဘာမြေကနေ အပြင်ထွက်လိုက်ရင် အတိုင်းအဆမရှိတဲ့ စကြာဝဠာထဲကို ရောက်သွားမှာပါ။ စကြာဝဠာဆိုတာ ဘာပါလဲ။ Big Bang သီအိုရီ အရ မြင့်မားသောသိပ်သည်းဆနှင့် အပူချိန်ရဲ့ ကနဦးအခြေအနေမှ စကြာဝဠာကြီး မည်ကဲ့သို့ ကျယ်ပြန့်လာပုံကို ဖော်ပြတဲ့ ရုပ်ပိုင်းဆိုင်ရာ သီအိုရီတစ်ခု ဖြစ်ပါတယ်။ စကြာဝဠာထဲမှာ အာကာသ၊ ဂြိုဟ်များ၊ ကြယ်များ၊ နဂါးငွေ့တန်းများအပြင် အခြားအရာဝတ္ထုများနဲ့ စွမ်းအင်များ စတဲ့အရာအားလုံးပါဝင်ပါတယ်။

အာကာသဆိုင်ရာ YouTube

Photo : Mashable India

ဒီကြီးမားကျယ်ပြန့်ပြီး ဆန်းကျယ်လှတဲ့ စကြာဝဠာထဲမှာ လူသားတွေအတွက် အဖြေမရှာနိုင်သေးတဲ့၊ လက်လှမ်းမမှီသေးတဲ့ အရာတွေ အများကြီးပါပဲ။ ထူးခြားဆန်းကြယ်သလောက် စိတ်ဝင်စားစရာလည်းကောင်းလှပါတယ်။ ဒီလို စကြာဝဠာကြီး အကြောင်း၊ အာကာသဆိုင်ရာ အကြောင်းအရာများကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် Subscribe လုပ်ထားသင့်တဲ့ YouTube ချန်နယ်များကို‌ ဖော်ပြပေးချင်ပါတယ်။

NASA

Source : NASA

NASA ကိုတော့ ကွီးတို့တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ ကွီးတို့အနေနဲ့ အာကာသဆိုင်ရာ အကြောင်းအရာတွေ၊ အာကာသအတွင်း ဖြစ်ပျက်မှုတွေကို အမြဲအချိန်နဲ့ တစ်ပြေးညီ သိချင်ရင် NASA က တကယ်ကို Subscribe လုပ်ထားသင့်တဲ့ Youtube ချန်နယ်ပါပဲ။ NASA ရဲ့ တရားဝင်ချန်နယ်ဖြစ်သောကြောင့် ကြည့်ရှုသူများကို အာကာသအေဂျင်စီမှတရားဝင် NASA ဗီဒီယိုဖိုင်များနှင့် အပ်ဒိတ်များကို ဗီဒီယိုများ တင်ပေးထားပါတယ်။ NASA ကသူရဲ့ တရားဝင် Youtube ချန်နယ်ကို ၂၀၀၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အခုဆိုရင် Subscribers ပေါင်း ၁၀.၉ သန်းခန့် ရှိနေပြီး ဖြစ်ပါတယ်။

Space X

Source : Space X

ဒီချန်နယ်ကတော့ လွန်းပျံယာဉ်များ၊ ဒုံးပျံများနှင့် အာကာသလက်မှုပညာများကို ဒီဇိုင်းထုတ်ကာ ထုတ်လုပ်တဲ့ Space Exploration Technologies Corp. ကို တည်ထောင်ခဲ့သူ Elon Musk အဖွဲ့အစည်းရဲ့ တရားဝင်ချန်နယ် ဖြစ်ပါတယ်။ ဒီချန်နယ်မှာ အာကာသသိပ္ပံ၊ နက္ခတ္တဗေဒနှင့် စကြာဝဠာနယ်ပယ်တွင် နည်းပညာသစ်များ၊ စိတ်ကူးများနှင့် ဆန်းသစ်တီထွင်မှုများကို ဆွေးနွေးသည့် အလားအလာအကောင်းဆုံးနှင့် စစ်မှန်သော နက္ခတ္တဗေဒ YouTube ချန်နယ်တစ်ခု ဖြစ်ပါတယ်။ နက္ခတ္တဗေဒနဲ့ အာကာသဆိုင်ရာ အကြောင်းအရာတွေကို လေ့လာချင်တဲ့ ကွီးတို့Subscribe လုပ်ထားသင့် ချန်နယ်ပါပဲ။

What If

Source : What If

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ချန်နယ်တစ်ခုကတော့ Subscribers ၆.၉၉ သန်းရှိတဲ့ What If ဆိုတဲ့ ချန်နယ်ပဲ ဖြစ်ပါတယ်။ စကြာဝဠာအတွင်းမှာ ရှိတဲ့ဖြစ်နိုင်ခြေတွေ၊ သဘာဝတရားနဲ့ ဆိုင်တဲ့ ဖြစ်နိုင်ခြေတွေ၊ အံ့သြဖွယ်ကောင်းသော မှန်းဆနိုင်သော အခြေအနေများအား စူးစမ်းလေ့လာခြင်းများကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်ပါတယ်။ အခြားသော စိတ်ဝင်စားဖွယ် အကြောင်းအရာများကိုလည်း ဒီချန်နယ်မှာ ကြည့်ရှုနိုင်ပါတယ်။

PBS Space-Time

Source : PBS Space-Time

ဒီချန်နယ်ကတော့ နက္ခတ္တရူပဗေဒပညာရှင် Matthew O’Dowd က သိပ္ပံပညာ၊ နက္ခတ္တဗေဒဆိုင်ရာ ဖြစ်ပျက်မှုများ၊ အာကာသမစ်ရှင်များ စသည်တို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို တင်ဆက်ပေးနေတဲ့ ချန်နယ်ဖြစ်ပါတယ်။ ဒီချန်နယ်က ရှားပါးသော ဖြစ်စဉ်နှင့် ရူပဗေဒဆိုင်ရာ သဘောတရားများ ၊ စကြာဝဠာကြီးအကြောင်း လေ့လာရန် အကောင်းဆုံး နက္ခတ္တဗေဒ YouTube ချန်နယ်များထဲမှ တစ်ခုဖြစ်ပါတယ်။

SciShow Space

Source : SciShow Space

အာကာသဆိုင်ရာ အကြောင်းအရာများကို လေ့လာချင်တဲ့ ကွီးတို့အတွက် ဖော်ပြပေးချင်တဲ့ နောက်ထပ် YouTube ချန်နယ်တစ်ခုကတော့ SciShow Space ပဲ ဖြစ်ပါတယ်။ ဒီချန်နယ်မှာ အာကာသမှတ်တမ်းရုပ်ရှင်များမှ အာကာသယာဉ်မှူး အင်တာဗျူးများအထိ ပြည့်ပြည့်စုံစုံလေ့လာနိုင်ပါတယ်။ ချန်နယ်ကို တစ်ပတ်လျှင် ဗီဒီယို နှစ်ခုခန့် အပ်ဒိတ်လုပ်လေ့ရှိပြီး ပြင်ပအာကာသသတင်းများ၊ နက္ခတ္တဗေဒနှင့် အာကာသ စူးစမ်းလေ့လာရေးဆိုင်ရာ နောက်ဆုံးရှာဖွေတွေ့ရှိမှုများအထိ အရာအားလုံးကို ပါဝင်ပါတယ်။

Kurzgesagt – In A Nutshell

Source : Kurzgesagt – In A Nutshell

ဒီချန်နယ်မှာ မယုံနိုင်လောက်အောင် ကောင်းမွန်စွာ တင်ပြထားသော ဗီဒီယိုများဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများစွာကို စူးစမ်းလေ့လာနိုင်ပါတယ်။ ကာတွန်းပုံစံများကို အသုံးပြုပြီး တင်ပြထားသော ဗီဒီယိုများက ရှုပ်ထွေးသော သဘောတရားများကို မိနစ်ပိုင်းအတွင်း လျင်မြန်စွာ နားလည်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီချန်နယ်မှာ ကဏ္ဍမျိုးစုံပါဝင်တဲ့အပြင် အာကာသဆိုင်ရာ ဗီဒီယိုများကလည်း ပညာပေးနဲ့ ဖျော်ဖြေမှုများကြောင့် Subscribe လုပ်ထားသင့်တဲ့ YouTube ချန်နယ် တစ်ခုပါပဲ။

အခုဖော်ပြပေးလိုက်တာကတော့ အာကာသဆိုင်ရာ အကြောင်းအရာများကို စိတ်ဝင်စားတဲ့ ကွီးတို့ Subscribe လုပ်ထားသင့်တဲ့ YouTube ချန်နယ်များ ပဲဖြစ်ပါတယ်။ အခြားသော စကြာဝဠာနဲ့အာကာသဆိုင်ရာ အကြောင်းအရာများ တင်ဆက်ပေးနေတဲ့ ချန်နယ်များစွာလည်း ရှိတာကြောင့် ကွီးတို့ စိတ်ဝင်စားရာအလိုက် ကြည့်ရှုလေ့လာနိုင်ပါတယ်။

Source : HC, Interesting Engineering,

Featured Photo : The Mandarin