အားကစားသမားတွေအတွက် နေ့စဉ်မရှိမဖြစ်တဲ့ အသုံးအဆောင်ကို ပြောပါဆိုရင် Activewear တွေက ထိပ်ဆုံးက ပါပါတယ်။ အားကစား အဝတ်အစားတွေက သက်တောင့်သက်သာနဲ့ လှုပ်ရှားလို့ကောင်းအောင် ဒီဇိုင်းထုတ်လုပ်ထားတဲ့အတွက် Workout ကစားရာမှာ များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒီတစ်ခေါက်မှာတော့ Nike ၊ Adidas ၊ Under Armour နဲ့ New Balance တို့လို ထိပ်တန်း အမှတ်တံဆိပ်တွေကဲ့သို့ လူကြိုက်များကျော်ကြားတဲ့ အကောင်းဆုံး Sportwear Brand ၅ ခု ကို ပြောပြပေးချင်ပါတယ်။
(၁) Lululemon Athletica

Photo : The Business of Fashion
ကနေဒါအခြေစိုက် Sportwear Brand ဖြစ်တဲ့ Lululemon Athletica ကို ၁၉၉၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ လက်ရှိ ယောဂအဝတ်အစားတွေ ထိပ်တန်းထုတ်လုပ်တဲ့ Brand တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ဒီဘက်ခေတ်မှာ ယောဂအားကစားရဲ့ ရေပန်းစားမှုနဲ့အတူ Lululemon Athletica ဟာလည်း လူကြိုက်များတဲ့ အကောင်းဆုံး အားကစားအဝတ်အစား Brand တစ်ခု ဖြစ်လာပါတယ်။
(၂) Asics

Photo : The Pill Outdoor Journal
ဂျပန်နိုင်ငံ Kobe မြို့အခြေစိုက် Asics ကုမ္ပဏီဟာ Running Shoes တွေနဲ့ ပတ်သတ်ပြီး အထူးလူသိများ ကျော်ကြားပါတယ်။ Asics ကုမ္ပဏီကို ၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အပြေးအားကစားသမားတွေအတွက် ဖိနပ်တွေအပြင် အရည်အသွေးမြင့် ကိုယ် ကာယနဲ့ အားကစား အဝတ်အထည်တွေလည်း ထုတ်ပါတယ်။
(၃) Columbia Sportswear

Photo : Working Not Working
အမေရိကန်နိုင်ငံ Oregon အခြေစိုက် ကုမ္ပဏီ Columbia Sportswear ဟာ အထူးထုတ်ထားတဲ့ တောင်တက်ဖိနပ်တွေ အပါအဝင် သက်တောင့်သက်သာ ဝတ်ဆင်နိုင်မယ့် အားကစားဝတ်စုံနဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အလားတူ Oregon အခြေစိုက် နာမည်ကြီး Sportwear Brand တစ်ခုဖြစ်တဲ့ Nike ထက် သက်တမ်းပိုရင့်ပါတယ်။
(၄) Fila

Photo : Forbes
၁၉၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Fila အမှတ်တံဆိပ်ဟာ မူလက အီတလီကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ အခြေစိုက်ထားပါတယ်။ အားကစားချစ်သူတွေမှာ နာမည်အခိုင်အမာ ရထားတဲ့ Sportwear Brand တစ်ခုအဖြစ် ရပ်တည်နေပြီး အရည် အသွေးမြင့် အားကစား ဖိနပ် ၊ အင်္ကျီ ၊ ဘောင်းဘီနဲ့ တခြား အားကစားအဝတ်အစားတွေ များစွာထုတ်ပါတယ်။
(၅) Reebok
Photo : Hypebeast
ယူကေ အခြေစိုက် နာမည်ကြီး Sportwear Brand ဖြစ်တဲ့ Reebok ကို ၁၉၅၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ သက်တောင့်သက်သာနဲ့ စတိုင်ကျတဲ့ Reebok ရဲ့ ဖိနပ်တွေကြောင့် လက်ရှိဈေးကွက်ထဲမှာ လူကြိုက်များကျော်ကြားပြီး Gym Clothing နဲ့ အားကစား အဝတ်အစားမျိုးစုံ တိုးချဲ့ ထုတ်လုပ်လျက်ရှိပါတယ်။
Featured Photo : Lifestyle Asia Hong Kong

