ဒီနေ့ခေတ်မှာ ကောင်းမွန်စွာ မအိပ်စက်နိုင်တာ၊ အိပ်ချိန်လုံလုံလောက်လောက် မရှိတာက လူ‌တော်တော်များများအတွက် ကျန်းမာရေးပြဿနာကြီး တစ်ခုလို ဖြစ်လာပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တာ၊ လှုမှုရေး၊ ကျန်းမာရေးစတဲ့ ပြဿနာတွေအမျိုးမျိုးကြောင့် အိပ်မပျော်တာရှိသလို ညနက်တဲ့အထိ ဖုန်းကြည့်တာ စတာတွေကြောင့် အိပ်ရေးမဝတာလည်း ဖြစ်နိုင်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက စိတ်ရောကိုယ်ပါ လန်းဆန်းစေကာ အလုံးစုံသော ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အိပ်ပျက်ညတွေ များလာရင်တော့ ကွီးတို့ ခန္ဓာကိုယ်မှာ ဒီလို ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

ဖျားနာလွယ်လာပါလိမ့်မယ်

အိပ်ပျက်ညတွေ များလာရင်တော့

Photo : A.Vogel

အိပ်ရေးပျက်တာများလာရင် ကွီးတို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဖျားနာရန် ပိုမိုလွယ်ကူစေတယ်လို့ သုတေသီတွေက အိပ်စက်ခြင်းနှင့် ကိုယ်ခံအားစနစ်ကြား အပြန်အလှန် ဆက်စပ်မှုကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဖျားနာပြီး ကောင်းကောင်းမအိပ်ရတဲ့အတွက် ပြင်ပက ဝင်ရောက်လာတဲ့ ပိုးမွှားတွေကို တွန်းလှန်နိုင်ဖို့အချိန် ပိုလိုအပ်ပြီး ဖျားနာမှုလည်း တာရှည်နိုင်ပါတယ်။

ကိုယ်အလေးချိန်တတ်လာပြီး အဝလွန်လာပါလိမ့်မယ်

အိပ်ပျက်ညတွေ များလာရင်တော့

Photo : Daily Express

အလွန်အကျွံစားမိတာ၊ လေ့ကျင့်ခန်းမလုပ်တာနဲ့တွဲပြီး အိပ်‌ရေးပျက်လာမယ်ဆိုရင် ကွီးတို့အနေနဲ့ အဝလွန်တဲ့ အန္တရာယ်ကို ကြုံတွေ့ရနိုင်ပါတယ်။  အိပ်စက်ခြင်းက ဆာလောင်ခြင်းနဲ့ ပြည့်ဝခြင်းဆိုတဲ့ ခံစားမှုကို ထိန်းချုပ်ပေးတဲ့ Leptin နဲ့  Ghrelin ဟော်မုန်းတွေကို အကျိုးသက်ရောက်စေပါတယ်။ လေ့လာမှုတစ်ခု က  အသက်(၂၀)နှစ်အထက် အရွယ်ရောက်ပြီးသူ (၂၁,၄၆၉) ဦးတွင် အိပ်စက်ခြင်းနှင့် ကိုယ်အလေး ချိန်ကြား ဆက်စပ်မှုကို ဆန်းစစ်ခဲ့ပါတယ်။ သုံးနှစ်တာ ကာလအတွင်း တစ်ညလျှင် (၅)နာရီထက် နည်းသော အိပ်သူများက ကိုယ်အလေးချိန် တက်လာပြီး နောက်ဆုံးတွင် အဝလွန်နိုင်ခြေ ပိုများလာတာကို တွေ့ရပါတယ်။

တွေးခေါ်မှု လျော့နည်းလာမယ်

အိပ်ပျက်ညတွေ များလာရင်တော့

Photo : Wired UK

တစ်ညတာ အိပ်ရေးပျက်လျှင်တောင်မှ တွေးခေါ်မှု ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ အသိသာဆုံးကတော့ ကျွန်တော်တို့ဟာ အိပ်ရေးမဝလျှင် လေးလံထိုင်းမှိုင်းသပြီး ခေါင်းမကြည်ဖြစ်ကာ ကောင်းကောင်းမတွေးခေါ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရေးမဝခြင်းက မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်ချခြင်း၊ ဆင်ခြင်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း အပါအဝင် ဦးနှောက်လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။ ဒါအပြင် အိပ်ရေးပျက်ခြင်းက ကျွန်တော်တို့ မှတ်ဉာဏ်အပေါ်မှာ သက်ရောက်ပြီး မေ့လျော့မှုကို ဖြစ်စေနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့ကျစေပါတယ်

Photo : Verywell Mind

အိပ်ပျက်ညတွေ များလာတဲ့အခါ မိတ်ဆွေတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကောင်းမွန်သော အိပ်စက်အနားယူခြင်း မရှိတာက လိင်အင်္ဂါလုပ်ဆောင်မှုကို ထိခိုက်စေပြီး လိင်အင်္ဂါချို့ယွင်းမှုနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ ၅ နာရီ သို့မဟုတ် ထို့ထက်နည်းသော အိပ်စက်ခြင်းက လိင်ဟော်မုန်းအဆင့်ကို ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါတယ်။

နှလုံးကျန်းမာရေး ထိခိုက်လာနိုင်တယ်

Photo : Sharp HealthCare

အိပ်ရေးမဝတာ၊ အိပ်ချိန်က တစ်ညလျှင် ၅ နာရီထက် အိပ်ချိန်နည်းတာက နှလုံးကျန်းမာရေးအပေါ် ဆိုးဝါးစွာ အပျက်သဘော သက်ရောက်မှုနည်းပါတယ်။ အထူးသဖြင့် ကာလရှည် အိပ်ချိန်နည်းတာက နှလုံးသွေးကြောကျဉ်းရောဂါ ဒါမှမဟုတ် လေဖြတ်နိုင်ခြေ ပိုများပါတယ်လို့ ဆိုထားပါတယ်။

ဆီးချို ဖြစ်လာနိုင်ခြေကို တိုးစေပါတယ်

Photo : Male Family

အိပ်‌ရေးပျက်တာ များလာတဲ့အခါ ကိုယ်အလေးချိန်တိုးလာခြင်းနဲ့ ဆီးချိုဖြစ်နိုင်ခြေ ပိုများလာပါတယ်။ လေ့လာမှုတစ်ခုအရ နေ့စဉ် ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်အနားယူတာက ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အင်ဆူလင်ပြဿနာတွေကို ရှောင်ရှားဖို့ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။

ကွီးတို့ရေ အိပ်ပျက်ညတွေ များလာရင်တော့ ခန္ဓာကိုယ်မှာ ဒီလို ကျန်းမာရေးထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်ခြေတိုးတာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် မှတ်ဉာဏ်ဆုံးရှုံးတာ၊ အသားအရေကို ထိခိုက်စေတာ စတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အလုံးစုံသော ကျန်းမာရေးအတွက် တစ်နေ့လျှင် အိပ်စက်အနားယူချိန် ၇ နာရီကနေ ၈ နာရီခန့်ရှိသင့်ပါတယ်။

Source : Healthline

Featured Photo : News Jerseys