အစားအသောက်နဲ့ အားကစားဟာ အမြဲဆက်စပ်မှု ရှိပါတယ်။ အားကစားလုပ်ချိန်မှာ အစားအသောက် ဂရုစိုက်ပေးဖို့လိုသလို Workout ကစားသူတွေအနေနဲ့ ပိုမိုထိရောက်မှုရှိပြီး ကျစ်လျစ်ကြံ့ခိုင်တဲ့ ကိုယ်ကာယတစ်ခု ပိုင်ဆိုင်နိုင်ဖို့ အစားအသောက်ကို လုံးဝ မေ့ထားလို့ မရနိုင်ပါဘူး။ အားကစားသမား တစ်ယောက်အတွက် Workout မလုပ်ခင် ရွေးစားသင့်တဲ့ အစားအသောက်တွေရှိသလို Workout ကစားပြီးမှာ စားရ/ရှောင်ရမယ့် အစားအသောက်တွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ အားကစား လုပ်ပြီးချိန်မှာ ရှောင်ကြဉ် ရမယ့် စားသောက်မှုပုံစံတွေ အကြောင်းပြောပြပေးချင်ပါတယ်။

(၁) အလွန်အကျွံ စားသောက်ခြင်း


Photo : Medical News Today

Workout လုပ်ချိန်မှာ ကြိုက်သလောက်စားလို့ရတယ်လို့ ပြောကြပေမယ့် ဒီအကျင့်ဟာ ကိုယ်အလေးချိန် ထိန်းသိမ်းမှုကို ဟန်ချက်ပျက်စေနိုင်တာကြောင့် အလွန်အကျွံစားတာမျိုး မလုပ်သင့်ပါဘူး။ များသောအားဖြင့် Gym အဆော့များတဲ့ အချိန်တွေဟာ ညနေဘက်တွေ ဖြစ်တာကြောင့် အစားအများကြီးစားဖြစ်မယ်ဆိုရင် အစာချေဖျက်မှုမှာလည်း ပြဿနာရှိနိုင်ပါတယ်။

(၂) ပရိုတင်း စားသုံးခြင်း

Photo : Medium

အားကစားသမားတွေအနေနဲ့ Workout လုပ်ပြီးချိန်မှာ ပရိုတင်းချည်းပဲ ဖိစားနေတာမျိုးဟာတကယ်က လုပ်ဖို့မလိုအပ်ပါဘူး။ နေ့တိုင်းကိုယ်စားနေတဲ့ အစားအသောက်မှာတစ်နပ်ကို ပရိုတင်း ဂရမ် ၃၀ ပါရင်ကိုပဲ ပရိုတင်းဓာတ်လုံလောက်တယ်လို့ ပြောနိုင်ပါတယ်။

(၃) ရေသောက်နည်းခြင်း


Photo : Healthline

လှုပ်လှုပ်ရှားရှား အပြေးလေ့ကျင့်ခန်း လုပ်သူအများစုဟာ သတ်မှတ်ထားတဲ့ ရေပမာဏအတိုင်း မသောက်ဖြစ်ကြဘူးလို့ နိုင်ငံတကာ အားကစားအာဟာရနဲ့ လေ့ကျင့်ရေးဆိုင်ရာ ဇီဝကမ္မဂျာနယ်က ဖော်ပြထားပါတယ်။ Workout အပါအဝင် အားကစားတွေဟာ ကိုယ်တွင်းက ချွေးတွေကို ထုတ်တဲ့ လေ့ကျင့်ခန်း ဖြစ်လို့ ရေဓာတ်ပြည့်နေဖို့ လိုပါတယ်။

(၄) ကာဗွန်ဟိုက်ဒရိတ် အစားနည်းခြင်း


Photo : Bodybuilding.com

ကာဗွန်ဟိုက်ဒရိတ် မြင့်စေမယ့် ဂျုံ ၊ ပဲ နဲ့အသီးအရွက်တွေဟာ Glycogen လို့ခေါ်တဲ့ ကြွက်သားသန်စွမ်းစေတဲ့ ဓာတ်ပါဝင်တာကြောင့် Workout လုပ်ပြီးစားပေးသင့်တဲ့ အစားအစာထဲမှာပါပါတယ်။ Workout ကစားပြီး ၁ နာရီအတွင်းမှာ ကိုယ်အလေးချိန် ကီလိုဂရမ်အလိုက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကာဗွန်ဟိုက်ဒရိတ် စားပေးသင့်ပါတယ်။

(၅) အရက်သောက်ခြင်း


Photo : Elite Traveler

အားကစားလုပ်ချိန်မှာ ဘီယာ ၊ အရက် စတာတွေ ရှောင်သင့်ပါတယ်။ ကြွက်သားနာကျင်တာသက်သာစေဖို့အတွက် Workout ပြီးချိန်မှာ ဝိုင်နည်းနည်းသောက်ဖို့အကြံပြုချက်တွေ ရှိပေမယ့် အယ်လ်ကိုဟောဓာတ်များများ သောက်သုံးမိရင်တော့ ကောင်းကျိုးရှိမှာ မဟုတ်ပါဘူး။

Featured Photo : MyFitnessPal Blog