အာရှ ဝီစကီ တွေလို့ ပြောလိုက်တာနဲ့ ဂျပန်နိုင်ငံထုတ် ဝီစကီများသည် ဈေးကွက်ထဲမှာ ဘုရင်တစ်ပါးအဖြစ် နေရာယူနေတာကို တွေ့မြင်ရပါလိမ့်မယ်။ ဂျပန် ဝီစကီတွေနှင့်အပြိုင် အခြားသော အာရှတစ်လွှားရှိ ဝီစကီများသည်လည်း ခေသူမဟုတ်ပါဘူး။ ဂျပန်ဝီစကီရဲ့ ခြေရာကို အမှီလိုက်နေကြပါတယ်။ အခုဖော်ပြပေးမယ့် ဝီစကီများကတော့ အာရှ တလွှားရှိ အကောင်းဆုံး ဝီစကီ များပဲဖြစ်ပါတယ်။
Yamazaki
နံပါတ် (၁) အကောင်းဆုံး ဝီစကီကတော့ Yamazaki လို့ အမည်ရတဲ့ ဂျပန် ဝီစကီတစ်မျိုးပဲဖြစ်ပါတယ်။ သူသည် တစ်နှစ်လျှင် ဝီစကီ ပုလင်းရေပေါင်း ၁၂၀၀၀ ခန့်သာ ကန့်သတ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ သက်တမ်းရင့် အကောင်းစား ဝီစကီများကို သောက်သုံးချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
Kavalan
ဒီတံဆိပ်ကတော့ ထိုင်ဝမ် ဝီစကီလေးဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာ အခုဆို လူကြိုက်အတော်များနေပြီဖြစ်ပါတယ်။
Nikka Whisky
နံပါတ် (၃) အကောင်းဆုံး ဝီစကီကလည်း ဂျပန်ဝီစကီပဲဖြစ်ပါတယ်။ Masataka Taketsuru သည် စကော့တလန်နိုင်ငံသို့ သွားရောက်ပြီးနောက် ဝီစကီ ပြုလုပ်ခြင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ ၁၉၉၃ တွင် Hokkaido သို့ ပြန်ရောက်လာတဲ့အခါ Nikka ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ဝီစကီများ ချက်လုပ်လာပါတော့တယ်။ Nikka ဆိုတဲ့ ဝီစကီသည် ဆုတံဆိပ်များစွာကိုလည်း ရရှိခဲ့တဲ့ အကောင်းစား ဝီစကီတစ်မျိုးပဲဖြစ်ပါတယ်။
Amrut
နောက်ထပ် အကောင်းဆုံး အာရှ ဝီစကီ ကတော့ အိန္ဒိယနိုင်ငံထုတ် ဝီစကီပဲဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဝီစကီ စီးရီးမျိုးစုံကိုလည်း ထုတ်လုပ်လျက်ရှိပါတယ်။
Hibiki
ဂျပန်ဝီစကီများကိုသာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် နောက်ထပ် ရွေးချယ်စရာ ဂျပန်ဝီစကီကတော့ Hibiki ပဲဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကတည်းက ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များ နာမည်ကြီးနေဆဲဖြစ်ပါတယ်။
Hakushu
ဒီဘရန်းကတော့ ၁၉၇၃ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ဝီစကီ အမျိုးအစားဖြစ်ပါတယ်။ Hakushu နှင့် Hibiki တို့ရဲ့ မိခင် ကုမ္ပဏီကတော့ Suntory ဖြစ်ပြီး Hakushu ကတော့ ကုမ္ပဏီရဲ့ ဒုတိယမြောက် ဥက္ကဌက ထုတ်လုပ်ခဲ့တဲ့ ဝီစကီအမျိုးအစားဖြစ်ပါတယ်။
Paul John
နောက်ထပ် အိန္ဒိယ ဝီစကီတစ်မျိုးကတော့ Paul John ဖြစ်ပါတယ်။ သူကတော့ ၁၉၉၆ ခုနှစ်က ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပြီး ပြင်းရှရှ အရသာ ကြိုက်နှစ်သက်သူများအတွက်တော့ ဒီဝီစကီက သင့်တော်ပါတယ်။
Chichibu
Chichibu ကတတော့ ဂျပန်ဝီစကီဖြစ်ပြီး ၂၀၀၄ ခုနှစ်တုန်းက Ichiro Akuto က ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒီဝီစကီကတော့ စကော့တလန်၊ USA ၊ ကနေဒါ၊ အိုင်ယာလန်နှင့် ဂျပန် အစရှိတဲ့ ဝီစကီချက်လုပ်နည်းမျိုးစုံကို ပေါင်းစပ်ကာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Rampur
နောက်ထပ် နာမည်ကြီး အိန္ဒိယ ဝီစကီကတော့ Rampur ဖြစ်ပြီး ၁၉၄၃ ခုနှစ်က ဈေးကွက်ထဲမှာ စတင်နေရာယူနေတာဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်းမှာလည်း ဆုတံဆိပ်မျိုးစုံ ရရှိတဲ့ ဝီစကီတစ်မျိုးဖြစ်ပါတယ်။
Nantou
ထိုင်ဝမ် ဝီစကီဖြစ်ပြီး ၁၉၇၈ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ တွင်လည်း World Whiskies Awards များကို ရရှိခဲ့တဲ့ နာမည်ကြီးတံဆိပ်တစ်ခုပဲဖြစ်ပါတယ်။
Source: Lifestyleasia
Featured Image: Lifestyleasia