ကွီးတို့ရေ အကြောင်းအမျိုမျိုးကြောင့် အာရုံတွေ တအားနောက် နေပါသလား။ ကျွန်တော်တို့ရဲ့ အာရုံကြောစနစ် က အာရုံခံကြောများနဲ့ ရှုပ်ထွေးသော ကွန်ရက်တစ်ခု ဖြစ်ပြီး၊ လူ့ခန္ဓာကိုယ်မှာ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များစွာမှတစ်ဆင့်၊ အတွင်းပိုင်းနှင့် ပြင်ပလှုံ့ဆော်မှုများကို တုံ့ပြန်ရန်နှင့် အရေးကြီးသော ခန္ဓာကိုယ်ဆိုင်ရာ လုပ်ငန်းဆောင်တာများစွာကို ဆောင်ရွက်ပေးပါတယ်။ ၎င်းတို့တွင် ပုံမှန်အားဖြင့် အစာခြေခြင်းကို ကူညီပေးခြင်း၊ နှလုံးခုန်ခြင်း၊ နာကျင်မှုကို တုံ့ပြန်ခြင်း၊ အသက်ရှုမှုကို ချိန်ညှိခြင်း၊ စိတ်ခံစားမှုများ၊ ခန္ဓာကိုယ် အပူချိန်၊ ခန္ဓာကိုယ် အနေအထားကို ထိန်းသိမ်းခြင်းနှင့် နေ့စဉ် ဖိအားဒဏ်ကို ခံနိုင်ရည်ရှိစေရန် ခန္ဓာကိုယ်ကို အားကောင်းစေခြင်း တို့ ပါဝင်ပါတယ်။
ပုံမှန်အားဖြင့် ဗဟိုအာရုံကြောစနစ်သည် ဦးနှောက်နှင့် ကျောရိုးမှ မက်ဆေ့ချ်များကို ခန္ဓာကိုယ်အနှံ့သို့ သယ်ဆောင်ပေးပြီး အာရုံကြောများနှင့် ဆဲလ်များအား ၎င်းတို့ရဲ့ တာဝန်များ လုပ်ဆောင်စေပါတယ်။ ထို အာရုံကြောများနှင့် ဆဲလ်များရဲ့ လုပ်ဆောင်ချက်များ ရပ်တန့်သွားသောအခါ ဗဟိုအာရုံကြောစနစ်က ၎င်းရဲ့ အခြေခံလုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ပျက်ကွက်ပါတယ်။ ထိုအခြေအနေများကို ရှောင်ရှားရန် နဲ့ ကျန်းမာသော စနစ်ကို ထိန်းသိမ်းရန် နည်းလမ်းကောင်းများ ကျင့်သုံးဖို့ လိုပါတယ်။
ကွီးတို့ အာရုံတွေ မနောက်ရအောင် လိုက်နာကျင့်သုံးရမယ့် နည်းလမ်းကောင်းများကတော့
(၁) နေ့စဉ် ဦးနှောက်အတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
Photo : Pexel
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အမှန်တကယ်လို အပ်ပြီး စိတ်ပိုင်းဆိုင်ရာကိုလည်း အထောက်အကူပြုစေပါတယ်။ ထိုကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖို့ လိုသလို ဒီနေရာမှာ အာရုံကြောစနစ်အတွက်ဆိုလျှင် စကားဝှက်ကဲ့သို့ ပဟေဋ္ဌိတစ်ခုခုကို ကောက်ယူပြီး ဦးနှောက်ကို ၁၀ မိနစ်ခန့် အလုပ်ပေးခြင်းကို ဆိုလိုပါတယ်။ ဒီလို နေ့စဉ်လုပ်ခြင်းဖြင့် အာရုံကြောစနစ်ကို လေ့ကျင့်ခန်းလုပ်ပေးသလို ဖြစ်စေကာ ကျန်းမာစေပါတယ်။ အာရုံကြောဗေဒ ပညာရှင်များရဲ့ အကြံပြုချက်အရ အဆိုပါ လုပ်ဆောင်ချက်များသည် သွက်ချာပါဒ၊ လေဖြတ်ခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း တို့ကို အထိုက်အလျောက် ကာကွယ်ပေးပြီး မှတ်ဉာဏ်ကို ထက်မြက်စေပါတယ်။
(၂) အိပ်ရေးဝဝ အိပ်ပါ
Photo : Qura Ring
ကွီးတို့ အာရုံတွေ တအားနောက် နေရခြင်း အကြောင်းအရင်းတစ်ခုက အိပ်ရေးမဝလို့ ဖြစ်နိုင်ပါတယ်။ အိပ်စက်ခြင်းက ကွီးတို့ရဲ့ စိတ်ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတို့ကို မြှင့်တင်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ အကယ်၍ ကွီးတို့က ကောင်းမွန်သော အိပ်စက်ခြင်းမရှိပါက ကွီးတို့ စဉ်းစားပုံ၊ တုံ့ပြန်မှု၊ သင်ယူမှုနှင့် အခြားသူများနှင့် စကားပြောဆိုပုံတို့ကို ထိခိုက်စေနိုင်တဲ့ အာရုံကြောနဲ့ဆိုင်တဲ့ နာတာရှည်အခြေအနေအချို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ အိပ်စက်ခြင်းက ဗဟိုအာရုံကြောစနစ်ကို ကောင်းမွန်စွာအလုပ်လုပ်ဖို့ ကူညီပေးနိုင်ပါတယ်။
(၃) ခန္ဓာကိုယ်ကို နေရောင်ခံပေးပါ
Photo : The New York Times
နေရောင်ခြည်က ကျန်းမာရေးအခြေ အနေအမျိုးမျိုးကို ခံစားရနိုင်ခြေကို လျှော့ချပေးကြောင်း လေ့လာမှုများက ဆိုပါတယ်။ ၎င်းက ဗဟိုအာရုံကြောစနစ်ရဲ့ ကျန်းမာရေးကို အားကောင်းစေသည့် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။ မနက်စောစော နေရောင်ခြည်ကို ၁၀ မိနစ်ခန့် ထိတွေ့ခြင်းက ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို အားကောင်းစေတဲ့အပြင် တစ်ချိန်တည်းမှာပင် ဗီတာမင် D ကိုလည်း လုံလုံလောက်လောက် ရရှိစေပါတယ်။
(၄) တရားထိုင်ပါ
Photo : Men’s Yoga Journal
ကွီးတို့ရေ တရားထိုင်ခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ရုံသာမက အာရုံကြောများကိုလည်း ပြေလျော့စေပါတယ်။ ကျွန်တော်တို့ရဲ့ အာရုံကြောများက စိတ်ဆန္ဒအလျောက် သိစိတ်တုံ့ပြန်မှုများနှင့် မလိုလားအပ်သော တုံ့ပြန်မှုများကို လုပ်ဆောင်ရန်အတွက် တာဝန်ရှိပါတယ်။ တရားထိုင်ခြင်းဖြင့် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှုနှုန်းကို ထိန်းညှိပေးပြီး အခြား အာရုံကြောအားလုံးကို ငြိမ်သက်စေပါတယ်။
(၅) ခြေဗလာနဲ့ လမ်းလျှောက်ပါ
Photo : The US Sun
ကွီးတို့ အာရုံတွေ တအားနောက် နေရင် မြေကြီးပေါ်မှာ ခြေဗလာနဲ့ လမ်းလျှောက်ကြည့်ပါ။ ခြေထောက်ဗလာနဲ့ လမ်းလျှောက်တာဟာ လူသားတွေအတွက် အထူးခြားဆုံး ဗီဇပါပဲ။ ၎င်းက အာရုံကြောစနစ်ကို အထောက်အကူပြုနိုင်ပြီး ကွီးတို့ရဲ့ ကျန်းမာရေးအပြင် ဇီဝကမ္မဗေဒကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။ ဒ့ါအပြင် ခြေဗလာလမ်းလျှောက်ခြင်းက အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်ပါတယ်။
(၆) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားသုံးပါ
Photo : Eat This, Not That
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားသုံးခြင်းဟာ မှန်ကန်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ရုံသာမက လူနေမှုပုံစံဆိုင်ရာ ရောဂါများစွာကို ကင်းဝေးစေပါတယ်။ ဒါ့အပြင် ဗဟိုအာရုံကြောစနစ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ချီယာစေ့၊ ဆော်လမွန်၊ ပန်းဂေါ်ဖီ၊ ကဲ့သို့သော အစားအစာများက အာရုံကြောစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။ အခြားသော အာရုံကြောစနစ် ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာများမှာ ပဲ၊ အာလူး၊ ငှက်ပျောသီး၊ ချောကလက်၊ ဗာဒံစေ့နှင့် ဆန်လုံးညိုတို့ ပါဝင်ပါတယ်။
(၇) Green Tea သောက်ပါ
Photo : Shizuoka Green Tea
Green Tea တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် သောက်သုံးခြင်းက ကွီးတို့ရဲ့ အာရုံကြောစနစ်ရဲ့ အသက်သွေးကြောကို ထိန်းသိမ်းပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ Green Tea မှာ အမိုင်နိုအက်ဆစ်ကြွယ်ဝပြီး ၎င်းမှာပါဝင်တဲ့ ကဖင်းဓာတ်က တွေးခေါ်နိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုကို တိုးမြင့်စေတယ်။
ကွီးတို့ရဲ့ အာရုံကြောစနစ် ကျန်းမာစေဖို့ ဒီရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကောင်းလေးတွေကို လိုက်နာဖို့ အကြံပြုလိုက်ပါတယ်။
Source : Dr. La PathLabs
Featured Photo : Dearborn.org