မီးအလင်းရောင်သည် ကွီးတို့ရဲ့ အိမ်ခန်း၊ ဧည့်ခန်း (သို့) အိပ်ခန်းကို ပိုပြီး လှပအောင် ကူညီပေးနိုင်သလို မျက်စိရှုပ်ပြီး အမြင်မလှအောင်လည်း ဖြစ်သွားစေပါတယ်။ တစ်ခါတရံမှာ ကွီးတို့ ရွေးချယ်တဲ့ မီးအလင်းရောင်က မမှန်ကန်တဲ့အခါ ကွီးတို့ ညဘက် အိပ်တဲ့အချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မော မကျစေဘဲ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ တကယ်လို့သာ ကွီးတို့ရဲ့ အိပ်ခန်း ကို အခုဖော်ပြပေးမယ့် နည်းလမ်းနဲ့ အလှဆင်ထားမယ်ဆိုရင်တော့ နှစ်ခြိုက် စွာ အိပ်မော ကျသွားမှာ အမှန်ပါပဲ။

ပြုလုပ်နည်းကလည်း အလွယ်လေးပါပဲ။ ပစ္စည်းများကိုလည်း အလွယ်တကူ ရှာဝယ်နိုင်တာကြောင့် ကွီးတို့အတွက် အဆင်ပြေမှာပါ။

လိုအပ်သော ပစ္စည်းများ

DIY lamp

အဓိက လိုအပ်တာကတော့ မီးပလပ်ခေါင်းနဲ့ တိုက်ရိုက် အသုံးပြုနိုင်တဲ့ မီးလုံး အသေးတစ်လုံး၊ ပလာယာ၊ ဝါယာကြိုးခွေ တို့ပါပဲ။ နောက်ထပ် အခြားသော လိုအပ်တဲ့ ပစ္စည်းများကတော့ ခရုခွံ (သို့) ဓာတ်ပုံ (သို့) ပန်းခြောက်နှင့် စာအိတ်အပါး တစ်လုံး၊ အလှကတ် တစ်ခုခု (သို့) ကွီးတို့ ကြိုက်နှစ်သက်ရာ တစ်ခုခုပါ။ ထိုပစ္စည်းများကတော့ မီးရဲ့ အလင်းရောင်ကို ကာထားပြီး တစ်ဖက်မှာ မြင်ရတဲ့အခါလည်း လှပနေစေဖို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်ရမယ့် နည်းအဆင့်ဆင့်

DIY lamp

အဆင့် (၁) အနေနဲ့ အရင်ဦးဆုံး ပစ္စည်းများကို ရယ်ဒီပြင်ထားပါ။​ မီးလုံးကိုတော့ ဝက်ပ် နည်းတာ ရွေးချယ်လေလေ ကောင်းလေပါပဲ။​ ပြီးတော့ မီးအရောင် အဖြူရောင်ထက်စာရင် Warm Tone ဘက် သွားတဲ့ အဝါရောင်သမ်းတဲ့ မီးလုံးအရောင်များကို ရွေးချယ်ပါ။ ညအိပ်ချိန်အတွက်ဆို ထိုမီးလုံးအရောင်များက အဖြူရောင်ထက် ပိုကောင်းပါတယ်။

DIY lamp

အဆင့် (၂) မီးလုံးရဲ့ အောက်ခြေကို ဝါယာကြိုးခွေနဲ့ ဟိုဘက် ဒီဘက် ပတ်ထားလိုက်ပါ။

DIY lamp

အဆင့် (၃) ထို့နောက် ပုံတွင် ပြထားတဲ့အတိုင်း ပလာယာနဲ့ လိမ်ပေးလိုက်ပါမယ်။

DIY lamp

အဆင့် (၄) ပလာယာနဲ့ လိမ်တဲ့အခါမှာ အခုလိုလေး ကတ္ထူစက္ကူတစ်ခုခုကို ကြားထဲမှာ ညှပ်ထားနိုင်လောက်တဲ့ အနေအထားအတိုင်း နေရာလွတ်တစ်ခု ချန်ထားပေးလိုက်ပါ။

DIY lamp

အချောသတ်အနေနဲ့ အခုလို ပုံလေး ထွက်လာပါလိမ့်မယ်။ လက် မရှဖို့အတွက် ပိုနေတဲ့ ဝါယာကြိုးများကိုလည်း သေချာ ဖြတ်တောက်ထားဖို့  လိုအပ်ပါလိမ့်မယ်။

DIY lamp

အဆင့် (၅) ထို့နောက် စောစောက နေရာလွတ် ချန်ထားတဲ့ နေရာမှာ ကွီးတို့ ညှပ်ထားချင်တဲ့ ပစ္စည်း တစ်ခုခုကို အစမ်းညှပ်ကြည့်လိုက်ပါ။ အချောင် အကြပ်ကိုတော့ ကွီးတို့ ပြန်လည် ချိန်ညှိပေးနိုင်ပါတယ်။

အိပ်ခန်း နှစ်ခြိုက် အိပ်မော

အဆင့် (၆) နောက်ဆုံးမှာတော့ နံရံရဲ့ ပလပ်ပေါက်မှာ မီးလုံးရဲ့ ပလပ်ခေါင်းလေးကို တပ်လိုက်ကာ အခုလိုမျိုး ဖွင့်ကြည့်လိုက်ပါ။

အိပ်ခန်း နှစ်ခြိုက် အိပ်မော

ရိုးရိုးက္ထူစက္ကူက မလှဘူးဆိုရင်တော့ စက္ကူကို ရေဆေးနဲ့ သေချာ ရောင်ခြယ်ပြီးတော့ ကြယ်ပုံလေးတွေ မိမိကြိုက်နှစ်သက်တဲ့ ပုံသဏ္ဍာန် အပေါက် ဖောက်ကာ စောစောက နေရာလွတ်မှာ ညှပ်ထားနိုင်ပါတယ်။

အိပ်ခန်း နှစ်ခြိုက် အိပ်မော

ညဘက်မှာဆိုရင် အခန်းရဲ့ အဓိက မီးလုံးကြီးကို ပိတ်ထားပြီး ဒီမီးတစ်ခုတည်းနဲ့တင် အခန်းက အာကာသထဲ ရောက်သွားသလား အောက်မေ့ရမှာပါ။

အိပ်ခန်း နှစ်ခြိုက် အိပ်မော အိပ်ခန်း နှစ်ခြိုက် အိပ်မော

ဒါမှမဟုတ်လည်း စာအိတ် အပါးထဲ ပန်းပွင့်ခြောက်လေးတွေ ထည့်ထားကာ အလှဆင်နိုင်ပါသေးတယ်။

အိပ်ခန်း နှစ်ခြိုက် အိပ်မော

ခရုခွံများနဲ့လည်း အခုလိုမျိုး ကာထားပြီး အလှဆင်နိုင်ပါသေးတယ်။

အိပ်ခန်း နှစ်ခြိုက် အိပ်မော

အဲ့ဒါတွေကိုမှ မကြိုက်သေးဘူးဆိုရင်လည်း ဓာတ်ပုံများနဲ့ အလှဆင်ထားနိုင် ပါသေးတယ်။ ကြောက်တတ်တဲ့ ကွီးတို့ကတော့ ဓာတ်ပုံကို အသုံးမပြုဖို့တော့ အကြံပေးချင်ပါတယ်။ တော်ကြာနေ ညအမှောင်မှာ ဓာတ်ပုံကြောင့် စိတ်ခြောက်ခြားပြီး ပိုအိပ်မပျော် ဖြစ်နေပါဦးမယ်ဗျာ။

ကွီးတို့ရော ကွီးတို့ရဲ့ အိပ်ခန်း ကို ဘယ်လို မီးရောင်များနဲ့ အလှဆင်ထားပြီး နှစ်ခြိုက် စွာ အိပ်မော ကျအောင် ဖန်တီးလေ့ ရှိပါသလဲ။

Source: Makeuseof

Featured Image: YouTube