ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ချစ်သူတွေအတွက် Plot Twists ကောင်းကောင်းနဲ့ ဇာတ်ရှိန်အတက်အကျအလိုက် ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် အကောင်းဆုံး သည်းထိတ်ရင်ဖို Thriller ဇာတ်လမ်းတွဲ တွေကို ညွှန်းပေးချင်ပါတယ်။ IMDB Ratings အမြင့်ဆုံး ရထားပြီး Netflix မှာ လူကြည့်များ ရေပန်းစားနေတဲ့ Series တွေပါ။ ရုပ်ရှင်ချစ်သူတွေအနေနဲ့ လုံးဝလက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ Thriller Series ကောင်းတွေ ဖြစ်ပါတယ်။

(၁) Mindhunter (2017-2019)

 

 

Source : Netflix

ကွင်းဆက် လူသတ်သမားတွေရဲ့ စိတ်နေသဘောထား ၊ စရိုက်လက္ခဏာတွေကို တော်ရုံလူတစ်ယောက် နားလည်ဖို့ မလွယ်ပါဘူး။ FBI စုံထောက် Holden Ford နဲ့ Bill Tench တို့ကတော့ ဒီလို နားလည်ရဲ့ရခက်တဲ့ ကွင်းဆက် လူသတ်သမားတွေရဲ့အမှောင်ခြမ်းက စိတ်ဝိညာဉ်တွေအကြောင်းကို စူးစမ်းလေ့လာပြီး လူသတ်သမားတွေကို ဖမ်းဆီးဖို့ ကြိုးပမ်းကြသူတွေပါ။ ကွင်းဆက်လူသတ်သမားတွေနဲ့ စုံထောက်ကြီးတွေကြားက အားပြိုင်မှုကို ရင်တထိတ်ထိတ် ကြည့်ရှု့ရမယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲ ကောင်းတစ်ခု ဖြစ်ပါတယ်။ IMDb Rating: 8.6/10 ရရှိထားပါတယ်။

(၂) Flower of Evil (2020)

Source : CJ ENM Global

ကိုရီးယား သည်းထိတ်ရင်ဖို မှုခင်း ဇာတ်လမ်းတွဲ တွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်းနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားပါ။ စုံထောက် Cha Ji-won တစ်ယောက် လျှို့ဝှက်ဆန်းကြယ်တဲ့ လူသေဆုံးမှုတွေ ၊ ဖုံးကွယ်ထားတဲ့ အလိမ်အညာတွေ ၊ လျို့ဝှက်နက်နဲတဲ့ ရှုပ်ထွေးမှုတွေနဲ့ စိတ္တဇလူသတ်သမား အမှုကို ဖော်ထုတ်ဖို့ ကြိုးစားရင်း ထင်မှတ်မထားတဲ့ ဆန်းကြယ်မှုတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ ခင်ပွန်းဖြစ်သူ Baek Hee-sung ကရော သူမအပေါ် ဘာတွေ ဖုံးကွယ်ထားလဲ ၊ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလဲ ? Flower of Evil ဇာတ်လမ်းတွဲပဲ ရုပ်ရှင်ချစ်သူတွေကိုယ်တိုင် အဖြေရှာကြည့်လိုက်ပါ။ IMDb Rating: 8.5/10 ရရှိထားပါတယ်။

(၃) Ozark (2017-2022)

Source : Netflix

အန္တရာယ်အရှိဆုံး မူးယစ်ဂိုဏ်းတွေ ၊ တရားမဝင်ငွေမည်းတွေ ၊ ပိုက်ဆံအတွက် ရက်စက်တဲ့ သတ်ဖြတ်မှုတွေနဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ ငွေကြေးပညာရှင် ၊ မူးယစ်ဂိုဏ်းခေါင်းဆောင်နဲ့ FBI အေးဂျင့်တွေ ကြားက အသက်ချင်း လောင်းကြေးထပ် ၊ ဦးနှောက်ချင်း စီးချင်းထိုးတဲ့ ကစားပွဲတွေကို ရင်တထိတ်ထိတ် သည်းတဖိုဖို ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဒရာမာ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ IMDb Rating: 8.5/10 ရရှိထားပါတယ်။

(၄) Bodyguard (2018-2024)

Source : Netflix

အကြမ်းဆုံး ပစ်ခတ်သတ်ဖြတ်ခန်းတွေနဲ့ သည်းထိတ်ရင်ဖို Thriller ဆန်ဆန် ကြည့်ရမယ့် အက်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အစိုးရထိပ်တန်း ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး လှည့်ကွက်တွေနဲ့ အစွန်းရောက် စစ်သွေးကြွ ကြားက ရှုပ်ထွေးတဲ့ အားပြိုင်မှုတွေကို ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်။ IMDb Rating: 8/10 ရရှိထားပါတယ်။

(၅) How to Get Away With Murder (2014-2020)

Source : Still Watching Netflix

မှုခင်းရေးရာ အခင်းအကျင်းတွေကို စိတ်ဝင်စားတယ် ဆိုရင်တော့ How to Get Away With Murder ဇာတ်ကားက သေချာပေါက် ကြည့်သင့်တဲ့ Series တစ်ခုပါ။ ရှုပ်ထွေးပွေလီတဲ့ သေမှုသေခင်း ဖြစ်ရပ်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဥပဒေ အကြောင်းအရာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့် သည်းထိတ်ရင်ဖို ၊ ဒရမ်မာ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ IMDb Rating: 8.1/10 ရရှိထားပါတယ်။

Source : magicpin

Featured Photo : Medium