ကျွန်တော်တို့ လူသားတွေအတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်းရှိဖို့က အရမ်းကိုအရေးကြီးပါတယ်။ ကောင်းမွန်ပြည့်စုံတဲ့ အိပ်စက်ခြင်း အလေ့အကျင့်တစ်ခုကို မွေးမြူထားခြင်းဟာ အာရုံစူးစိုက်မှုကို တိုးတက်စေရုံမက ခန္ဓာကိုယ်ကိုလည်း ပြန်လည်ခွန်အားပြည့်ဝစေပြီး အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးခြင်းတွေအထိ ဖြစ်နိုင်ချေအားလုံးကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အိပ်တိုင်းကောင်းသလားမေးရင်တော့ အဖြေကတော့ နိုးလို့ပြောရပါမယ်။ အိပ်ချိန်နည်းတာဟာ ကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်လာစေနိုင်သလို ဆန့်ကျင်ဘက်အနေနဲ့ ပုံမှန်လိုအပ်တဲ့ အိပ်စက်ချိန်ထက်ပိုပြီး အိပ်ချိန်များများ အိပ်စက်ခြင်းဟာလည်း ကွီးတို့အတွက် ထင်မှတ်မထားလောက်တဲ့ ဆိုးကျိုးတွေ များစွာကို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အိပ် ချိန်လွန်ကဲစွာ အိပ်စက်လေ့ရှိတဲ့ အိပ်ရာနဲ့ Rs ချိတ်ထားသူတွေ သိထားသင့်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို မျှဝေပေးချင်ပါတယ်။
(၁) နှလုံးရောဂါဖြစ်နိုင်ချေ ပိုများတယ်
Photo : PIE Magazine
နှလုံးရောဂါဟာ အမေရိကန်နိုင်ငံမှာ သေဆုံးမှုအများဆုံး နံပါတ်တစ် အကြောင်းအရင်း ဖြစ်နေပါတယ်။ တကယ်တော့ ကွီးတို့သတိမထားမိတဲ့ အိပ်ချိန်များတာနဲ့ နှလုံးရောဂါဟာ ဆက်စပ်နေတာပါ။ လေ့လာမှုတွေအရ တစ်ညကို ၈ နာရီထက်ပိုပြီး အိပ် စက်ခြင်းဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ချေကို ၃၄ ရာခိုင်နှုန်း တိုးလာစေတယ်လို့ ဆိုပါတယ်။
(၂) ကိုယ်အလေးချိန်မှာ ပြဿနာရှိနိုင်တယ်
Photo : The Toronto Star
အိပ်ရေးပျက်တာ ၊ အိပ်ချိန်နည်းသူတွေဟာ အဝလွန်ခြင်း ပြဿနာတွေ အများဆုံးကြုံရလေ့ရှိသလို အလွန်အကျွံ အိပ်စက်ခြင်းကလည်း အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အိပ် ချိန်ပိုများလေ ကိုယ်လက်လှုပ်ရှားမှုနည်းလေဖြစ်ပြီး ကယ်လိုရီလောင်ကျွမ်းမှု မရှိသလောက်နည်းပါးစေတဲ့အတွက် မကျန်းမာတဲ့ ကိုယ်အလေးချိန်တက်လာခြင်း ၊ အဝလွန်ခြင်းတွေကို ဖြစ်စေတာ ဖြစ်ပါတယ်။
(၃) ဆီးချိုရောဂါ ဖြစ်နိုင်တယ်
Photo : Healthline
အလွန်အကျွံ အိပ်စက်ခြင်းဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပါတယ်။ ဒါဟာ အိပ် ချိန်နည်းပါးတာ ၊ အိပ်ရေးပျက်တာနဲ့ အတူတူပါပဲ။ အကျိုးဆက် အနေနဲ့ကတော့ သွေးတွင်းဂလူးကို့စ် မြင့်မားမှုက အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို တိုးစေပါတယ်။ အလားတူ အထိုင်များတာ ၊ အဝလွန်တာတွေဟာလည်း ဆီးချိုရောဂါဖြစ်ပွားဖို့ အားပေးနေတဲ့ အလေ့အကျင့်ဆိုးတွေပဲ ဖြစ်ပါတယ်။
(၄) ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းစေတယ်
Photo : Harvard Health
အာရုံစူးစိုက်မရတာ ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အခက်အခဲဖြစ်လာတာ ၊ မေ့လျော့တဲ့ ပြဿနာတွေဟာ အိပ် စက်ချိန်နဲ့ အများကြီး ဆက်စပ်နေပါတယ်။ American Geriatrics Society ဂျာနယ်ရဲ့ သုတေသနပြုချက်တွေအရတော့ အလွန်အကျွံအိပ်စက်ခြင်းဟာ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေမှာ ပြဿနာရှိလာနိုင်ပြီး စိတ်မကြည်တာ ၊ မလန်းဆန်းတာတွေအပြင် ဦးနှောက်ရဲ့လုပ်ဆောင်ချက် စွမ်းရည်တွေကိုပါ ကျဆင်းလာစေတယ်လို့ ဆိုထားပါတယ်။
(၅) စောစောသေဆုံးနိုင်ချေရှိတယ်
Photo : Medium
အချိန်ကြာကြာ အိပ်စက်သူတွေဟာ အရွယ်မတိုင်မီ သေဆုံးနိုင်ချေ အန္တရာယ်နဲ့ ပိုမိုရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ အလွန်အကျွံအိပ်တာ သို့မဟုတ် အိပ်ချိန်နည်းလွန်းတာဟာ ဆီးချိုရောဂါနဲ့နှလုံးရောဂါတို့လို အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါပြဿနာတွေနဲ့ ဆက်စပ်နေတာကြောင့် အရွယ်မတိုင်ခင်မှာ စောစောစီးစီးသေဆုံးနိုင်ချေ ပိုများတာပဲဖြစ်ပါတယ်။
အကောင်းဆုံးကတော့ တစ်ရက်ကို ၇ နာရီကနေ ၈ နာရီကြား ပြည့်စုံလုံလောက်အောင် အိပ်စက်ဖို့ပါပဲ။ အိပ် ချိန်နည်းတာကလည်းမကောင်းသလို အိပ်ချိန်များလွန်းတာကလည်း ပြဿနာရှိတာကြောင့် ကွီးတို့ဘော်ဒါတွေထဲမှာ အလွန်အကျွံ အိပ်လေ့ရှိတဲ့ ဖရန့်တွေရှိရင် မန့်ရှင်းခေါ်ပြီး သတိပေးလိုက်ပါဦးနော်။
Featured Photo : Men’s Health