ကွီးတို့ရဲ့ ရေချိုးခန်းထဲမှာ ခန္ဓာကိုယ် ကြေးချွတ်ပေးမယ့် ဆပ်ပြာတစ်မျိုးမျိုး ရှိပါသလား။ ရိုးရိုးရေချိုးဆပ်ပြာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ စုပုံနေတဲ့ မဲညစ်နေတဲ့ ကြေးတွေကို ချွတ်ပေးမယ့် Scrub ဆပ်ပြာမျိုးကို ဆိုလိုတာပါ။ ဒီနေ့ခေတ်မှာ အမျိုးသမီးတွေပဲ အလှအပကို ခုံမင်ကြတာမဟုတ်ပါဘူး။ ကွီးတို့လည်း အားကျ မခံ Scrub တိုက်နိုင်ပါပြီ။

ဘာ့ကြောင့် ကွီးတို့လည်း အားကျ မခံ Scrub တိုက်သင့်သလဲ

အားကျ Scrub

သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ် အရေပြားပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားဖို့နဲ့ အသားအရေကို ကြည်လင် နူးညံ့စေဖို့ပဲဖြစ်ပါတယ်။ ကွီးတို့ Scrub တိုက် ပြီးပြိးချင်းမှာပဲ အသားအရေက နူးနူးညံ့ညံ့လေး ဖြစ်သွားတာကို မျက်မြင်တွေ့ရပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ ပိတ်ဆို့နေတဲ့ ချွေးပိတ်များကို ပွင့်သွားစေပြီး အသားအရေ မညီမညာဖြစ်ခြင်းမှ တားဆီးပေးပြီး အသားအရေကို ခရစ်စတယ်လေးလို ကြည်လင်လာစေမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို တစ်ပတ်လျှင် ဘယ်နှကြိမ်လောက် Scrub တိုက်သင့်သလဲ

အားကျ Scrub

ခန္ဓာကိုယ်ကို တစ်ပတ်လျှင် ဘယ်နှကြိမ်လောက် Scrub တိုက်ရမလဲဆိုတဲ့ တိကျတဲ့ အချိန်ဇယားတစ်ခုတော့ မရှိပါဘူး။ ကွီးတို့ အသုံးပြုတဲ့ အမျိုးအစားနှင့် ကွီးတို့ အသားအရေပေါ် မူတည်ပြီး အချိန်ကို မိမိဘာသာ ချိန်ညှိရမှာဖြစ်ပါတယ်။

Scrub အပျော့စားတွေကတော့ ကွီးတို့ ရေချိုးတိုင်းမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့လည်း တစ်ပတ်လျှင် တစ်ကြိမ်လောက် အသုံးပြုပေးရုံနဲ့တင် ကွီးတို့ရဲ့ အသားအရေက သိသိသာသာပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့က အခုမှ စအသုံးပြုမယ်ဆိုရင်တော့ ဖြည်းဖြည်းချင်း စပြီး အချိန်တွေ တဖြည်းဖြည်း တိုးသွားနိုင်ပါတယ်။ ဒါ့အပြင် ကိုယ် အသုံးပြုတဲ့ ဘူးပေါ်က အညွှန်းကိုလည်း သေချာ သတိပြုသင့်ပါတယ်။ နေလောင်ဒဏ်တွေကြောင့် အသားအရေ ပျက်စီးနေတဲ့အခါမှာလည်း ကြေးမချွတ်သင့်ဘဲ အသားအရေ ပြန်လည် အားဖြည့်သွားအောင် စောင့်သင့်ပါတယ်။ ပြီးတော့ အသားအရေက ဒဏ်ရာ အနာတရဖြစ်နေတဲ့အချိန်မှာလည်း ခန္ဓာကိုယ်ကို ကြေးမချွတ်သင့်သေးပါဘူး။ အရေပြားကနေတဆင့် ပိုးဝင်သွားနိုင်ပါတယ်။

ခန္ဓာကိုယ် ကြေးချွတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ

man shower

အရင်ဦးဆုံး ပြုလုပ်ရမယ့် အဆင့်ကတော့ ပုံမှန်အတိုင်း ဆပ်ပြာတိုက်ကာ ရေချိုးပေးရမှာ ဖြစ်ပါတယ်။ မိမိအသုံးပြုနေကျ ဆပ်ပြာကို အသုံးပြုပြီး အရေပြားအပေါ်ယံလွှာက အညစ်အကြေးများကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။

ဒုတိအဆင့်အနေနဲ့ကတော့ ကိုယ်အသုံးပြုမယ့် Body Scrub ကို ရွေးချယ်ကာ ခန္ဓာကိုယ် အနှံ့ တိုက်ချွတ်ပေးလိုက်ပါ။ အထူးသဖြင့် တံတောင်ဆစ်နဲ့ ဒူးလို ညိုမဲတတ်တဲ့နေရာတွေကို ဦးစားပေးကာ တိုက်ချွတ်ပေးရပါမယ်။ ထို့နောက် မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးချပေးလိုက်ရုံပါပဲ။

ပြီးရင်တော့ သဘက်လေးနဲ့ အသားအရေကို ခြောက်သွားအောင် သုတ်ပေးလိုက်ရုံပါပဲ။ သဘက်ဖြင့် အကြမ်းပတမ်း ပွတ်တိုက်ခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။ ထို့နောက် အသားအရေကို ရေဓာတ် ပြန်လည် ဖြည့်တင်းပေးဖို့အတွက် ဘော်ဒီလိုးရှင်းတစ်မျိုးမျိုးကို လူးပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အသားအရေက မွေးကင်းစ ကလေးလေးရဲ့ အသားအရေလိုမျိုး နူးညံ့သွားမှာ အမှန်ပါပဲ။

ကွီးတို့ရော ကိုယ့်အသားအရေကို နူးညံ့သွားတာမျိုး မလိုချင်ဘူးလား။

Source: Kiehls

Featured Image: Freepik