Oral Sex ဟာ လိင်မှုဆိုင်ရာ လှုပ်ရှားမှု တစ်ခုထက်ကို ပိုပါတယ်။ ပါးစပ် နဲ့ ချစ်တင်းနှောခြင်းက ကွီးနဲ့ ကွီးတို့ ပါတနာကြားက ပျော်ရွှင်ဖွယ်ဆက်ဆံရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အံ့သြစရာကောင်းတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
Photo : Medical News Today
စုံတွဲအများစုကတော့ ပါးစပ် နဲ့ ချစ်တင်းနှောခြင်းကို အတူမနေခင် ကြိုတင်နှိုးဆွမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ ၊ ချစ်ခင်ရင်းနှီးမှုကို ဖော်ပြတဲ့ ပြရုဒ်တစ်ခုအနေနဲ့ ဖြစ်စေ လုပ်ဆောင်ကြပါတယ်။ Oral Sex ဟာ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို ရရှိစေတဲ့အပြင် အချို့သုတေသနပြုချက်တွေအရ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း ၊ ပိုမိုကောင်းမွန်တဲ့ အိပ်စက်မှုကို ရရှိခြင်း ၊ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်တဲ့ အကျိုးသက်ရောက်မှုရှိခြင်း စတဲ့ ကောင်းကျိုးတွေ ရနိုင်တယ်လို့ ဆိုထားပါတယ်။
ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းက အမှန်တကယ်ပဲ အိပ်စက်ခြင်းကို ကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါသလား ?
Photo : The Sun
သုတေသန များစွာကတော့ Oral Sex နဲ့ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တို့ကြား ဆက်စပ်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။ Cell Journal မှာ ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုအရ သုတ်ရည်မှာ ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေဖို့ ကူညီပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Melatonin ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ ဆက်ဆံပေးသူရော ၊ ဆက်ဆံခံရသူ ကိုယ်တိုင်ကပါ စိတ်ဖိစီးမှုတွေ လျော့ကျပြီး စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ကောင်းစေတယ်လို့ ပြောထားပါတယ်။
အကြောင်းကတော့ ပါးစပ် နဲ့ ဆက်ဆံနေစဉ်အတွင်းမှာ စိတ်ခံစားချက်ကို အားကောင်းစေတဲ့ Oxytocin နဲ့ Endorphin ကဲ့သို့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပေးတာကြောင့် ဖြစ်ပါတယ်။ စိတ်ခံစားချက်တွေ ကောင်းမွန်ပြီး စိတ်ဖိစီးမှု နည်းပါးတာဟာ ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် ပါးစပ်နဲ့ ချစ်တင်းနှောတာဟာ အိပ်စက်မှုစက်ဝန်းကို ကောင်းမွန်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေဖို့အတွက် သွယ်ဝိုက်သောနည်းနဲ့ အထောက်အကူပြုနေတဲ့ သဘာဝနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း အပါအဝင် ပုံမှန်လိင်ဆက်ဆံမှုဟာ ကိုယ်ခံအားကို မြှင့်တင်နိုင်သလို နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကို တိုးပွားစေနိုင်တဲ့ ကောင်းကျိုးတွေ ရှိပါတယ်။
Source : Healthshots
Featured Photo : Men’s Journal